နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင် တောင်ပံကစားသမားကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်၊ အီလန်ဂါ အတွက် အဲဗာတန်နဲ့ အပြိုင် ကြိုးစားနေတဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လေဗာကူဆင် တောင်ပံ ကစားသမားကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်၊ အီလန်ဂါ အတွက် အဲဗာတန်နဲ့ အပြိုင် ကြိုးစားနေတဲ့ ဒေါ့မန် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လေဗာကူဆင် တောင်ပံကစားသမားကို အာဆင်နယ် ပစ်မှတ်ထား

အာဆင်နယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ တောင်ပံကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့ ကနဦး ချဥ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ ရှက်တာဒိုးနတ် ကြယ်ပွင့် မူဒရစ်ခ်ကို ချဲလ်ဆီးထံ လက်လွှတ်ခဲ့ရပြီးနောက် အခုလိုပဲ လေဗာကူဆင် ကြယ်ပွင့်ကို ပစ်မှတ်ထား ပြောင်းလဲ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လေဗာကူဆင် ဘက်ကတော့ အသက် (၂၃) နှစ် အရွယ် အဆိုပါ ကစားသမားကို ရာသီဝက် ကာလမှာ ရောင်းချသွားဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီယာဘီ အတွက် လာမယ့် နွေရာသီ ပြောင်းရွှေ့ကြေး ကလည်း ယူရိုသန်း (၁၀၀) အထိ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။


ကိုကို,ကို ဒေါ့မန် ဆက်ထိန်းနိုင်ဖွယ် ရှိကြောင်း ရိုမာနို ပြောကြား

နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဒေါ့မန် အနေနဲ့ အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ယူဆိုဖာ မူကိုကို,ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ယုံကြည်ချက် အပြည့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

မူကိုကိုဟာ အသင်းရဲ့ စာချုပ်သစ်ကို ကမ်းလှမ်းထားပေမယ့် ဒေါ့မန် နောက်ဆုံး ကမ်းလှမ်းထားတဲ့ စာချုပ်သစ်က ကစားသမား အတွက် ဆွဲဆောင်မှု ရှိလွန်းနေကြောင်း ရိုမာနိုက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ကလပ်ဘက်က မူကိုကို,ကို ဆက်လက် ထိန်းသိမ်းထားဖို့ အကောင်းမြင်နေကြောင်း၊ ဘာစီလိုနာ၊ နယူးကာဆယ် တို့က စိတ်ဝင်စားနေပေမယ့် ဒေါ့မန် ဘက်က စာချုပ်သစ် ကမ်းလှမ်းထားကြောင်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 1.91
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် +0.50 @ 2.02
ဂိုးအောက် 2.25 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အီလန်ဂါ အတွက် အဲဗာတန်နဲ့ အပြိုင် ကြိုးစားနေတဲ့ ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ဟာ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် အန်တိုနီ အီလန်ဂါကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အဲဗာတန်နဲ့ အပြိုင် ကြိုးစားနေကြောင်း သိရပါတယ်။

အဆိုပါ ဆွီဒင် လူငယ် ကစားသမားဟာ လက်ရှိ ဆောင်းရာသီမှာ အငှားထွက် ကစားဖို့ လမ်းဖွင့်ထားပြီး ဒေါ့မန် ကလည်း အီလန်ဂါကို စိတ်ဝင်စားလာခဲ့တာပါ။

ဒါပေမယ့် အသက် (၂၀) အရွယ် အီလန်ဂါကို အငှားချ၊ မချဆိုတာ ကိုတော့ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ဘက်က မဆုံးဖြတ်ရသေးကြောင်း သိရှိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်