ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့သေးတဲ့ ရော်နယ်ဒို၊ ဘေယန်မြူးနစ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို ပြန်လည် ရောက်ရှိလာတဲ့ မာနေး စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့သေးတဲ့ ရော်နယ်ဒို
မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းပြီး ဆော်ဒီအာရေဗျ ကလပ် အယ်လ်နာဆာကို ရောက်ရှိသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုက အသင်းသစ်ကို မရောက်ခင် ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် ချဲလ်ဆီးနဲ့ ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ် တို့က ရော်နယ်ဒို အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ခြင်း မရှိပါဘူး။
ဘေယန်မြူးနစ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို ပြန်လည် ရောက်ရှိလာတဲ့ မာနေး

မာနေး အနေနဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲမှာ ခြေသလုံး ဒဏ်ရာရရှိခဲ့တာကြောင့် ဆီနီဂေါနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆင်နွှဲခွင့် ဆုံးရှုံးခဲ့ရတာပါ။




စတုဂတ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ်ဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် အသင်းရဲ့ ကွင်းလယ်လူ နူရီ အာမာဒါကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
စတုဂတ်ဟာ အာမာဒါကို အငှားနဲ့ ခေါ်ယူထားပြီး လာမယ့် နွေရာသီမှ အပြီးသတ် ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.