နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းဟောင်း ယူနိုက်တက်ကို အောင်မြင်စေချင်ကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့တဲ့ မော်ရင်ဟို | ယူရိုပါလိဂ်

လက်ရှိ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ သူရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို အောင်မြင်စေချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဖီနာဘာချီဟာ ဒီကနေ့ ညမှာ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် အဖြစ် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်း ဖြစ်ပါတယ်။

ပွဲစဉ် တစ်ပွဲ မကစားမီအချိန်တိုင်း ပြိုင်ဘက် အသင်းကို စကားစစ်ထိုးတတ်တဲ့ စပယ်ရှယ်ဝမ်း တစ်ယောက် အမှန်တကယ် စိတ်ရင်းနဲ့ ပြောကြားခဲ့သလား။ တမင်တကာပဲ ခနဲ့ပြီး ပြောဆိုခဲ့သလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။ ဟိုဆေး မော်ရင်ဟိုက သူ့ကို ထုတ်ပယ်ခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို အောင်မြင်မှု ပြန်လည် ရရှိစေချင်တယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကနေ ထုတ်ပယ်ခံရပြီးနောက် တော့တင်ဟမ်ဟော့စပါးနဲ့ ရိုးမား မှာပါ ဆက်လက် ထုတ်ပယ်ခံခဲ့ရသူ ဟိုဆေး မော်ရင်ဟိုက လက်ရှိ မှာတော့ ဖီနာဘာချီကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ဖီနာဘာချီက မော်ရင်ဟို လက်အောက်မှာ ခြေစွမ်းပိုင်း မဆိုးလှသလို အခုလည်း ယူရိုပါလိဂ်မှာ အသင်းဟောင်း ယူနိုက်တက်နဲ့ တွေ့ဆုံရင်း ခြေစွမ်း အစမ်းသပ်ခံရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ မော်ရင်ဟိုက“လာမယ့် အနာဂတ်မှာ မန်ချက်စတာယူနိုက်တက် အကောင်းဆုံးတွေ ဖြစ်ပါစေ အောင်မြင်မှုတွေ ရရှိပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ကျွန်တော် ယူနိုက်တက်မှာ ပျော်ရွှင်ရပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ယူရိုပါလိဂ် ဖလား လည်း ရခဲ့တယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဆိုရင်လည်း အဆင့် ၂ အထိ ရောက်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။

မော်ရင်ဟိုက ယူနိုက်တက်မှာ နည်းပြ လူးဝစ္စ ဗန်ဟားလ် နေရာကို အစားထိုး ဝင်ရောက်လာခဲ့သူ ဖြစ်ပြီးတော့ သူရဲ့ ပထမဆုံး ဘောလုံး ရာသီမှာပဲ ကွန်မြူနတီဒိုင်း၊ ခရာဘောင်ဖလားနဲ့ ယူရိုပါလိဂ် ဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်မှာ ပထမဦးဆုံး ရာသီမှာတင် ဆုဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ မော်ရင်ဟို

ဆက်လက်ပြီး မော်ရင်ဟိုက “ကျွန်တော် အသင်း ကနေ ထွက်ခွာသွားချိန် မှာတော့ ကလပ်နဲ့ အသင်း ပရိသတ်တွေ အတွက် ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ပဲ စွန့်ခွာခဲ့တာပါ။ တကယ်လို့ မန်စီးတီးက အပြစ်ပေး အရေးယူခံရမယ်ဆိုရင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလား ရနိုင်မယ့် အခွင့်အရေးမျိုး ရှိနေပါတယ်။ အဲ့ဒီလိုသာ ဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော့်ကို ဆုတံဆိပ်နဲ့ အပိုဆုကြေးတွေ ပေးရပါမယ်။” လို့လည်း မော်ရင်ဟိုက ပြောကြားသွားခဲ့ပါသေးတယ်။ 

မော်ရင်ဟိုရဲ့ ဖီနာဘာချီနဲ့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက် တို့ဟာ ဒီကနေ့ ညမှာပဲ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ထိပ်တိုက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါက မော်ရင်ဟို စပါးကို ကိုင်တွယ်ပြီး နောက်ပိုင်း အသင်းဟောင်း ယူနိုက်တက်နဲ့ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။ မော်ရင်ဟိုက ယူနိုက်တက်မှာ နည်းပြ လူးဝစ္စ ဗန်ဟားလ် နေရာကို အစားထိုး ဝင်ရောက်လာခဲ့သူ ဖြစ်ပြီးတော့ သူရဲ့ ပထမဆုံး ဘောလုံး ရာသီမှာပဲ ကွန်မြူနတီဒိုင်း၊ ခရာဘောင်ဖလားနဲ့ ယူရိုပါလိဂ် ဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ တတိယမြောက် ရာသီ ကျိန်စာဆိုးကြောင့်ပဲ ရာသီဝက် မတိုင်ခင်မှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်