နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်းနဲ့ လီဝမ်ဒေါစကီးကို နှိုင်းယှဉ်လို့ မရဘူးလို့ ပြောလာတဲ့ ကင်မစ်ချ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ် ကတော့ လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ တိုက်စစ်မှူးဟောင်း လီဝမ်ဒေါစကီး တို့ဟာ နှိုင်းယှဉ်လို့ မရနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ကင်မစ်ချ်က ဟယ်ရီကိန်းနဲ့ လီဝမ်ဒေါစကီး တို့ဟာ ကစားဟန် မတူညီကြတာကြောင့် နှိင်းယှဉ်လို့ မရနိုင်တဲ့ ကစားသမားတွေ ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘာစီလိုနာမှာ ကစားနေတဲ့ ပိုလန် ဝါရင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ကလည်း လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် ဂိုးတွေ တောက်လျောက် သွင်းယူပြီး စံချိန်သစ် များစွာ တင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာ လီဝမ်ဒေါစကီး အနေနဲ့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး အဖြစ် ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပြီး ဟယ်ရီကိန်းနဲ့ ထိပ်တိုက် တွေ့ဆုံရတော့မှာလည်း ဖြစ်ပါတယ်။ ဒီအတွက် ကင်မစ်ချ်က “ဟယ်ရီကိန်းက အသင်းရဲ့ ကစားကွက်ထဲမှာ ပါဝင် ပတ်သက်ရတာကို သဘောကျတဲ့သူပါ။ သူက တစ်ခါတလေ ပေးပို့မှု များစွာ ကိုလည်း ပြုလုပ်တတ်ပါတယ်။ လီဝမ်ဒေါစကီး ကတော့ ဂိုးသွင်းဖို့ ကိုပဲ ပိုပြီး အာရုံစိုက်တတ်ပါတယ်။ နှစ်ဦးစလုံး ကတော့ သူတို့ရဲ့ အသင်းတွေကို သူတို့ရဲ့ ပုံစံနဲ့ သူတို့ အကူအညီ အများကြီး ပေးနေကြပါတယ်။ မတူညီတဲ့ ကစားပုံတွေကြောင့် သူတို့ကို တိုက်ရိုက် နှိင်းယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ကလည်း လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် ဂိုးတွေ တောက်လျောက် သွင်းယူပြီး စံချိန်သစ် များစွာ တင်နေသူ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာ

ဘေယန်မြူးနစ်ရဲ့ ၀ါရင့် တိုက်စစ်မှူး ဖြစ်တဲ့ သောမက်စ် မူလာ ကတော့ “လီဝမ်ဒေါစကီးက ကျွန်တော်နဲ့ အရှည်ကြာဆုံး တွဲကစားခဲ့ရတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ။ သူနဲ့ ကွင်းထဲမှာ ထူးခြားတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီဆက်ဆံရေးက ဗုဒ္ဓဟူးနေ့မှာ သက်ဆိုင်မှာ မဟုတ်ပါဘူး။ သူ့ကို ဘောလုံးနဲ့ ဖြတ်ကျော်ခွင့် မပေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

သောမက်စ် မူလာဟာ လီဝမ်ဒေါစကီးကို ဂိုး ဖန်တီးမှု ၆၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ အခုရာသီ ပြိုင်ပွဲစုံမှာ ၁၄ ဂိုး သွင်းယူကာ ခြေစွမ်းပြနေသလို၊ ဟယ်ရီကိန်း ကလည်း ပြိုင်ပွဲစုံမှာ ၁၃ ဂိုး သွင်းယူကာ ခြေစွမ်းပြနေကြပါတယ်။ ဒါကြောင့် ဘာစီလိုနာနဲ့ ဘေယန်မြူးနစ်တို့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ၎င်းတို့ နှစ်ဦး အဓိက အားပြိုင်ရမယ့် ပွဲ ဖြစ်လာဖို့ ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေသည်။ ဟယ်ရီကိန်းက လီဝမ်ဒေါစကီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားလျက်ရှိကြောင်း ဖွင့်ဟ ပြောဆိုထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်