နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒါဝင် နူညက်ဇ်ရဲ့ ဂိုးနဲ့ ကွာတားဖိုင်နယ် တက်သွားတဲ့ ဘင်ဖီကာ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အေဂျက်စ် ၀-၁ ဘင်ဖီကာ


(နှစ်ကျော့ပေါင်း ရလဒ် ၂-၃)

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘင်ဖီကာ တို့ ဒါဝင် နူညက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အေဂျက်စ်ကို အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၃ နဲ့ ကွာတားဖိုင်နယ် တက်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ခြေစွာနေတဲ့ အေဂျက်စ်တို့ ဒီနေ့ပွဲ မှာလည်း ဘင်ဖီကာကို ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ကြိုတင် ခန့်မှန်းထားတဲ့ အတိုင်း နှစ်သင်းလုံးကို ပုံမှန် ပွဲထွက်နေကျ ကစားကွက် အခင်းအကျင်းတွေနဲ့ပဲ ရင်ဆိုင်လာခဲ့ကြပြီး ပွဲထွက် ကစားသမား စာရင်းလည်း အပြောင်းအလဲ သိပ်မရှိခဲ့ဘူး။ အေဂျက်စ် တိုက်စစ်မှာ ထုံးစံ အတိုင်း ဆဘက်ရှန် ဟော်လာပဲ ဦးဆောင်လာခဲ့ပြီး တောင်ပံနဲ့ ကွင်းလယ်မှာ ဘက်ဂျ်ဟူးစ်၊ အန်တိုနီ၊ တာဒစ်၊ ဂရက်ဗ်န်ဘက်ချ်၊ အဲလ်ဗာရက်ဇ်၊ နောက်တန်း မှာတော့ တင်မ်ဘာ၊ မာတီနက်ဇ်၊ ဒါလေ ဘလိုင်း၊ မက်ဇ်ရူအီ၊ ဂိုး မှာတော့ အိုနာနာ ပွဲထွက်ခဲ့ပါတယ်။ ဘင်ဖီကာ ကတော့ ၄-၂-၃-၁နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ဗလာချို ဒီမော့စ်၊ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ ဂရီမဲလ်ဒို၊ ဂီလ်ဘတ်တို၊ ဝိုက်ဂဲလ်၊ တာရာဘတ်၊ အဲဗာတန်၊ ရာမို့စ်၊ ရာဖာ ဆေးလ်ဗားနဲ့ တိုက်စစ် မှာတော့ ဒါဝင်နူညက်ဇ် တစ်ဦးတည်းကို အထောင်ထားခဲ့ပါတယ်။

