နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ခြေစွမ်းပြပြီး စံချိန်တင် နိုင်ပွဲရရှိတဲ့ ဒိန်းမတ် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ဒိန်းမတ် ၈ – ၀ မောလ်ဒိုဗာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (စ) မှာတော့ ဒိန်းမတ်တို့ မောလ်ဒိုဗာကို တိုက်စစ်ခြေစွမ်းပြပြီး ၈ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် နိုင်ပွဲ ရရှိခဲ့တဲ့ ဒိန်းမတ်တို့ ပထမပွဲမှာလည်း အစ္စရေးကို ၂ ဂိုးပြတ် အနိုင်ရထားလို့ ၂ ပွဲကစား ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်၊ ရဂိုး ၁၀ ဂိုး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု စ ကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒိန်းမတ် တို့ ဒီနေ့ပွဲမှာ အိုလ်ဆင်၊ ဗတ်စတာဂတ်၊ လာဆင် တို့လောက်ပဲ ပါဝင်ခဲ့ပြီး အဓိကကစားသမား အများစုကို ပထမလူစာရင်းကနေ ချန်လှပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ လူငယ်ကစားသမား တွေကတော့ အကောင်းဆုံး ပုံစံတစ်ခုကို ဆက်ထိန်းပြသွားခဲ့ပြီး ပထမပိုင်းမှာ ၅ ဂိုး ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင် သွင်းဂိုးနဲ့ နိုင်ပွဲတစ်ပွဲ ရရှိခဲ့ပါတယ်။ ဒိန်းမတ်တို့ ပွဲချိန် ၁၉ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး မောလ်ဒိုဗာ အသင်းခေါင်းဆောင်ကြောင့် ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို နိုက်စ် တိုက်စစ်မှူး ကတ်စပါ ဒေါလ်ဘာဂျ်က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၂၂ မိနစ်နဲ့ ၂၉ မိနစ်မှာ မီခယ်ဒမ်းစ်ဂတ်၊ ၃၅ မိနစ်မှာ လာဆင်၊ ၃၉ မိနစ်မှာ မာသီးယက်စ် ဂျန်ဆန်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ဒိန်းမတ်တို့ ၅ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး ၃ မိနစ် အကြာမှာလည်း ကတ်စပါဒေါလ်ဘာဂျ်၊ ပွဲချိန် ၈၁ မိနစ်နဲ့ ၈၉ မိနစ်မှာ ရောဘတ် စကော့ဗ်နဲ့ ၈၉ မိနစ်မှာ လူစားဝင်ကစားသမား မားကပ်စ် အင်ဂ်ဗတ်ဆန် တို့က ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့လို့ ဒိန်းမတ်တို့ ၈ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

နောက်ပြီး ကစားသမားဘဝ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ပထမဦးဆုံး သွင်းဂိုးကို စတင်ပိုင်ဆိုင်ခဲ့သူ ဒမ်းစ်ဂတ်ကတော့ မကြာခင်မှာ ဥရောပထိပ်သီး အသင်းကြီးတွေ မျက်စိကျစရာ ဖြစ်လာဦးမှာ အသေအချာပါပဲ။
၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့တဲ့ မီခယ်ဒမ်းစ်ဂတ်

ဒီပွဲမှာ ဒိန်းမတ်တို့ ဒုတိယပွဲထွက် လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ခရစ္စတီယန်အဲရစ်ခ်ဆင်၊ ဆိုင်မွန်ချားတို့လို ကစားသမားတွေ ပွဲပြီးခါနီးမှ ဝင်လာခဲ့ပေမယ့် အသင်းသမိုင်းမှာ ဂုဏ်ယူစရာ နိုင်ပွဲတစ်ပွဲကို ဆောင်ကျဉ်းပေးနိုင်ခဲ့ ပါတယ်။ ဒီနေ့ပွဲမှာ ဆမ်ဒိုးရီးယား လူငယ်တိုက်စစ်မှူးလေး မီခယ်ဒမ်းစ်ဂတ်ရဲ့ တောက်ပမှုကို မြင်တွေ့ခဲ့ရပြီး ၂ ဂိုး ဖန်တီးပြီး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ပြီး ကစားသမားဘဝ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ပထမဦးဆုံး သွင်းဂိုးကို စတင်ပိုင်ဆိုင်ခဲ့သူ ဒမ်းစ်ဂတ်ကတော့ မကြာခင်မှာ ဥရောပထိပ်သီး အသင်းကြီးတွေ မျက်စိကျစရာ ဖြစ်လာဦးမှာ အသေအချာပါပဲ။ မောလ်ဒိုဗာကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၁ မှတ်နဲ့ ဥရောပဇုန် အုပ်စု စ ရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဒိန်းမတ်တို့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ဩစတြီးယားနဲ့ ကစားဖို့ရှိပြီး မောလ်ဒိုဗာ ကတော့ အစ္စရေးနဲ့ ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်