နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာနှုန်းပြည့်နိုင်ပွဲစံချိန်သစ်နဲ့ရှုံးထွက်အဆင့်တက်လှမ်းခဲ့တဲ့အေဂျက်စ် (ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

အေဂျက်စ် ၄-၂ စပို့တင်းလစ္စဘွန်း

လက်ရှိရာသီမှာအကောင်းဆုံးပုံစံရနေတဲ့ အေဂျက်စ်တို့ မနေ့ညကပွဲမှာတော့ စပို့တင်းလစ္စဘွန်းကို ၄-၂ ရလဒ်နဲ့ ထပ်မံအနိုင်ယူပြီးချန်ပီယံလိဂ် အုပ်စုပွဲစဉ် အားလုံးအနိုင်ရတဲ့ ပထမဦးဆုံးနယ်သာလန် ကလပ် ဆိုတဲ့ စံချိန်ကောင်းတစ်ခုလည်းတင်နိုင်ခဲ့ပါတယ်။နှစ်သင်းလုံးရှုံးထွက် အဆင့်ကိုတက်လှမ်းနိုင်ပြီးသားဖြစ်တာကြောင့် အမှတ် မလိုတော့ပေမယ့် သေချာအာရုံစိုက် ကစားသွားကြပြီးအပြန်အလှန် သွင်းဂိုးတွေမြင်တွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီပွဲမတိုင်ခင် ကတည်းကအေဂျက်စ် အနေနဲ့ ၁၆ သင်းအဆင့်ကိုရောက်ရှိပြီးဖြစ်သလိုစပို့တင်းလစ္စဘွန်းကလည်းသေချာသလောက် ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးပုံစံရနေတဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ အသင်းရောရူဘင် အမ်မိုရင်ရဲ့ စပို့တင်းလစ္စဘွန်းအသင်းပါ အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာပြီးနိုင်ပွဲတစ်ပွဲရဖို့ ဦးတည် ကစားခဲ့ကြပါတယ်။ဆဘက်ရှန် ဟော်လာဦးဆောင်တဲ့ ဘက်ဂ်ဟူးစ်၊ အန်တိုနီ၊ နီရက်စ် တို့ရဲ့ တိုက်စစ် အစုအဖွဲ့ကဒီနေ့ပွဲမှာလည်းပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်နဲ့ အတူဂိုးပြတ် နိုင်ပွဲ ၁ ပွဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမိနစ် ၅၀ ကျော်လောက် အထိဧည့်သည် စပို့တင်းတို့ အေဂျက်စ်ကိုလိုက်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ တန်ဟက်ဂ်ရဲ့ အသင်းကပဲပွဲကိုထိန်းချုပ်ပြီးလိုအပ်နေတဲ့ အနိုင် ရလဒ်ကိုအရယူသွားခဲ့တာဖြစ်ပါတယ်။အေဂျက်စ် အတွက် ဂိုးတွေကိုတော့ ဟော်လာ၊ နီရက်စ်၊ အန်တိုနီနဲ့ ဘက်ဂ်ဟူးစ် တို့ကသွင်းယူပေးခဲ့ပြီးစပို့တင်းလစ္စဘွန်းအတွက် ချေပဂိုး ၂ ဂိုးကိုတော့ နူနိုဆန်းတို့စ်နဲ့ တာဘာတာတို့ကသွင်းယူပေးခဲ့တာပါ။

 

ပွဲပြီးသုံးသပ်ချက်

နှစ်သင်းလုံးပွဲချိန်ပြည့် အားစိုက် ကစားသွားခဲ့ပြီးအမှားအယွင်းနည်းပြီးအဆုံးသတ်ပိုင်းပိုသာတဲ့ အေဂျက်စ်တို့ အနိုင်ရသွားခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့ အေဂျက်စ် ကတော့ အခုနှစ် အုပ်စုပွဲစဉ် ၆ ပွဲလုံးကစားပြီးချိန်မှာဂိုး ၂၀ ရပြီး ၅ ဂိုးသာပြန်ပေးထားရတာကြောင့် အခုနှစ် ချန်ပီယံလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုအဆင့်မှာရာနှုန်းပြည့် နိုင်ပွဲရတဲ့ ပထမဦးဆုံးဒက်ချ် ကလပ် ဆိုတဲ့ စံချိန် မှတ်တမ်းသစ်ကိုစိုက်ထူနိုင်ခဲ့ပြီးဆဘက်ရှန် ဟော်လာကတော့ သွင်းဂိုး ၁၀ ဂိုးနဲ့ အခုနှစ် ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံးစာရင်းမှာထိပ်ဆုံးကဦးဆောင်နေခဲ့ပါတယ်။စပို့တင်းလစ္စဘွန်းကတော့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယနေရာကနေပဲချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ၁၀ စုနှစ် တစ်ခုအကြာမှ ပြန်လည် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အေဂျက်စ် ကတော့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာအေဇက်အဲလ်ခမာအသင်းနဲ့ အမှတ်ပေးပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီးစပို့တင်းလစ္စဘွန်းကတော့ ဘိုအာဗစ္စတာနဲ့ လီဂါ ပေါ်တူဂီပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်