နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ (ပွဲပြီးသုံးသပ်ချက်များ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ မှာတော့ ဂျာမန် ကလပ်တွေ ဖြစ်တဲ့ ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပြီး ဗိုလ်လုပွဲ တက်ဖို့လည်း အခြေအနေ ကောင်းသွားခဲ့ကြပါတယ်။


ဝက်စ်ဟမ်း ၁-၂ ဖရန့်ဖတ်

လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ် ကတော့ ပွဲစကတည်းက ပြိုင်ဆိုင် ခပ်ပြင်းပြင်းနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ကြည့်လည်း ကောင်းခဲ့ပါတယ်။ နှစ်သင်းလုံး လူစာရင်း အပြည့်အစုံနဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ကြပြီး ဝက်စ်ဟမ်းရဲ့ ၄-၂-၃-၁ အခင်းအကျင်းမှာ အန်တိုနီယို၊ ဖော်နယ်စ်၊ လန်ဇီနီ၊ ဘိုဝင်၊ ဆိုရှက်ခ်၊ ရိုက်စ်၊ ဇူးမား၊ ဒေါ်ဆင်၊ ခရက်စ်ဝဲလ်၊ ဂျွန်ဆင်နဲ့ အာရီယိုလာတို့ ပါဝင်ခဲ့ပါတယ်။ ဖရန့်ဖတ် ကတော့ ဘိုရီ၊ ကာမာဒါနဲ့ လင်းစတွမ်း ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဆိုးဝ်၊ ရိုဒီ၊ ကေနော့ဖ်၊ ကော့စတစ်၊ တိုရေး၊ ဟင်တာရက်ဂါ၊ တူတာ၊ ထရပ်တို့ ပွဲထွက်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 5.20
ဂိုးပေါ် 3.25 @ 2.02
ဂိုးပေါင်း 0-1 @ 5.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝက်စ်ဟမ်းရဲ့ ပွဲအစပိုင်း အထနှေးမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဧည့်သည် ဖရန့်ဖတ်တို့ ပွဲချိန် ၁ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂိုးဧရိယာ ထိပ်ကနေ ဘိုရီ အမှတ်မထင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တောင်ပံ ကစားသမား ကေနော့ဖ်က ပြေးဝင်ပြီး ခေါင်းတိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဝက်စ်ဟမ်းတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ပြန်ယူပြီး ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဖရန့်ဖတ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို ကျော်ဖြတ်ရခက်နေခဲ့သလို ဂျရော့တ် ဘိုဝင်ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့တာကြောင့်လည်း အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၂၁ မိနစ် မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဇူးမား ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို အန်တိုနီယိုက ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းလုံး အပြန်အလှန် တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံး အပျက်များနေခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ဝက်စ်ဟမ်းတို့ တိုက်စစ် ပိုမြှင့်ခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာက ဖရန့်ဖတ် ပဲ ဖြစ်ပါတယ်။ လင်းစတွမ်း၊ ဆိုးဝ် တို့ရဲ့ အားထုတ်မှုကနေ ဂျပန် ကစားသမား ကာမာဒါက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဝက်စ်ဟမ်းတို့ ပွဲကို စိုးမိုးထားခဲ့ပေမယ့် ဖရန့်ဖတ်ရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့သလို ဘန်ရားမား၊ ဘိုဝင်တို့ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ ဒါ့အပြင် တစ်ချက်တစ်ချက်မှာ ဖရန့်ဖတ်ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး ကာမာဒါရဲ့ ကန်ချက် တိုက်ထိခဲ့လို့သာ ဝက်စ်ဟမ်းတို့ ဂိုးပြတ် မရှုံးခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာလို အသင်း ကိုယ်တောင် နူးကမ့်ပ်မှာ ဖြုတ်ချလာခဲ့တဲ့ ဖရန့်ဖတ်တို့ ဒီနေ့ပွဲလည်း အမြင့်ဆုံး စိတ်ဓာတ်နဲ့ စနစ်တကျ ကစားပြီး အဖိုးတန် နိုင်ပွဲ တစ်ပွဲ ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကြည့်ရတာ ပွဲပန်းနေပုံပေါ်ပြီး ကစားသမားတွေ အနေနဲ့ ကွင်းထဲမှာ ပြေးလွှားနေရုံမှ တပါး ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဖရန့်ဖတ်တို့ အခု အခြေအနေ အတိုင်းဆိုရင်တော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ဖို့ ရာနိုင်နှုန်း များသွားခဲ့ပေမယ့် ဒေးဗစ် မွိုက်စ်ရဲ့ အသင်း ကလည်း လျှော့တွက်လို့ မရတာကြောင့် ဒုတိယအကျော့ကို မဖြစ်မနေ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် လိုက်ပ်ဇစ်တို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရေး အလေးသာသွားခဲ့ပေမယ့် ရိန်းဂျားစ် အတွက် ကလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ မို့လို့ ဒုတိယအကျော့ ပွဲစဉ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိနေပါတယ်။
အိန်ဂျယ်လီနိုရဲ့ နောက်ကျဂိုးနဲ့ ရိန်းဂျားစ်ကို အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ် ၁-၀ ရိန်းဂျားစ်

