နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒဏ်ရာကြောင့် ရက်သတ္တပတ် ၂ ပတ် အနားယူရဖွယ် ရှိနေတဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဒေါ့မန်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် ၂ ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဟယ်ရီကိန်းက ပွဲချိန် ၃၃ မိနစ်မှာ ဒဏ်ရာရခဲ့ပြီး သောမတ်စ် မူလာနဲ့လည်း လူစားလဲခဲ့ရပါတယ်။

ဘေယန်မြူးနစ်ဟာ အဲဒီပွဲမှာ ဒေါ့မန်ကို နောက် ကနေ လိုက်ကစားခဲ့ရကာ ပွဲချိန် မိနစ် ၈၀ အရောက်မှ မူဆီအာလာက ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် သရေတစ်မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီက ဟယ်ရီကိန်းက ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဟယ်ရီကိန်း အနေနဲ့ တနင်္ဂနွေနေ့မှာ ဒဏ်ရာကို စစ်ဆေးမှုခံယူခဲ့ရာ မှာတော့ တံကောက်ကြော ကြွက်သား အနည်းငယ် စုတ်ပြဲ ဒဏ်ရာရသွားခဲ့ကြောင်း အဖြေပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ လက်ရှိ ရာသီ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၉ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးထားပါတယ်။
ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၁၉ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးထားတဲ့ ဟယ်ရီကိန်း

ဒါကြောင့် ဘေယန်မြူးနစ် ဘက်က ဟယ်ရီကိန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ အခုလိုပဲ ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။ ‘ဟယ်ရီကိန်းရဲ့ ညာဘက်ပေါင်မှာ ကြွက်သား အနည်းငယ် စုတ်ပြဲသွားခဲ့ကြောင်း၊ ဘေယန်မြူးနစ် ဆေးအဖွဲ့ရဲ့ စစ်ဆေးမှု အရ ဟယ်ရီကိန်း အနေနဲ့ အသင်း အတွက် အချိန်အတိုင်းအတာ တစ်ခု အထိ ကစားပေးနိုင်ဦးမှာ ဟုတ်ကြောင်း’ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အသင်း ဘက်က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့်လည်း ဟယ်ရီကိန်း တစ်ယောက် အချိန် ဘယ်လောက်ကြာကြာ အနားယူရမယ် ဆိုတာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဂျာမနီ သတင်းစာ Bild ကတော့ ဟယ်ရီကိန်း အနေနဲ့ ရက်သတ္တပတ် ၂ ပတ်ခန့်သာ အနားယူရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ လက်ရှိ ရာသီ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၉ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ ကမှ စပါး ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟယ်ရီကိန်းက သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ ၄၉ ပွဲ ကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရာသီက ဟယ်ရီကိန်း အနေနဲ့ ၄၅ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူနိုင်ခဲ့သလို ဒီရာသီ မှာလည်း ခြေစွမ်းပြကာ ဂိုးတွေ ဆက်လက် သွင်းယူနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဟယ်ရီကိန်းရဲ့ ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါ မှာ ၁၂ ပွဲ ကစား၊ ၉ ပွဲနိုင်၊ ၃ ပွဲ သရေ ရှုံးပွဲ လုံးဝ မရှိပဲ အမှတ်ပေးဇယား ထိပ်ကနေ ၄ မှတ်ဖြတ် ဦးဆောင်နေပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၅ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားတဲ့ ဘေယန်က အနည်းငယ် ရုန်းကန်နေရတယ်လို့ ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်