နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားတွေကို စည်းကမ်းပိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေတဲ့ တူချယ်၊ ဘေယန်နဲ့ အရာရာ အဆင်ပြေနေပြီ ဆိုတဲ့ ကန်ဆယ်လို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကစားသမားတွေကို စည်းကမ်းပိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေတဲ့ တူချယ်၊ ဘေယန်နဲ့ အရာရာ အဆင်ပြေနေပြီ ဆိုတဲ့ ကန်ဆယ်လို စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားတွေကို စည်းကမ်းပိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေတဲ့ တူချယ်

လေ့ကျင့်ခန်း အစီအစဉ်ကို နောက်ကျမှ ရောက်လာတတ်တဲ့ အသင်းသားတွေကို စည်းကမ်းပိုင်း အရ တင်းကြပ်စွာ ကိုင်တွယ်ဖို့ စီစဉ်ထားတယ်လို့ ဘေယန်မြူးနစ် နည်းပြ‌ သောမတ်စ် တူချယ်က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ဂျာမန် လူမျိုး နည်းပြဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ရလဒ်ပိုင်း ပြန်လည် တည်ငြိမ်လာဖို့ အတွက် အဓိကထား ကြိုးစားနေပြီး ကစားသမားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သတ်လို့ပါ တင်းကြပ်စွာ ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။

တူချယ်က လေ့ကျင့်ခန်း အစီအစဥ်တွေကို သတ်မှတ်ချိန်အတိုင်း စတင်ရမှာ ဖြစ်ကြောင်း၊ အိပ်ပျော်သွားတဲ့အခါ၊ တစ်ခါတလေ Alarm ပေးဖို့ မေ့သွားပြီး လူတိုင်း နောက်ကျတတ်ကြောင်း၊ ဒါပေမယ့် အဲ့ဒီ အခြေအနေကို ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ စဉ်းစားရမှာ ဖြစ်ကြောင်း လက်ရှိမှာတော့ ဒဏ်ပေးစနစ် ရှိပြီး ဒါက ပွဲတစ်ပွဲရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

တူချယ်ရဲ့ ဘေယန်မြူးနစ်က မနေ့ညက ကစားခဲ့တဲ့ ဖရိုင်းဘတ်နဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲစဉ် မှာတော့ ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂျာမန် ပိုကယ်လ်ဖလား ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။


ဘေယန်မြူးနစ်မှာ အရာရာ အဆင်ပြေနေပြီ ဆိုတဲ့ ကန်ဆယ်လို

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကမှ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါကို (၆) လ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်မှာ အစစအရာရာ အဆင်ပြေနေပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့တဲ့ ကန်ဆယ်လို

ဘေယန်မြူးနစ်ရဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုက အသင်းနဲ့ အတူ အကောင်းဆုံး ပူးပေါင်းလျက် ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကမှ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါကို (၆) လ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကန်ဆယ်လို တစ်ယောက် ဘေယန်မြူးနစ် မှာလည်း ပုံမှန် ပွဲထွက်ခွင့် မရဘဲ လာမယ့် နွေရာသီ မှာလည်း မန်စီးတီး ကိုသာ ပြန်ရမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ကာယကံရှင် ကိုယ်တိုင် ကတော့ ဘေယန်မြူးနစ်နဲ့ အစပိုင်းက အပေါင်း လက္ခဏာဆောင်ခဲ့ကြောင်း၊ ကစားသမားတွေ အနေနဲ့ အထိုင်ကျဖို့ အတွက် အမြဲတမ်း အချိန် လိုအပ်ကြောင်း၊ အသင်းနဲ့ တတ်နိုင်သလောက် အမြန်ဆုံး အသားကျအောင် ကြိုးစားခဲ့ကြောင်း၊ အသင်းဖော်တွေ၊ စနစ်တွေနဲ့ ပတ်သက်ပြီး သိရှိအောင် ကြိုးစားခဲ့ကြောင်း၊ အခုချိန်မှာ အရာအားလုံး အဆင်ပြေနေပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ကြောင်း ဒေါ့မန် နည်းပြပြော

ဒေါ့မန် နည်းပြ အီဒင် တာဇစ်က ယူနီယံဘာလင်ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဒီနိုင်ပွဲက ကျဥ်းမြောင်းပြီး အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ့မန်တို့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဥ်မှာ ယူနီယံဘာလင်ကို ဒွန်ယဲယ် မယ်လန်၊ ယူဆိုဖာ မူကိုကို တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယား ဦးဆောင်ခွင့် အတွက် ဒေါ့မန်တို့ ဘေယန်မြူးနစ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒေါ့မန်ဟာ ပြီးခဲ့တဲ့ အပတ်က အသင်းရဲ့ နည်းပြဟောင်း သောမတ်စ် တူချယ် ကိုင်တွယ်နေတဲ့ ဘေယန်မြူးနစ်ကို အဝေးကွင်းမှာ ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။

ယူနီယံဘာလင်နဲ့ ပွဲအပြီး မှာတော့ တာဇစ်က ကျဥ်းမြောင်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပေမယ့် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ပထမပိုင်းမှာ ခံစစ်ရော၊ တိုက်စစ်ရောက တကယ် ကောင်းမွန်တဲ့ ပုံစံကို ပြသခဲ့ကြောင်း၊ ယူနီယံဘာလင်နဲ့ ရင်ဆိုင်ရတာက အမြဲတမ်း ခက်ခဲကြောင်း၊ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ခဲ့ပြီး ဘောလုံး မရှိချိန် မှာတောင် တက်ကြွခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်