နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၃/၈/၂၀၂၂)

ဩဂုတ်လ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကော့စတစ် ခေါ်ယူဖို့ ခက်ခဲနေလို့ ကောနတ်ကို ပြောင်းလဲ ကြိုးပမ်းဖွယ်ရှိနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ တောင်ပံ ကစားသမား ဖိလစ် ကော့စတစ်ကို ခေါ်ယူဖို့ တဖြည်းဖြည်း မျှော်လင့်ချက် နည်းလာခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဒီကစားသမားအတွက် ဝက်စ်ဟမ်းရဲ့ ပထမအကြိမ် ချဥ်းကပ်မှုကို ဖရန့်ဖတ်က ပယ်ချထားခဲ့ပြီး ဒုတိယအကြိမ် ကမ်းလှမ်းဖို့ အတွက်လည်း နှစ်သင်းကြား သဘောတူညီမှု မရတာကြောင့် ဝက်စ်ဟမ်းတို့ တခြား ကစားသမားတွေကို ထပ်မံ ရှာဖွေနေရပြီလို့တောင် သိရပါတယ်။

Daily Mail မှာတော့ ဝက်စ်ဟမ်းတို့ တန်းဆင်းသွားတဲ့ ဘန်လေရဲ့ တောင်ပံ ကစားသမား မက်စ်ဝဲလ် ကောနတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။ အသက် ၂၉ နှစ် အရွယ် အိုင်ဗရီကို့စ် တောင်ပံ ကစားသမား ကတော့ ဘန်လေနဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၇.၅ သန်း ရှိပြီး ဘန်လေ ကတော့ ပေါင် ၂၅ သန်းလောက် ရမှပဲ လက်လွှတ်လောက်မယ့် သဘော ရှိပါတယ်။

တစ်ဆက်တည်းမှာပဲ ဝက်စ်ဟမ်းတို့ ဘယ်နောက်ခံလူ အာသာ မာဆူအာကူကို ဘက်ဆစ်တပ်စ်ဆီ အငှားချပြီးနောက် လိုက်ပ်ဇစ် ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုကို ခေါ်ယူဖို့ အသင်းကြီးတွေနဲ့ အပြိုင် ကြိုးပမ်းမယ်လို့လည်း သတင်းထွက်နေပါတယ်။ လန်ဒန် အခြေစိုက် ကလပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ဆကမ်မက်ကာ၊ ဖလင်း ဒေါင်းနက်စ်၊ နာအစ်ဖ် အဂူရက်ဒ် တို့ကို ခေါ်ယူထားခဲ့ပါတယ်။


ဘွန်ဒက်စ်လီဂါမှာ ကစားဖို့က သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်လို့ ဆိုတဲ့ မာနေး

ဘွန်ဒက်စ်လီဂါမှာ ကစားဖို့က ကျနော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘေယန်မြူးနစ်ကို ရောက်ကာစမှာပဲ ဂျာမန် စူပါဖလား ရရှိထားခဲ့တဲ့ ဆာဒီယို မာနေး

ဘေယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေး ကတော့ ဂျာမန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးသွားဖို့ ပစ်မှတ်ထားနေကြောင်းနဲ့ ဘွန်ဒက်စ်လီဂါမှာ ကစားဖို့ ဆုံးဖြတ်ခဲ့တာက သူ့အတွက် ကြီးကျယ် ခမ်းနားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

မာနေးဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ကို ယူရို ၃၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ မာနေးက “ဘေယန်မြူးနစ်မှာ အသားကျဖို့က ကျွန်တော့် အတွက် လွယ်ကူခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ကျွန်တော့် အတွက် အရာရာကို လွယ်ကူအောင် ကူညီပေးခဲ့ကြလို့ပါ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး မာနေးက “ဘေယန်မြူးနစ် ကစားသမား ဖြစ်ရတာ၊ အသင်းနဲ့ ဆုဖလား ရယူခဲ့ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ နောက်ထပ် ဆုဖလားတွေ ထပ်မံ ဆွတ်ခူးနိုင်ဖို့လည်း တကယ် မျှော်လင့်ထားပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ကစားဖို့က ကျနော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဘိုင်ယန်မြူးနစ် @ 1.42
ဂိုးပေါ် 3.50 @ 1.96
ဂိုးပေါင်း 2-3 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကမ္ဘာ့ဖလား ကနေ ရမယ့် ငွေကြေး အားလုံးကို လှူဒါန်းသွားမယ့် ဒေးဗီးစ်

ဘေယန်မြူးနစ် အသင်းရဲ့ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ် ကတော့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ဝင်ရောက် ယှဥ်ပြိုင်ရင်း ရရှိလာမယ့် ငွေကြေး အားလုံးကို လှူဒါန်းသွားမယ်လို့ ပြောကြားလာပါတယ်။

ဒေးဗီးစ်ရဲ့ မိဘနှစ်ပါးဟာ လိုက်ဘေးရီးယား စစ်ရှောင် ဒုက္ခသည်တွေ ဖြစ်ပြီး သူ့ကိုတော့ ဂါနာ နိုင်ငံက စစ်ဘးရှောင်စခန်း တစ်ခုမှာ မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့‌နောက် အသက် ၅ နှစ် အရွယ် ၂၀၀၅ ခုနှစ် မှာတော့ မိဘ နှစ်ပါးနဲ့ အတူ ကနေဒါ နိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပြီး ဒေးဗီးစ်ဟာ ကနေဒါ နိုင်ငံသား တစ်ယောက် ဖြစ်ခဲ့သလို ကနေဒါ လက်ရွေးစင် အသင်း အတွက် ကိုယ်စားပြု ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဘယ်နောက်ခံလူက “ကနေဒါနိုင်ငံက ကျွန်တော်နဲ့ ကျွန်တော့် မိသားစုကို ကြိုဆိုခဲ့ပြီး ပိုပြီး ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော့်ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ကနေဒါ လက်ရွေးစင် အတွက် ကစားခွင့်ရတာ ကလည်း ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခုပါ။ ဒီအတွက် ကျွန်တော် ပြန်လည် ပေးဆပ်ချင်ပါတယ်။” လို့ ဆိုပါတယ်။

“အဲ့ဒီတော့ ကျွန်တော့် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားရင်း ရရှိလာတဲ့ ငွေကြေးအားလုံးကို ပရဟိတ အဖွဲ့အစည်းတွေကို လှူဒါန်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်