နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါဗက်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်နဲ့ ဘာဆာ၊ ဟော်လာ ပြန်ကစားနိုင်တာ မြင်ရတာ ကြက်သီးမွှေးညင်း ထတယ် ဆိုတဲ့ တာဇစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ပါဗက်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်နဲ့ ဘာဆာ၊ ဟော်လာ ပြန်ကစားနိုင်တာ မြင်ရတာ ကြက်သီးမွှေးညင်း ထတယ် ဆိုတဲ့ တာဇစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၃ ရက်နေ့ ညရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘင်ဂျာမင် ပါဗက်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်နဲ့ ဘာဆာ

ရီးရဲလ်မက်ဒရစ်ဟာ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နောက်ခံလူ ဘင်ဂျာမင် ပါဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ 

ဘာစီလိုနာ ကလည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းရဲ့ နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ရဲ့ ခံစစ် ညာအစွန် နေရာကို အင်အား ဖြည့်တင်းဖို့ ပါဗက်နဲ့ သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကစားသမား တစ်ယောက်တည်းကို နှစ်သင်း အပြိုင် စိတ်ဝင်စားပြီး အတည်တကျ ကမ်းလှမ်းနိုင်ဖွယ် ရှိတာက (၆) နှစ် အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ 


အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလား ကနေ ထွက်ခဲ့ရတာကို စဥ်းစားလို့ မပြီးသေးတဲ့ ဘယ်လင်ဟမ်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်က သူ့အနေနဲ့ လက်ရှိအချိန် အထိ အင်္ဂလန် အသင်းနဲ့ အတူ ကာတာ ကမ္ဘာ့ဖလား ကနေ ထွက်ခဲ့ရတဲ့ အကြောင်းကို စဥ်းစားမိနေတုန်းပဲလို့ ဆိုလာပါတယ်။ 

အင်္ဂလန်ဟာ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
ဘရိုက်တန်
လီဗာပူးလ်
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 3.00 @ 1.99
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီအကြောင်းကို ဘယ်လင်ဟမ်က အခုချိန်အထိ စဥ်းစားမိနေဆဲ ဖြစ်ကြောင်း၊ ဒေါ့မန်နဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ကန်ချက် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒီကန်ချက်က ပြင်သစ်နဲ့ ပွဲမှာ ကန်ခဲ့တဲ့ ကန်ချက်လိုမျိုး ဖြစ်တယ်လို့ စဥ်းစားမိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လင်ဂမ် ကိုတော့ ဥရောပထိပ်သီး ကလပ် အများစုက အသည်းအသန် ခေါ်ယူချင်နေကြပြီး ကစားသမား အနေနဲ့လည်း လာမယ့် ရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေပါတယ်။


ဟော်လာ ပြန်ကစားနိုင်တာ မြင်ရလို့ ကြက်သီးမွှေးညင်းထမိတယ် ဆိုတဲ့ ဒေါ့မန် နည်းပြ 

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် နည်းပြ အီဒင် တာဇစ်က တိုက်စစ်မှူး ဆီဘက်စတီယန် ဟော်လာ ပြန်ကစားနိုင်တာကို မြင်ရတာ ကြက်သီး မွှေးညှင်းထမိကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

ဟော်လာဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဒေါ့မန်ကို ရောက်ရှိလာခဲ့ပြီး အသင်းကို ရောက်ရောက်ချင်းမှာပဲ ဝှေးစေ့ ကင်ဆာရောဂါ ခံစားခဲ့ရတာကြောင့် အသင်း အတွက် တစ်ပွဲမှ မကစားနိုင်သေးပါဘူး။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကစားခဲ့တဲ့ ဒူဆဲလ်ဒေ့ါဖ်နဲ့ ပွဲမှာ ဟော်လာက လူစားဝင် ကစားသမား အဖြစ် ပထမဆုံး ပါဝင်နိုင်ခဲ့ပြီး ဒါက ကြက်သီးထစရာ ကောင်းတဲ့ ကိစ္စ ဖြစ်ကြောင်း တာဇစ်က ဖွင့်ဟ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်