လာလီဂါ
ဆီဗီလာ FC
ရီးယဲလ် ဆိုစီဒက်
1X2 သရေ @ 3.30
ပထမပိုင်း ဂိုးအောက် 0.75 @ 2.13
ဂိုးပေါင်း 0-1 @ 2.62
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေဂျက်စ်တို့ ပွဲစကတည်းက Set-Piece တွေ၊ တောင်ပံတွေကို အဓိက အားပြုပြီး ဖြတ်တင်ဘောတွေ ကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အန်တိုနီ၊ အဲလ်ဗာရက်ဇ်၊ ဘက်ဂ်ဟူးစ်တို့ အဆုံးသတ် အားနည်းချက်တွေကြောင့် ဂိုးလွန်ဘောတွေပဲ ဖြစ်နေခဲ့ရပါတယ်။ ဒူရှန် တာဒစ်ရဲ့ အမြင့်ဘော ပေးပို့မှုတွေ တော်တော်လေး တိကျကောင်းမွန်ခဲ့ပေမယ့် အေဂျက်စ် တိုက်စစ်က အခွင့်အရေးတွေ အကြိမ်ကြိမ် ဖြုန်းတီးခဲ့ပါတယ်။ အဲ့နောက် ဂရက်ဗန်ဘက်ချ်နဲ့ မာတီနက်ဇ်တို့ ကန်ချက်ကောင်းခဲ့ပေမယ့် ဂိုးလွန်ဘော အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရလို့ ပထမပိုင်း အပြီးမှာတော့ ၀-၀ ရလဒ် ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း တာဒစ်ရဲ့ ဖန်တီးမှုတွေနဲ့ ဘင်ဖီကာ ဘက်ကို ဆက်လက် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂရက်ဗန်ဘက်ချ်ရဲ့ ကန်ချက်ကို ဘင်ဖီကာ နောက်တန်းက တားဆီးရင်း လက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့လို့ အေဂျက်စ်တို့ နစ်နာခဲ့ရပါတယ်။ အေဂျက်စ်တို့ တောက်လျောက် ဖိကစားနေပေမယ့် ပွဲချိန် ၇၇ မိနစ် မှာတော့ ရှားရှားပါးပါး ရတဲ့ အခွင့်အရေး ကနေ ဘင်ဖီကာတို့ ဂိုးရသွားခဲ့ပါတယ်။ ဂရီမဲလ်ဒို ရဲ့ ထောင့်ကန်ဘော ကန်တင် ပေးပို့မှုကို ဒါဝင် နူညက်ဇ်က အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အေဂျက်စ်တို့ ချေပဂိုးရဖို့ လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် ဘင်ဖီကာ ကလည်း ကွင်းလယ်နဲ့ ခံစစ်ကို အားဖြည့်ခဲ့လို့ သွင်းဂိုးတွေ ထပ်မမြင်ရတော့ ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ချန်ပီယံလိဂ်မှာ ခြေစွာနေတဲ့ အေဂျက်စ်တို့ ဒီနေ့ပွဲ မှာလည်း ဘင်ဖီကာကို ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
အခွင့်အရေးတွေ အကြိမ်ကြိမ် ဖြုန်းတီးခဲ့လို့ ကွာတားဖိုင်နယ်နဲ့ လွဲချော်ခဲ့ရတဲ့ အေဂျက်စ်

ဒီပွဲဟာလည်း ယူနိုက်တက်-တီကို ပွဲနဲ့ ထူးမခြားနားပါပဲ။ ဘောလုံး ပိုကိုင်ပြီး တိုက်စစ် ပိုကစားနိုင်ခဲ့တဲ့ အသင်း ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ဘယ်လောက်ပဲ တိုက်စစ်ဆင်နေပါစေ။ အဆုံးသတ် ညံ့ရင်၊ ဂိုးမသွင်းနိုင်ရင် နိုင်ပွဲနဲ့ ဝေးရမယ် ဆိုတာပါပဲ။ ဒီနေ့ပွဲမှာ အေဂျက်စ် တောင်ပံက တာဒစ် ကလွဲလို့ ကျန်ကစားသမားတွေ အားလုံးရဲ့ ခြေစွမ်း ကတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ အဆိုးဆုံး ကတော့ တိုက်စစ်မှာ ပျောက်ဆုံးနေတဲ့ ဆဘက်ရှန် ဟော်လာနဲ့ မကြာခဏ မိုးပေါ်ထောင်ကန် နေတဲ့ အန်တိုနီ လို့ပဲ ဆိုရပါလိမ့်မယ်။ ဘင်ဖီကာ ကတော့ ခံစစ်ကို အကျစ်လျစ်ဆုံး ကစားပြီး တန်ပြန် တိုက်စစ်ကိုသာ အားပြုခဲ့ရပေမယ့် ရှားရှားပါးပါး ရတဲ့ အခွင့်အရေးကို အပိုင် အသုံးချသွားနိုင်တာ ကိုတော့ ချီးကျုးရမှာ ဖြစ်ပါတယ်။ လူငယ် နည်းပြ နဲလ်ဆင် ဗာရစ်ဆီမိုရဲ့ နည်းဗျူဟာပိုင်း ကလည်း အဓိကကျခဲ့ပြီး ဘင်ဖီကာ အတွက် ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အေဂျက်စ်တို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ဖီယင်နော့နဲ့ နယ်သာလန် ပြည်တွင်းလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဘင်ဖီကာ ကတော့ မတ်လ ၂၁ ရက်နေမှာ အက်စတိုရီလ်နဲ့ ပေါ်တူဂီ ပရီးမီးယားလီဂါ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်