နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလပ် ဘရုဂျက်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ဖို့ အခြေအနေကောင်းနေတဲ့ ဗီလာ | ချန်ပီယံလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အက်စတွန်ဗီလာက ကလပ် ဘရုဂျက်ကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်း အတွက် အရမ်းကြီး လွယ်ကူတဲ့ ပွဲစဉ် မဟုတ်ခဲ့ပေမယ့်လည်း ပြတ်သားတဲ့ ရလဒ်နဲ့ အတူ နောက်တစ်ဆင့် တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် ဘရုဂျက် ဘက်မှာ မစ်ဂ်နိုလတ်၊ ဆက်ဘီ၊ အော်ဒိုနက်ဇ်၊ မက်ချီလီ၊ ဒီကိုင်ပါ၊ အွန်ရယ်ဒီကာ၊ ဂျာရှာရီ၊ တဲလ်ဘီ၊ ဇိုးလစ်၊ ဗနာကန်၊ ဂျတ်ဂလာ တို့ ပါဝင်ခဲ့ကြပါတယ်။ အက်စတွန်ဗီလာ မှာတော့ တိုက်စစ်မှာ အိုလီဝက်ကင်န် ဦးဆောင်လာပြီးတော့ တောင်ပံ နှစ်ဖက်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဘိုင်လီ၊ ကွင်းလယ်မှာ ရော်ဂျာစ်၊ တေးလီမန့်စ်၊ မက်ဂင်းန်၊ ခံစစ်မှာ ဒစ်ဂ်နီး၊ မင်းဂ်၊ ကွန်ဆာ၊ ဒီယာဆီ၊ မာတီနက်ဇ် တို့ ပွဲထွက်ခဲ့ကြပါတယ်။

ကလပ် ဘရုဂျက် အတွက် ကတော့ ဒီနှစ် ချန်ပီယံလိဂ် ခရီးလမ်းက ပြီးဆုံးသွားခဲ့ပြီလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်နဲ့ပဲ လှည့်ပြန်ရဖို့ များသွားတဲ့ ကလပ် ဘရုဂျက်

အက်စတွန်ဗီလာက ပွဲစကတည်းက အိမ်ရှင် ဘက်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီးတော့ ပွဲချိန် ၃ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ Set Piece ကနေ တဆင့် ကန်တင်ပေးရာ ကနေ ပြန်ကျလာတာကို တောင်ပံ ကစားသမား လီယွန် ဘိုင်လီက ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ပွဲမှာ နှစ်သင်းစလုံးက သူတို့ အားသန်တဲ့ လျင်မြန်တဲ့ တောင်ပံ တိုက်စစ်တွေကို အကောင်းဆုံး အသုံးချပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲချိန် ၁၂ မိနစ် မှာတော့ ကလပ် ဘရုဂျက်တို့ ချေပဂိုး ရသွားခဲ့ပြီး ကွင်းလယ် ကနေ ဂျရှာရီ ကန်တင်ပေးလိုက်တာကို ဇိုးလစ် ပြန်ဖန်တီးပေးပြီး အသင့်လိုက်ပါလာတဲ့ ဒီကိုင်ပါက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပြီး နှစ်ဖက် ဂိုးသမားတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ မစ်ဂ်နိုလတ်တို့ လက်စွမ်းပြ ကာကွယ်နေလို့သာ သွင်းဂိုးတွေ မမြင်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၈၀ အကျော် မှာတော့ အက်စတွန်ဗီလာတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ရော်ဂျာစ်ရဲ့ ကန်တင် ပေးပို့မှုကို ဘရုဂျက် နောက်ခံလူ မက်ချယ်လီ တားဆီးရာမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့တာပါ။ လက်ကျန် ပွဲချိန်တွေမှာ အက်စတွန်ဗီလာရဲ့ ဖိအားပေးမှုတွေကြောင့် ကလပ် ဘရုဂျက်တို့ အမှားတွေ ပိုများခဲ့သလို ပွဲချိန် ၈၈ မိနစ် မှာတော့ ပင်နယ်တီပေးခဲ့ရပါတယ်။ မက်တီ ကတ်ရှ်ကြောင့် ရတဲ့ ပင်နယ်တီ ကိုတော့ မာကို အဆန်စီယိုက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာကြောင့် အက်စတွန်ဗီလာတို့ ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ အက်စတွန်ဗီလာတို့ ဒုတိယအကျော့ မကစားခင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ သေချာစေခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်း အနေနဲ့ ဒုတိယအကျော့ ဗီလာပါ့ခ်မှာ သက်တောင့်သက်သာ ကစားနိုင်တော့မှာ ဖြစ်ပြီး အနိမ့်ဆုံး ၁-၀ နဲ့ ရှုံး၊ ဒါမှမဟုတ် သရေကျခဲ့ရင်တောင် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ ကလပ် ဘရုဂျက် အတွက် ကတော့ ဒီနှစ် ချန်ပီယံလိဂ် ခရီးလမ်းက ပြီးဆုံးသွားခဲ့ပြီလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်