နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပ၀င်ခွင့် မရတဲ့ အသင်းငယ်တွေ ကိုသာ ကိုင်တွယ်သွားချင်တော့တယ် ဆိုတဲ့ မော်ရင်ဟို | ယူရိုပါလိဂ်

ဖီနာဘာချီရဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကတော့ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာတော့ အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ မော်ရင်ဟိုက အဲဒီ အခြေအနေနဲ့ ပတ်သတ်ပြီးတော့ သူ့အနေနဲ့ လာမယ့် အနာဂတ်မှာ ဥရောပ၀င်ခွင့် မရတဲ့ အသင်းငယ်တွေ ကိုသာ ကိုင်တွယ်သွားချင်တော့တယ် ဆိုပြီး ရွဲ့စောင်းကာ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက ယူရိုပါလိဂ်မှာ သူ့ရဲ့ အသင်းဟောင်းနဲ့ ထိပ်တိုက် တွေ့ဆုံရချိန် ဒုတိယပိုင်းမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ မော်ရင်ဟိုက သူ့ အသင်း အတွက် ပင်နယ်တီ ဧရိယာ အတွင်း ရရှိသင့်တဲ့ ပြစ်ဒဏ်ဘောကို မသတ်မှတ်ပေးခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကို စောဒက်တက်မိရာ ကနေ တိုက်ရိုက် အနီကတ် ပြခံရပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို အနီကတ် ပြသခံခဲ့ရတဲ့ ဟိုဆေး မော်ရင်ဟို က အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုက “ကျွန်တော် လုပ်ဆောင်ရမယ့် အကောင်းဆုံးအရာ ကတော့ ဖီနာဘာချီ ကနေ ထွက်ခွာဖြစ်ချိန်မှာ ဥရောပ ပြိုင်ပွဲတွေကို မကစားရတဲ့ ကလပ် အသင်းဆီ သွားဖိုပါပဲ။ ဒါကြောင့် ၂ နှစ် အတွင်း နည်းပြ တစ်ဦး လိုအပ်နေတဲ့ အင်္ဂလန်ရဲ့ အောက်ခြေက အသင်း တစ်သင်းသင်း ဆီကို ကိုင်တွယ်ဖို့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ။ ဒီအနီကတ် အကြောင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို ဆက်မပြောချင်တော့ပါဘူး။ ပွဲအကြောင်း ကိုပဲ ပြောသွားချင်ပါတယ်။ အခု အနီကတ်ကို အယူခံဝင်လိုက်မယ် ဆိုရင် ကျွန်တော် ၆ လ လောက် အထိပါ ပွဲပယ်ခံနေရပါဦးမယ်။ ရိုးမားနဲ့ ဆီဗီလာ ဗိုလ်လုပွဲ နောက်ပိုင်း ကတည်းက အနီကတ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို မလုပ်ဆောင်တော့တာပါ။” လို့ ဆိုပါတယ်။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက ယူရိုပါလိဂ်မှာ သူ့ရဲ့ အသင်းဟောင်းနဲ့ ထိပ်တိုက် တွေ့ဆုံရချိန် ဒုတိယပိုင်းမှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ဥရောပ ဒိုင်လူကြီးတွေကို ခနဲ့လိုက်တဲ့ မော်ရင်ဟို

ဆက်လက်ပြီး မော်ရင်ဟိုက“ဒါကြောင့် ကျွန်တော့် အနေနဲ့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးရာမှာ နေတာက ကျွန်တော့် အတွက် အနာဂတ် ပိုကောင်းမယ် ထင်ပါတယ်။ ဒါမှ ကျွန်တော်လည်း စိတ်ရှုပ်စရာတွေနဲ့ မကြုံရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ယူနိုက်တက်နဲ့ ပွဲမှာ အနီကတ်ပြခဲ့တဲ့ ဒိုင်က မျက်လုံး တစ်လုံးနဲ့ ပြစ်ဒဏ်ဘော အနေအထားကို ကြည့်နေခဲ့သလို ကျန်တဲ့ မျက်လုံး တစ်ဖက် ကလည်း သူ့ကို လှမ်းကြည့်နေနိုင်ခဲ့တဲ့ အတွက် ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီး ဆိုပြီးတော့ပါ ခပ်ထေ့ထေ့ ပြောဆိုသွားခဲ့ပါသေးတယ်။ 

မော်ရင်ဟိုဟာ ဒိုင်တွေနဲ့ ပတ်သတ်လာရင် အမြဲတမ်း စောဒကတက်သူ ဖြစ်တာကြောင့် မကြာခဏဆိုသလို အနီကတ် ပြသခံရသူ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ အနီကတ် ပြသခံခဲ့ရတဲ့ ပွဲအများစုက ဥရောပ ပွဲစဉ်တွေမှာ ဖြစ်ပြီး ရိုးမား နည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်တုန်း ကလည်း ရိုးမားနဲ့ ဆီဗီလာ တို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲစဉ်မှာပါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်