နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေဂျက်စ်နဲ့ဂိုးပေါ်တွဲဖက်လို့အကျိုးအမြတ်မျှော်လင့်ကြည့်ရအောင် | အေဂျက်စ် – ဘင်ဖီကာ (ချန်ပီယံလိဂ်ပွဲကြိုသုံးသပ်ချက်)

အေဂျက်စ် – ဘင်ဖီကာ

အခုတစ်ပတ် ကြားရက်မှာချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွေဆက်လက် ယှဉ်ပြိုင်ဖို့ ရှိပြီးနယ်သာလန် ထိပ်သီးအေဂျက်စ်တို့ ဘင်ဖီကာကိုဂျိုဟန်ခရိုက်ဖ် ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပါတယ်။

ပထမအကျော့ ပေါ်တူဂီမြေမှာတစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ထားခဲ့လို့ အေဂျက်စ်တို့ အခြေအနေပိုကောင်းနေတယ် ဆိုပေမယ့် ဘင်ဖီကာကလည်း လျှော့တွက်လို့ မရတဲ့ ခြေစွမ်းပိုင်ဆိုင်ထားလို့ ဘယ်အသင်းနောက်တစ်ဆင့် တက်သွားနိုင်မလဲဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လာလီဂါ
ဗယ်လက်ကာနို
အက်တလက်တီကို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နည်းပြ တန်ဟက်ဂ်ရဲ့ အေဂျက်စ် ကတော့ ဒီရာသီမှာပြည်တွင်းရောဥရောပပွဲစဉ်တွေမှာပါ ခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပါတယ်။ ဒီရာသီချန်ပီယံလိဂ်အုပ်စုပွဲစဉ် အားလုံးအနိုင်ရခဲ့တဲ့ ၃ သင်းထဲကတစ်သင်းဖြစ်ပြီးဘေယန်မြူးနစ် ပြီးရင် တိုက်စစ် အကောင်းဆုံးအသင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဆဘက်ရှန် ဟော်လာတစ်ဦးတည်း ၁၁ ဂိုးအထိသွင်းယူထားပြီးအေဂျက်စ်တို့ ဒီရာသီချန်ပီယံလိဂ်မှာသွင်းဂိုး ၂၂ ဂိုးအထိရရှိထားခဲ့ပါတယ်။ နယ်သာလန် ပြည်တွင်းလိဂ် ပွဲစဉ် ၂၆ ပွဲကစားပြီးချိန်မှာရဂိုး ၇၇ ဂိုးအထိရှိထားခဲ့သလိုပေးဂိုးကတော့ ၁၁ ဂိုးသာရှိထားခဲ့တဲ့ အေဂျက်စ် အနေနဲ့ ခံစစ်၊ တိုက်စစ် အမျှတဆုံးဖြစ်အောင် ကစားထားနိုင်တယ်လို့ ဆိုရမှာပါ။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာဘင်ဖီကာနဲ့ သရေကျပြီးနယ်သာလန် အမှတ်ပေးပွဲစဉ်မှာဂိုးအဟက် အီးဂဲလ်စ်ကိုထပ်ရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲဆက် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားတဲ့ အေဂျက်စ်တို့ တချို့ ပွဲစဉ်တွေမှာပွဲပန်းလို့ ခြေချော်ခဲ့တာကလွဲရင် အကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားပါတယ်။ သေချာပေါက် နောက်တစ်ဆင့် တက်ဖို့ အတွက် အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ အကောင်းဆုံးလူစာရင်းကိုပဲထုတ်သုံးလာဖို့ ရှိနေပြီးဆဘက်ရှန် ဟော်လာ၊ ဘက်ဂျ်ဟူးစ်၊ အန်တိုနီ၊ တာဒစ်၊ ဂရက်ဗန်ဘက်ချ်၊ အဲလ်ဗာရက်ဇ်၊ ဒါလေးဘလိုင်း၊ မာတီနက်ဇ်၊ စခ်ရူယားစ်၊ ရန့်စ်၊ အိုနာနာတို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

