နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အလွန်ဆို နေရာမှာ အစားထိုးဖို့ နည်းပြ ရှာဖွေနေတဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကတော့ အသင်း နည်းပြ ဇာဘီ အလွန်ဆိုနဲ့ လမ်းခွဲ ဖြစ်ခဲ့ရင်တော့ တက်သစ်စ နည်းပြ တစ်ဦးဦးနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ လေဗာကူဆင်က လက်ရှိ စတုဂတ် နည်းပြ ဆဘက်ရှန် ဟိုးနက်စ်၊ ဂျာမန် လက်ရွေးစင် အသင်း လက်ထောက် နည်းပြ ဆန်ဒရို ဗက်ဂ်နာနဲ့ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ တို့ထဲက တစ်ဦးဦးကို အစားထိုးဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

စတုဂတ်ရဲ့ နည်းပြ ဖြစ်သူ ဆဘက်ရှန် ဟိုးနက်စ် ကတော့ နာမည်ကျော် ဘောလုံးသမားဟောင်းနဲ့ လက်ရှိ ဘေယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ဝင် ဖြစ်တဲ့ အူလီ ဟိုးနက်စ်နဲ့ တူတော်စပ်သူလည်း ဖြစ်ပါတယ်။ ဆဘက်ရှန် ဟိုးနက်စ်ဟာ လက်ရှိမှာ အသက် အရွယ် အားဖြင့် ၄၂ နှစ်သာ ရှိနေသေးပေမယ့် စတုဂတ် အသင်းကို တိုးတက်မှုတွေ ရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။ ဟိုးနက်စ်က ပြီးခဲ့တဲ့ ရာသီက စတုဂတ်ကို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်စေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ စတုဂတ်ဟာ ဟိုးနက်စ် လက်ထက်မှာ ၆၂ ပွဲ ကစားထားပြီး ၃၆ ပွဲနိုင်၊ ၁၂ ပွဲ သရေ၊ ၁၄ ပွဲရှုံး ရလဒ် ရရှိထားပါတယ်။

ဆန်ဒရို ဗက်ဂ်နာ ကတော့ ဂျာမနီ လက်ရွေးစင် အသင်းမှာ လက်ရှိ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်နေပြီး ဂျာမန် ဘောလုံးလောကရဲ့ တိုးတက်မှု အရှိဆုံး နည်းပြတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်ကို ကိုင်တွယ်နေတဲ့ စပိန် လူမျိုး နည်းပြ အိုင်ရာအိုလာ ကလည်း လက်ရှိ အသင်းကို အဆင့်အတန်း တစ်ခု ရောက်အောင် စွဲတင်ပေးထားသူ ဖြစ်ပြီး သူရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကြောင့် ထင်ရှားလာသူလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အလွန်ဆို ကတော့ လာမယ့်နှစ် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ လမ်းခွဲသွားဖွယ် ရှိနေကြောင်း ဂျာမန်မီဒီယာ Sky Germany က ဖော်ပြထားပါတယ်။
လာမယ့်နှစ် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ လမ်းခွဲသွားဖွယ် ရှိနေတဲ့ အလွန်ဆို

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဇာဘီ အလွန်ဆို ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး တို့က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပိန် လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ ၄၂ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး လေဗာကူဆင်ကို ၂၀၂၂ ခုနှစ်မှာ စတင် တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံး ရာသီမှာ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အလွန်ဆိုက လေဗာကူဆင်နဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆို ကတော့ လာမယ့်နှစ် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ လမ်းခွဲသွားဖွယ် ရှိနေကြောင်း ဂျာမန်မီဒီယာ Sky Germany က ဖော်ပြထားပါတယ်။

အလွန်ဆို ကတော့ ကစားသမား ဘဝတုန်းက ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့ပြီး အန်ဆယ်လော့တီ လက်အောက် ၂၀၁၄ ခုနှစ်ရဲ့ ချန်ပီယံလိဂ်ဖလားလည်း ကိုင်မြှောက်ခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်