ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ အာဆင်နယ်က ပီအက်စ်ဗွီကို နယ်သာလန်မြေမှာ ၁-၇ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ ခက်ခဲလိမ့်မယ်လို့ အားလုံး ထင်ခဲ့ကြပေမယ့် မီခဲလ် အာတေးတားတို့ အုပ်စုက မထင်မှတ်တာတွေ လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်က ဒီနေ့ပွဲမှာလည်း တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် မီခဲလ် မာရင်နိုကို အထောင်ထားပြီး နွမ်နရီ၊ ထရော့ဆက်ဒ် တို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ မာတင် အိုဒီဂတ်၊ သောမက်စ် ပါတေး၊ ရိုက်စ်၊ ခံစစ် မှာတော့ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ် စကယ်လီ၊ တင်ဘာ၊ ရာယာ တို့နဲ့ ပွဲထွက်လာပါတယ်။ အိမ်ရှင် ပီအက်စ်ဗွီ ဘက်မှာတော့ ဘင်နီတက်ဇ်၊ ဘို့စ်ကက်ဂလီ၊ ဖလာမင်ဂို၊ မလာဆီယာ၊ လီဒက်ဇ်မာ၊ တေးလ်၊ ရှောက်တန်၊ ဆိုင်ဘာရီ၊ ဒီယောင်၊ လန်းဂ်၊ ပါရီဆစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
အာဆင်နယ်က ပီအက်စ်ဗွီကို အဝေးကွင်းမှာ ၇ ဂိုး သွင်းလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။ အာဆင်နယ် အတွက် လွယ်ကူမယ့် ပွဲမဟုတ်လောက်ဘူးလို့ အားလုံးက ထင်ခဲ့ကြမှာပါ။ အဓိက ကတော့ လက်ရှိမှာ အာဆင်နယ်က တိုက်စစ်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရချိန် အခုလောက်အထိ ဂိုးပြတ် အနိုင်ရဖို့ ဆိုတာ အသင်း ပရိသတ်တွေတောင် မျှော်လင့်မထားနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီခဲလ် အာတေးတားရဲ့ အသင်းက နေရာစုံက ကစားသမား ၆ ဦးရဲ့ သွင်းဂိုးတွေနဲ့ အတူ ပီအက်စ်ဗွီကို အလဲထိုးပြခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် သွင်းဂိုးတွေ ကိုတော့ တင်ဘာ၊ နွမ်နရီ၊ မာရင်နို၊ အိုဒီဂတ် (၂ ဂိုး)၊ ထရော့ဆက်ဒ်နဲ့ ကာလာဖီအိုရီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီ အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ လန်းဂ်က ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်က ဒုတိယအကျော့ မကစားမီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ကျိန်းသေပေါက် တက်ရောက်သွားပြီလို့တောင် ပြောလို့ ရပါတယ်။ ဒုတိယအကျော့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားရမှာ ဖြစ်တာကြောင့်လည်း ပီအက်စ်ဗွီ အတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မျှော်လင့်ချက်က ၉၉ ရာခိုင်နှုန်း ကုန်ဆုံးသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ် သမိုင်းတလျှောက် ရှုံးထွက် အဆင့်မှာ ၇ ဂိုးနဲ့ အထက် ပထမဦးဆုံး အကြိမ် သွင်းယူနိုင်ခဲ့တဲ့ ဧည့်သည် အသင်းလည်း ဖြစ်လာခဲ့သလို၊ ကစားသမား ၆ ဦး ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး အဝေးကွင်း အသင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် မတ်လ ၁၃ ရက်နေ့မှာ အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.