နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားတဲ့ ဘင်ဖီကာ

ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ဘင်ဖီကာနဲ့ မိုနာကိုတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲကလည်း တကယ့်ကို အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ကာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပထမအကျော့ မိုနာကိုကွင်း ပက်ဗ်လီဒစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ ဘင်ဖီကာတို့ အိမ်ကွင်း မှာတော့ မိုနာကိုကို ခက်ခက်ခဲခဲ ကစားသွားခဲ့ရပါတယ်။ ပွဲထွက်လူစာရင်းကို ပြန်ကြည့်မယ် ဆိုရင် ဘင်ဖီကာ ဘက်မှာ ထရူဘင်၊ အာရူဟို၊ ဆေးလ်ဗား၊ အော့တာမန်ဒီ၊ အဲလ်ဗားရိုး ဖာနန်ဒက်ဇ်၊ ဘာရီရို၊ အာနက်စ်၊ ကွတ်ချ်ကူ၊ အက်ခ်တာကိုဂလူ၊ အန်ဒရီရားစ်၊ ပက်ဗ်လီဒစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မိုနာကို ဘက်မှာတော့ မာဂျက်ကီ၊ ဟင်းနရစ်ခ်၊ မာဝစ်ဆာ၊ ခါရာ၊ ဆင်ဂို၊ ဒီးရတ်တာ၊ ကာမာရာ၊ ဘန်ဆက်ဂ်ဟီးရား၊ အက်ခ်လီယိုချီ၊ အမ်ဘိုလို၊ မီနာမီနို တို့ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ဘင်ဖီကာ အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာတော့ လစ်ဗာပူးလ် သို့မဟုတ် ဘာစီလိုနာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး လွယ်ကူဖို့တော့ မရှိပါဘူး။
ဘင်ဖီကာကို သရေကစားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မိုနာကို

ပွဲက အစောပိုင်းမှာ ကတည်းက တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီးတော့ ပွဲချိန် ၂၂ မိနစ်မှာတော့ ဘင်ဖီကာတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အက်ခ်တာကိုဂလူက သွင်းယူသွားခဲ့တာ ဖြစ်ပြီးတော့ ပွဲချိန် ၃၂ မိနစ် မှာတော့ မိုနာကို အတွက် မီနာမီနိုက ချေပဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန် မှာလည်း မိုနာကိုက ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြီးတာ့ ဘန်ဆက်ဂ်ဟီယားက သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီးနောက် ပွဲချိန် ၇၆ မိနစ်မှာ ပက်ဗ်လီဒစ်က ပင်နယ်တီ ကနေ တဆင့် ဘင်ဖီကာ အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲက ပိုမို အကြိတ်အနယ် ရှိလာခဲ့ပြီးတော့ ပွဲကစားချိန် ၈၁ မိနစ်မှာ မိုနာကို အတွက် ဦးဆောင်ဂိုးကို အီလန်နီခီနာက သွင်းယူပေးခဲ့ပြန်လို့ ပွဲရဲ့ ချိန်ခွင်လျှာ ပြန်ညီခဲ့ပါတယ်။ ဘင်ဖီကာ အတွက် နောက်တဆင့်ကို တက်ရောက်စေမယ့် သွင်းဂိုး ကိုတော့ ပွဲကစားချိန် ၈၄ မိနစ်မှာ ကွတ်ချ်ကူက သွင်းယူသွားခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဘင်ဖီကာတို့ နောက်ထပ် သွင်းဂိုး ရရှိနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့်လည်း ပင်နယ်တီကို VAR ပြန်ကြည့်ပြီး ပယ်ဖျက်သွားခဲ့လို့ ၃-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး တိုက်စစ် ကစားပုံ ကောင်းခဲ့ပြီး ခံစစ်ပိုင်း ကတော့ အမှားအယွင်းတွေ များပြားခဲ့လို့ ဒီလောက်အထိ အပြန်အလှန် သွင်းဂိုးတွေ များပြားခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့ ထိုက်တန်ခဲ့ပေမယ့် ဘင်ဖီကာက ပိုကောင်းခဲ့လို့ နောက်တစ်ဆင့် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘင်ဖီကာ အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာတော့ လစ်ဗာပူးလ် သို့မဟုတ် ဘာစီလိုနာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး လွယ်ကူဖို့တော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်