နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘိုဒိုဂလင့်မ်နဲ့ ပွဲမှာ စိုးရိမ်စိတ်တွေ ရှိခဲ့တယ် ဆိုတဲ့ အမော်ရင် | ယူရိုပါလိဂ်

လက်ရှိ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်က ဘိုဒိုဂလင့်မ်ကို အိုးထရက်ဖို့ဒ်မှာ ခက်ခက်ခဲခဲ ကစားပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ပထမဦးဆုံး နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း နော်ဝေ ကလပ်ကို ခက်ခက်ခဲခဲ ကစားပြီးမှ အဖိုးတန် နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ပွဲအပြီးမှာ နည်းပြ ရူဘင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက် နည်းပြ ဘဝ ပထမဆုံးသော နိုင်ပွဲကို စတင် ပိုင်ဆိုင်ခဲ့ပေမယ့်လည်း စိုးရိမ်ကြောင့်ကြမှုတွေ ခံစားခဲ့ရကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ အမော်ရင်က “ပွဲအစမှာ ကောင်းခဲ့ပေမယ့် transitions ၂ ကြိမ် ကနေ ၂ ဂိုး ပြန်ပေးလိုက်ရပါတယ်။ ကစားသမားတွေ ကြိုးစား ပမ်းစားနဲ့ ကစားသွားတဲ့ ပုံစံ ကိုတော့ ကျွန်တော် သဘောကျမိတယ်။ တစ်ခါတစ်လေမှာ ကျွန်တော် တို့က ဘောလုံးတွေ ရပေမယ့်လည်း ဘောလုံး မှားယွင်း ပေးပိုသလိုမျိုး အရင်တုန်းက ရှိခဲ့ဖူးတဲ့ ပြသာနာတွေကြောင့် ကစားသမားတွေရဲ့ အတွေးအခေါ်က ဘောလုံးကို ထိန်းထားနိုင်ဖို့ ဖြစ်လာပါတယ်။” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး အမော်ရင်က “ကစားသမားတွေက တကယ့်ကို ကြိုးစား ကစားသွားကြတာ ဖြစ်လို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲက ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ မသိနိုင်လို့ ကျွန်တော် စိုးရိမ်ကြောင့်ကြခဲ့ရပါတယ်။ လောလောဆယ် ဘာကိုမှ ထိန်းချုပ်လို့ မရနိုင်ဘူး ဆိုပေမယ့် ဒါက ကျွန်တော်တို့တွေ မတူညီတဲ့ အရာတွေကို ကြည့်ဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော် အသင်းက ကစားသမားတွေ အကြောင်း အကုန်လုံး မသိသေးသလို ကျွန်တော်တို့လည်း အလုပ်တွဲလုပ်တာ မကြာသေးပါဘူး။ ကျွန်တော် တို့က ပွဲကို စိတ်လှုပ်ရှားစွာ ကစားနေကြပေမယ့် တစ်ချိန်တည်းမှာပဲ ပွဲ ကို ဘယ်လိုသွားမလဲ ဆိုတာ မသိရလို့ စိုးရိမ်ပူပန်စရာတွေ ဖြစ်ခဲ့ရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ ယူရိုပါလိဂ် လိဂ် အဆင့်မှာ ၅ ပွဲ ကစား၊ ၂ ပွဲ နိုင်၊ ၃ ပွဲ သရေ၊ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဘဝ ပထမဦးဆုံး နိုင်ပွဲ ရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ နည်းပြသစ် အမော်ရင် လက်ထက် ပွဲဦးထွက်မှာ အစ်ပ်ဆွစ်ချ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်ဟာ အစ်ပ်ဆွစ်ချ်ကို စောစောစီးစီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာတော့ ၃-၂ ရလဒ်နဲ့ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ ဘိုဒီဂလင့်မ်ရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီးမှ ဟွိုက်ဂျ်လန်းရဲ့ ဂိုးတွေနဲ့ အတူ နိုင်ပွဲ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ တိုက်စစ်ပိုင်းက အားနည်းချက် များစွာ ရှိခဲ့ပြီးတော့ တော်တော်လေးလည်း ဖြုန်းတီးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ အမှားနည်းခဲ့ပေမယ့် ခံစစ်ပိုင်း မှာလည်း အားနည်းချက်များစွာ ရှိခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ ယူရိုပါလိဂ် လိဂ် အဆင့်မှာ ၅ ပွဲ ကစား၊ ၂ ပွဲ နိုင်၊ ၃ ပွဲ သရေ၊ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်