နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်ဂိုးတွေနဲ့ ပေါ်တူဂီမြေမှ သရေကျခဲ့တဲ့ ဘင်ဖီကာနဲ့ အေဂျက်စ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘင်ဖီကာ ၂ – ၂ အေဂျက်စ်

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပထမအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘင်ဖီကာနဲ့ အေဂျက်စ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အေဂျက်စ်တို့ အဝေးကွင်းမှာ ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင် ဘင်ဖီကာရဲ့ အိမ်ကွင်း ရုန်းအားကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ ကစားကွက် ကိုယ်စီနဲ့ပဲ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် ဘင်ဖီကာရဲ့ ၄-၄-၂ ကစားကွက်မှာ ရာမို့စ်၊ နူညက်ဇ်၊ အဲဗာတန်၊ ဝိုင်ဂဲလ်၊ ရာဖာဆေးလ်ဗား၊ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ ဗလာချိုဒီမော့စ်တို့ ပါဝင်လာခဲ့ပါတယ်။ အေဂျက်စ် ကတော့ ၄-၂-၃-၁နဲ့ ဘင်ဖီကာကို ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ ဆဘက်ရှန်ဟော်လာ၊ အန်တိုနီ၊ တာဒစ်တို့ ဦးဆောင်လာခဲ့ပါတယ်။ ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဘက်ဂျ်ဟူးစ်၊ ဂရာဗန်ဘက်ချ်၊ အဲလ်ဗာရက်ဇ်၊ ဘလိုင်း၊ မာတီနက်ဇ်၊ တင်ဘာ၊ မက်ဇ်ရာအူရီ၊ ပက်စ်ဗီယာတို့ ပွဲထွက်လာခဲ့ပါတယ်။

တိုက်စစ် အသားပေး ကစားတတ်တဲ့ အသင်းတွေ ဖြစ်တဲ့ အတွက် ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ နှစ်သင်းလုံး လျင်မြန်တဲ့ တောင်ပံတွေကို အားပြုခဲ့ကြပြီး အခွင့်အရေး ကိုယ်စီလည်း ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာ ကတော့ အေဂျက်စ်ပဲ ဖြစ်ပြီး တောင်ပံက မက်ဇ်ရာအူရီ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဒူဆန် တာဒစ်က လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၂၆ မိနစ်မှာ အေဂျက်စ်တို့ ဆဘက်ရှန် ဟော်လာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ၃ မိနစ် အကြာမှာ ဆဘက်ရှန် ဟော်လာ ကပဲ ဒုတိယဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ အေဂျက်စ်တို့ ပထမပိုင်း အပြီးမှာ ၁-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အဝေးဂိုး ၂ ဂိုးအထိ ရခဲ့တဲ့ အေဂျက်စ်တို့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ အေဂျက်စ်

ဒုတိယပိုင်း မှာတော့ နှစ်သင်းလုံး ကစားအား တင်လာခဲ့လို့ ပွဲက ပိုလို့ ကြည့်ကောင်းလာခဲ့ပြီး ဘင်ဖီကာတို့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု မှာတော့ အေဂျက်စ်တို့ ပိုသာခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ် မှာတော့ အိမ်ရှင်တို့ လိုအပ်နေတဲ့ ချေပဂိုး ရသွားခဲ့ပြီး လူစားဝင် ကစားသမား ရာရမ်ချက်ခ်က အေဂျက်စ် နောက်ခံလူ ၃ ဦးကြား ကနေ ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တာရာဘတ်၊ ဂျူနီယာတို့ ဒဏ်ရာရသွားတာ ကတော့ ဘင်ဖီကာ အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီး ဘာနာဒို၊ ဂွန်ဆာလက်ဗ်စ်၊ လာဇာရိုတို့ လူစားဝင် ကစားခဲ့ရပါတယ်။ အေဂျက်စ် ကတော့ တက်ဂ်လီယာဖီကို၊ ကလက်ဆန် တို့ ဝင်ရောက်လာချိန်မှာ တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် တာဒစ်ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့တာနဲ့ ဟော်လာရဲ့ အပိုင်ကန်ချက် ဂိုးတိုင်ဘေးက ထွက်သွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒါကြောင့် တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အဝေးဂိုး ၂ ဂိုးအထိ ရခဲ့တဲ့ အေဂျက်စ်တို့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နှစ်သင်းလုံး အကောင်းဆုံး လူစာရင်း အကောင်းဆုံး ခြေစွမ်းတွေနဲ့ ယှဉ်ပြိုင်သွားခဲ့ကြပြီး အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ အေဂျက်စ်တို့ တိုက်စစ် ကစားပုံ ပိုကောင်းခဲ့ပါတယ်။ အေဂျက်စ် မာတီနက်ဇ်၊ ဘလိုင်း တို့သာ ရာရမ်ချက်ခ်ရဲ့ အပိုင် ပိတ်သွင်းမှုကို ပေါ့ပေါ့ဆဆ မတားဆီးခဲ့ရင် အဝေးကွင်း နိုင်ပွဲ ရသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘင်ဖီကာ ကတော့ အေဂျက်စ်ရဲ့ တိုက်စစ်ကို ခက်ခက်ခဲခဲ တားဆီးခဲ့ရပြီး ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့လို့သာ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်မြေမှာ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကတော့ ဘင်ဖီကာ အတွက် အခုထက် ပိုခက်ခဲဖို့ ရှိနေပြီး နောက်တစ်ဆင့် တက်ရေး အသည်းအသန် ရုန်းရတော့ မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘင်ဖီကာတို့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဗစ်တိုးရီးယားဒီဂီမာရေးစ်နဲ့ လီဂါပေါ်တူဂီ ပွဲစဉ် ကစားရဖို့ ရှိပြီး အေဂျက်စ် ကတော့ ၂၇ ရက်နေ့မှာ ဂိုးအဟက်ဒ်အီးဂဲလ်စ်နဲ့ အမှတ်ပေးပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်