နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေဂျက်စ် ဘက်မှာပဲ ခြေစုံပစ် ရပ်တည်ထားရမယ် | ဘင်ဖီကာ – အေဂျက်စ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘင်ဖီကာ – အေဂျက်စ်

ကြာဿပတေးနေ့ည ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘင်ဖီကာနဲ့ အေဂျက်စ်တို့ ဒါလုဇ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ တစ်ချိန်က အစဉ်အလာ ရှိခဲ့ကြပေမယ့် လက်ရှိ မှာတော့ ဥရောပ အောင်မြင်မှုတွေနဲ့ ဝေးကွာတာ ကြာနေပြီလို့ ဆိုရမယ့် အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ယူနီယံ ဘာလင်
မိန့်ဇ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာ တို့လို ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး အသင်းတွေ ပါဝင်တဲ့ အုပ်စု ကနေ ဘင်ဖီကာတို့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ် ဆိုတာ ခြေစွမ်းရော၊ ကံပါ ကောင်းခဲ့လို့ ဖြစ်ပါတယ်။ အဓိက ကတော့ ဘင်ဖီကာ အနေနဲ့ ဘာစီလိုနာရဲ့ သိသိသာသာ ခြေစွမ်း ကျဆင်းမှုကို အခွင့်အရေး ယူနိုင်ခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ အနောက် ကနေ အုပ်စု ဒုတိယ အဖြစ်နဲ့ ဒီအဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရှုံးထွက် ပို့ပေးခဲ့တဲ့ ဂျော့ဂျ်ဂျီးဆပ်စ် နေရာမှာ လူငယ် နည်းပြ ဗာဆီမို ပြောင်းလဲ ကိုင်တွယ်ပြီးနောက် ဘင်ဖီကာတို့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၅ ပွဲနိုင်၊ ၃ ပွဲ ရှုံး၊ ၂ ပွဲ သရေကျထားလို့ ခြေစွမ်းပိုင်းအရတော့ တည်ငြိမ်ဖို့ ကြိုးစားနေရတုန်း ဖြစ်ပါတယ်။ တစ်ချက် ရှိတာက ဗာဆီမိုရဲ့ အသင်းက လက်တလောမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား ကင်းရှင်းနေတာ ဖြစ်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ အေဂျက်စ်ကို ပေါ်တူဂီမြေမှာ ရင်ဆိုင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နူညက်ဇ်၊ ရာဖာဆေးလ်ဗား၊ တာရာဘတ်၊ ဘာနာဒို၊ ဝိုက်ဂဲလ်၊ ဂျာအို မာရီယို၊ လာဇာရို၊ အောက်တာမန်ဒီ၊ ဗာတွန်ဂန်၊ ဂရီမဲလ်ဒိုနဲ့ ဗလာချိုဒီမော့စ် တို့ကို ပွဲထွက်လူစာရင်း မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာ တို့လို ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး အသင်းတွေ ပါဝင်တဲ့ အုပ်စု ကနေ ဘင်ဖီကာတို့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ် ဆိုတာ ခြေစွမ်းရော၊ ကံပါ ကောင်းခဲ့လို့ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု E ရဲ့ အုပ်စု ဒုတိယနေရာ ကနေ ရှုံးထွက်အဆင့်ကို ရောက်ရှိလာတဲ့ ဘင်ဖီကာ

ဒီနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့ အသင်း ၃ သင်းသာ ရှိပြီး လစ်ဗာပူးလ်၊ ဘေယန်မြူးနစ် တို့နည်းတူ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းက အကောင်းဆုံး စွမ်းဆောင်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၃ ပွဲသာ ရှိထားပြီး ၂၇ ပွဲအထိ အနိုင်ရထားတဲ့ အေဂျက်စ်ရဲ့ စွမ်းဆောင်ရည်က အားရစရာ ကောင်းလွန်းနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲဆက် အနိုင်ရထားတဲ့ အပြင် အဲ့ဒီ ၁၀ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ပြီး ရဂိုး ကတော့ ၃၅ ဂိုး အထိ ရှိထားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာလည်း တိုက်စစ်က ဂိုး ၂၀ သွင်းခဲ့ပြီး အေဂျက်စ်ထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တာ ဆိုလို့ ၂၂ ဂိုး ရခဲ့တဲ့ ဘေယန်မြူးနစ် တစ်သင်းပဲ ရှိပါတယ်။ လက်တလော အသင်းမှာ ရှောင်ကလိုင်ဘာ၊ တက်ဂ်လီယာဖီကို၊ စတယ်ကယ်လန်ဘာ့ဂ်၊ ဘရော့ဘီတို့ ဒဏ်ရာပြသနာ ရှိနေပေမယ့် ဒီရာသီ ချန်ပီယံလိဂ် မှာ ဂိုးအများဆုံး သွင်းထားတဲ့ ဆဘက်ရှန် ဟော်လာနဲ့ အတူ တာဒစ်၊ အန်တိုနီ၊ ဘာ့ဂ်ဟျူ့စ်၊ အဲလ်ဗာရက်ဇ်၊ ဂရာဗန်ဘက်ချ်၊ ဒါလေး ဘလိုင်း၊ မာတီနက်ဇ်၊ မက်ဇ်ရာအိုရီ၊ တင်ဘာ၊ ပက်စ်ဗီရာ တို့ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘင်ဖီကာနဲ့ အေဂျက်စ်တို့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်သာ ရှိထားခဲ့ပြီး အေဂျက်စ်က ၂ ကြိမ်နိုင်ကာ ဘင်ဖီကာက ၁ ကြိမ် ပြန်လည် အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ပထမအကျော့ နယ်သာလန်မြေမှာ အေဂျက်စ်တို့ ၁-၀ နဲ့ အနိုင်ရခဲ့သလို ဒုတိယအကျော့ ဘင်ဖီကာ ကွင်းမှာတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘင်ဖီကာ – အေဂျက်စ်အချိန်ပြည့် ဧည့်သည် @ ၁.၈၃ ဆ
ဖေဖော်ဝါရီလ၂၄ ရက်၊ ည ၂:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ ဘင်ဖီကာ အတွက် ၄.၂၀ ဆ၊ အေဂျက်စ် အတွက် ၁.၈၃ ဆ၊ သရေ အတွက် ၃.၅၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခံစစ်နဲ့ တိုက်စစ်ကို အမျှတဆုံး ကစားနိုင်ပြီး နောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားတဲ့ အေဂျက်စ်ရဲ့ အရှိန်ကောင်း တစ်ခုကို ဘင်ဖီကာတို့ ရပ်တန့်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နည်းပြချင်း နှိုင်းယှဉ်ကြည့်ရင်လည်း အတွေ့အကြုံနဲ့ နည်းဗျူဟာ ကြွယ်ဝမှု အများကြီး ကွာဟချက် ရှိနေပါတယ်။ အေဂျက်စ်တို့ ပေါ်တူဂီ မြေမှာ ဂိုးပြတ် အနိုင်ရဖို့ မခက်ပါဘူး။ ဒါကြောင့် ဧည့်သည် အသင်း ဘက်ကပဲ ရဲရဲတင်းတင်း ရပ်တည်ထားဖို့ အကြံပြုချင်ပါတယ်။ တိုက်စစ်ကောင်းတဲ့ အသင်းတွေ ဖြစ်ပေမယ့် အေဂျက်စ်ရဲ့ ခံစစ်ကြောင့် သွင်းဂိုး အများကို အရဲမစွန့်စေချင်ပါဘူး။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်