လိုက်ပ်ဇစ်တို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ပွဲကို တောက်လျောက် ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှု အပိုင်းမှာ အားနည်းခဲ့လို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ လိုက်ပ်ဇစ်မှာ ကမ်ပဲလ်၊ အော်ဘန်၊ ဆီမာကန်၊ ဟိုင်ဒါရာ တို့လို အဓိက ကစားသမားတွေ လွဲချော်ခဲ့တယ် ဆိုပေမယ့် ရိန်းဂျားစ် ဘက်မှာလည်း လူသိပ်မစုံခဲ့ပါဘူး။ အိမ်ရှင် လိုက်ပ်ဇစ်တို့ တိုက်စစ်မှာ ဒန်နီ အောလ်မို ဦးဆောင်စေခဲ့ပြီး ဆဘိုလာအီ၊ အန်ကွန်ကူ၊ အဒမ်စ်၊ လိုင်မာ၊ အိန်ဂျယ်လီနို၊ ဂက်ဗာဒီယိုလ်၊ ဟန်းနရစ်ချ်၊ ဟဲလ်စတန်ဘက်ဂျ်၊ ကလော့စတာမန်၊ ဂူလက်ရှီ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ရိန်းဂျားစ် ကတော့ ခံစစ် အသားပေး ၅-၃-၂ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး လူစာရင်းမှာ ကန့်တ်၊ ရိုက်၊ တာဗာနီရာ၊ အာရီဘို၊ ဘာရီဆစ်၊ လွန်းစတွမ်း တို့ ပါဝင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လိုက်ပ်ဇစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူ ကို ရိန်းဂျားစ် ခံစစ်က အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့်လည်း အိမ်ရှင်တို့ ထိထိရောက်ရောက် အခွင့်အရေး ဖန်တီးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် ၈၅ မိနစ် ရောက်မှ တောင်ပံ ကစားသမား အိန်ဂျယ်လီနိုက Volley ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဗန်ဘရွန်ချော့စ်ရဲ့ အသင်း ကတော့ တိုက်စစ်ထက် ခံစစ်ကိုပဲ ဦးစားပေးသွားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ကလည်း ၁ ကြိမ်သာ ရှိခဲ့တာ တွေ့ရပါတယ်။

ဒီရလဒ်ကြောင့် လိုက်ပ်ဇစ်တို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရေး အလေးသာသွားခဲ့ပေမယ့် ရိန်းဂျားစ် အတွက် ကလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ မို့လို့ ဒုတိယအကျော့ ပွဲစဉ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာဖို့ ရှိနေပါတယ်။


လာမယ့်ပွဲစဉ်များ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ကတော့ လာမယ့် မေလ ၅ ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင် ကစားကြဖို့ ရှိပြီး ဒီကြားကာလ မှာတော့ ၄ သင်းစလုံး သက်ဆိုင်ရာ အမှတ်ပေး ပွဲစဉ်တွေ ကစားကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်