အိမ်ကွင်းမှာအေဂျက်စ်ကို၂ဂိုးစီသရေသာကစားထားနိုင်တာကြောင့်ဘင်ဖီကာတို့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ဖို့ဆိုရင်နယ်သာလန်မြေမှာမဖြစ်မနေရလဒ်ကောင်းဖို့လိုအပ်သလိုဂိုးသွင်းနိုင်ဖို့လည်းလိုအပ်ပါတယ်။
အခုနှစ်ချန်ပီယံလိဂ်မှာအဝေးကွင်းနိုင်ပွဲလုံးဝမရှိသေးတဲ့ဘင်ဖီကာ

ဘင်ဖီကာကတော့ အေဂျက်စ်လောက် ခြေစွမ်းပိုင်းအားရစရာမရှိပေမယ့် ရလဒ်ကောင်းတွေတော့ ဆက်တိုက် ရှာဖွေထားနိုင်ဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလလဆန်းပိုင်းပြည်တွင်းပြိုင်ပွဲတွေမှာ ၂ ပွဲဆက် ရှုံးခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့ ၇ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဂျော့ဂျ် ဂျီးဆပ်စ် နေရာမှာလူငယ် နည်းပြ နဲလ်ဆင် ဗာရစ်ဆီမိုနဲ့ အစားထိုးခဲ့ပြီးနောက် နည်းစနစ်ပိုင်းအသားကျဖို့ ကြိုးစားနေရတဲ့ ဘင်ဖီကာတို့ နောက်ပိုင်းပွဲတွေမှာရှုံးပွဲမရှိပေမယ့် နိုင်ပွဲထက် သရေပွဲတွေများနေတာကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။ အိမ်ကွင်းမှာအေဂျက်စ်ကို ၂ ဂိုးစီသရေသာကစားထားနိုင်တာကြောင့် ဘင်ဖီကာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ဖို့ ဆိုရင် နယ်သာလန်မြေမှာမဖြစ်မနေရလဒ်ကောင်းဖို့ လိုအပ်သလိုဂိုးသွင်းနိုင်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ဗာရစ်ဆီမိုအနေနဲ့ တိုက်စစ် အသားပေးကစားဟန်နဲ့ပဲပွဲထွက်လာဖို့ ရှိပြီးနူညက်ဇ်၊ ရာမို့စ်တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူတာရာဘတ်၊ အဲဗာတန်၊ ဝိုင်ဂဲလ်၊ ရာဖာဆေးလ်ဗား၊ ဂျူနီယာ၊ အော့တာမန်ဒီ၊ ဗာတွန်ဂန်၊ ဂရီမဲလ်ဒို၊ ဗလာချိုဒီမော့စ် တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းကတော့ ၈ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီးယူအီးအက်ဖ်အေ က ကျင်းပတဲ့ ပြိုင်ပွဲတွေယှဉ်ပြိုင်ကစားထားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်တွေ့ဆုံမှုနောက်ဆုံး ၃ ကြိမ် မှာတော့ အေဂျက်စ်တို့ ဘင်ဖီကာကို ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကစားထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

SBOTOP 1X2 မှာတော့အေဂျက်စ်အတွက်၁.၃၈ဆ၊သရေအတွက်၄.၆၀ဆ၊ဘင်ဖီကာအတွက်၇.၆၀ဆကြေးဖွင့်လှစ်ပေးထားပါတယ်။ပထမအကျော့ရလဒ်ကြောင့်အေဂျက်စ်တို့အခွင့်အရေးပိုသာနေတယ်ဆိုပေမယ့်ဘင်ဖီကာလည်းနောက်တစ်ဆင့်တက်ရေးအပြည့်အဝမျှော်လင့်နိုင်ဆဲဖြစ်ပါတယ်။နှစ်သင်းလုံးအားစိုက်လာနိုင်ပြီးအထူးသဖြင့်ဘင်ဖီကာတို့ဂိုးရဖို့ကြိုးစားလာမှာဖြစ်လို့ဒီအချက်ကပဲအေဂျက်စ်အတွက်အားသာချက်ဖြစ်သွားနိုင်ပါတယ်။ Final Thirdမှာကစားပုံတော်တော်လေးကောင်းတဲ့အသင်းတွေဖြစ်တာကြောင့်အပြန်အလှန်သွင်းဂိုးတွေကျိန်းသေပေါက်မြင်တွေ့ရဦးမှာပါ။နောက်တစ်ဆင့်တက်မယ့်အသင်းဆိုရင်တော့အေဂျက်စ်ကိုပဲရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၃-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်