မန်ချက်စတာစီးတီး ကတော့ အခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း ယိမ်းယိုင်နေခြင်းနဲ့ အတူ ချန်ပီယံလိဂ်မှာ ရှုံးထွက် ပလေးအော့ဖ် ကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက လက်ကျန် ၁၆ သင်းထဲ ကမှ ဘယ်အသင်း ချန်ပီယံ အဖြစ်နိုင်ဆုံးလဲ ဆိုတာ ရွေးချယ် ခန့်မှန်းပေးသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ တစ်ရာသီကျော်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားခဲ့တော့ ပြီးခဲ့တဲ့ နှစ်မှာတော့ ကွာတားဖိုင်နယ် အဆင့်ထိသာ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဒီရာသီ ချန်ပီယံလိဂ် မှာတော့ အစောဆုံး အခြေအနေနဲ့ ရှုံးထွက် ပလေးအော့ဖ် အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ပရီးမီးယားလိဂ် မှာ Top 4 ဝင်ရောက်ဖို့နဲ့ အက်ဖ်အေဖလားမှာ အောင်မြင်မှု ရဖို့သာ ကြိုးပမ်းရတော့မှာလည်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ်မှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့စလုံး အရှုံးပေးခဲ့ရကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့် အသင်း ၄ သင်း အကြောင်းကို အခုလိုပဲ ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “မက်ဒရစ်က ပြိုင်ဘက်ကောင်း တစ်သင်း ဖြစ်တယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် တခြား ကောင်းတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ချန်ပီယံလိဂ် ရာသီတစ်ခု ဖြစ်လာမှာပါ။ မက်ဒရစ်ဟာ ဒီဆုဖလား အတွက် အမြဲတမ်း ရေပန်းအစားဆုံးပါပဲ။ အရမ်းကောင်းတဲ့ ရာသီကို ဖြတ်သန်းနေတဲ့ တခြား အသင်းတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က အမြဲတမ်း ရေပန်းအစားဆုံး ဖြစ်နေမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး “ဒါပေမယ့် အရမ်းကောင်းကောင်း ကစားနေတဲ့ တခြား အသင်းတွေလည်း ရှိနေပါတယ်။ လစ်ဗာပူးလ်ဟာ လက်ရှိအချိန် အထိ အရမ်းကောင်းတဲ့ ရာသီကို ဖြတ်သန်းနေပါတယ်၊ ဘာစီလိုနာက အံ့ဩစရာ ကောင်းပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း လူးဝစ် အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီ ကလည်း တက်ရိပ်ပြနေပါတယ်။ ဒါပေမယ့် မက်ဒရစ်ကသာ ရေပန်းအစားဆုံး ဆိုတာ ထင်ရှားပါတယ်။” လို့ ဂွါဒီယိုလာက ပြောဆိုသွားပါသေးတယ်။
မနေ့ညကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ မဲနှိုက် ရေးဆွဲခဲ့ပြီး အာဆင်နယ်က ပီအက်စ်ဗွီ၊ ရီးရဲလ်မက်ဒရစ်က အက်တလက်တီကိုမက်ဒရစ်၊ လစ်ဗာပူးလ်က ပီအက်စ်ဂျီ၊ ကလပ် ဘရုဂေးက အက်စတွန်ဗီလာ၊ ဘင်ဖီကာက ဘာစီလိုနာ၊ ဒေါ့မန်က လိုင်လီ၊ ဘေယန်မြူးနစ်က လေဗာကူဆင်၊ ဖီယင်နော့ဒ်က အင်တာမီလန် တို့နဲ့ တွေ့ဆုံနေခဲ့ပါတယ်။ မဲခွဲမှု ရလဒ် အရ ဆိုရင် ဘာစီလိုနာက လမ်းကြောင်းချောင်နေပြီးတော့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ် တို့ကတော့ တော်တော်လေး ကြပ်နေတာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.