နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အတ္တလန္တာကို ဂိုးပြတ် အနိုင်ယူပြီး ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားတဲ့ ကလပ် ဘရုဂေး

ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘယ်လ်ဂျီယံ ကလပ် ကလပ် ဘရုဂေးက အတ္တလန္တာကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ကလပ် ဘရုဂေးက နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အတ္တလန္တာကို အပြတ်အသတ် အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။

ပထမကျော့ ဘယ်လ်ဂျီယံ မြေမှာ ၂-၁ ရလဒ်နဲ့ ရှုံးထားတဲ့ အတ္တလန္တာက သူတို့ရဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်း ပြန်လည် ရှာဖွေနိုင်ဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဂိုးမှာ ကာနက်ဆက်ချီ၊ ခံစစ်မှာ တိုလိုအီ၊ ဂျင်မ်စီတီ၊ ကိုလာဆီနက်ချ်၊ ကွင်းလယ်မှာ ဒီရွန်၊ အီဒါဆင်၊ ကွာဒွာဒို၊ ဇာပါကော်စတာ၊ တိုက်စစ်မှာ ပါဆာလစ်၊ ဒီကတ်တယ်လာရီနဲ့ ရက်တီဂူအီ တို့ကို ကစားစေခဲ့ပါတယ်။ ကလပ် ဘရုဂေး ကတော့ ပထမအကျော့က လူစာရင်း အတိုင်း အပြောင်းအလဲ မရှိခဲ့ပဲ အတ္တလန္တာကို ရင်ဆိုင်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အတ္တလန္တာက တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း အထိ ရှိခဲ့သလို ဂိုးပေါက် ကန်ချက် အကြိမ် ၃၀ အထိ ပြုလုပ်ပြီး ကလပ် ဘရုဂေး ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားခဲ့တာပါ။ ပွဲက တော်တော်လေး မြိုင်ဆိုင်ခဲ့ပြီးတော့ အတ္တလန္တာက ပွဲချိန် တလျှောက်လုံး တိုက်စစ်ဆင်ခဲ့သလို ကလပ် ဘရုဂေး ကလည်း တန်ပြန် တိုက်စစ်ကို ထိထိရောက်ရောက် ကစားသွားခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ် မှာတင်ပဲ ကလပ် ဘရုဂေးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး တန်ပြန် တိုက်စစ် ကနေ တဆင့် တဲလ်ဘီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၇ မိနစ်မှာလည်း တဲလ်ဘီ ကပဲ ကလပ် ဘရုဂေး အတွက် နောက်ထပ် သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့လို့ အတ္တလန္တာတို့ စောစောစီးစီးပဲ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက်မဲ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂတ်စ်ပီရီနီရဲ့ အသင်းက သွင်းဂိုးတွေ လိုအပ်နေမှုကို အဖြေရှာဖို့ အတွက် ခံစစ်က ဂိုးတွေ ပေးနေရသည့် တိုင်အောင် ဆက်လက် တိုက်စစ်ဖွင့်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ကလပ် ဘရုဂေးက ပထမအကျော့မှာရော ဒုတိယအကျော့မှာပါ သူတို့ ဘယ်လောက် အဆိပ်ပြင်းသလဲ ဆိုတာ ပြသနိုင်ခဲ့ခြင်းနဲ့ အတူ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကလပ် ဘရုဂေး ဘက်ကို ဂိုးပေါက် ကန်ချက် အကြိမ် ၃၀ အထိ ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာ ရခဲ့တဲ့ အတ္တလန္တာ

ရက်တီဂူအီရဲ့ သွင်းဂိုး လူကျွံနေခဲ့သလို ဇာပါကော်စတာ၊ ကွာဒွာဒို တို့ရဲ့ ကန်ချက်တွေ တိုင်ထိခဲ့တာကြောင့် အတ္တလန္တာတို့ ဂိုးပေါက် ပျောက်ခဲ့ရပါတယ်။ အဲဒီနောက် ကလပ် ဘရုဂေးက တန်ပြန် တိုက်စစ် ကနေပဲ တတိယမြောက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဂျူဂလာက ဧရိယာ ထိပ်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ အတ္တလန္တာက ပါဆာလစ် အစား အဒမ်မိုလာ လွတ်ခ်မန်းကို ထည့်သွင်းပြီး တိုက်စစ်ထပ်မြှင့်ခဲ့ပါတယ်။ လွတ်ခ်မန်း ဝင်လာချိန်မှာ အတ္တလန္တာ တိုက်စစ်က ပိုကောင်းသွားခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာ လွတ်ခ်မန်းက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၆၁ မိနစ်မှာ အတ္တလန္တာတို့ ပင်နယ်တီ ရခဲ့ပေမယ့် လွတ်ခ်မန်းရဲ့ ကန်သွင်းမှုကို မစ်ဂ်နိုလတ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘရုဂေးက ခံစစ် လုံးဝ ပိတ်ကစားခဲ့တာကြောင့် အတ္တလန္တာတို့ စိတ်ကြိုက် တိုက်စစ်ဖွင့် ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုးတွေတော့ မရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကလပ် ဘရုဂေးရဲ့ ဝါရင် ဂိုးသမားကြီး မစ်ဂ်နိုလတ် တော်တော်လေး လက်စွမ်းပြသွားနိုင်ခဲ့ပြီး အတ္တလန္တာ အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့ရပါတယ်။ ပွဲပြီးခါနီးလေ ပွဲက ပိုပြီး ကြမ်းတမ်းလေ ဖြစ်ခဲ့ပြီး တိုလိုအီ တစ်ယောက် ဒေါသမထိန်းနိုင်ခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရပါသေးတယ်။ 

ဒီနှစ်သင်းမှာဆိုရင် အတ္တလန္တာ တို့ပဲ နောက်တစ်ဆင့် တက်မယ်လို့ ထင်ကြေးပေးသူတွေ များပြားခဲ့တာပါ။ ဒါပေမယ့်လည်း ကလပ် ဘရုဂေးက ပထမအကျော့မှာရော ဒုတိယအကျော့မှာပါ သူတို့ ဘယ်လောက် အဆိပ်ပြင်းသလဲ ဆိုတာ ပြသနိုင်ခဲ့ခြင်းနဲ့ အတူ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အတ္တလန္တာ ကတော့ နှစ်ကျော့စလုံး တိုက်စစ်ဆင်နေရုံကလွဲလို့ အမှန်တကယ် လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြခဲ့တာနဲ့၊ ကံမကောင်းခဲ့တာကြောင့်လည်း ပါပါတယ်။ ဘာပဲပြောပြော ပါးပါးနပ်နပ်နဲ့ ကစားပြီး နောက်တစ်ဆင့် တက်သွားတဲ့ ကလပ် ဘရုဂေးကို မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်