နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ အတူ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ပါ ရသွားတဲ့ ဖရန်ဖတ်

ဖရန့်ဖတ် ၁-၁ ရိန်းဂျားစ် (ပင်နယ်တီ ၅-၄)

ဒီကနေ့ မနက် အစောပိုင်း စပိန်နိုင်ငံ ဆီဗီးလ်မြို့မှာ ယှဉ်ပြိုင်ကစားတဲ့ခဲ့ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာတော့ ဖရန့်ဖတ် တို့ ရိန်းဂျားစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဖရန့်ဖတ် အနေနဲ့ ၁၉၇၉-၁၉၈၀ ခုနှစ်က ယူရိုပါလိဂ်မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားခဲ့ပြီး ၄၂ နှစ်ကျော် အကြာမှ ဥရောပဆုဖလား တစ်လုံးကို ပြန်လည် ပိုင်ဆိုင်ခွင့်ရခဲ့တာ ဖြစ်သလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် လက်မှတ် တစ်စောင်ပါ တစ်ပါတည်း ရရှိသွားခဲ့တာ ဖြစ်ပါယ်။


ပွဲစဉ်အကျဉ်း

အရေးပါတဲ့ ပွဲစဉ် ဖြစ်တာကြောင့် နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဖရန့်ဖတ်က ၃-၄-၂-၁ အခင်းအကျင်းကို အသုံးပြခဲ့သလို ရိန်းဂျားစ် ကတော့ ၄-၃-၃ နဲ့ပဲ ရင်ဆိုင်သွားခဲ့ပါတယ်။ ဖရန့်ဖတ်ရဲ့ ပွဲထွက် လူစာရင်း မှာတော့ ထရက်ပ်၊ တူတာ၊ တိုရေး၊ ရိုဒီ၊ ကော့စတစ်၊ ဆိုးဝ်၊ ကေနော့ဖ်၊ ကာမာဒါ၊ လင်းစတွမ်း၊ ဘိုရီတို့ ပါဝင်လာခဲ့ပါတယ်။ ရိန်းဂျားစ် ကတော့ ရမ်ဆေးကို အရန်ခုံ ပို့ထားခဲ့ပြီး အာရီဘို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကန့်တ်၊ ဂျက်ခ်၊ ကာမာရာ၊ တာဗာနီယာ၊ ဘာရီဆစ်၊ မက်ဂရီဂေါတို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ရိန်းဂျားစ် ကတော့ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အာရွန်ရမ်ဆေးရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲကို ၂ ကြိမ် တတ်လှမ်းနိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ဒုတိယဆု နဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။
Play-Off အဆင့် ကနေ ဗိုလ်လုပွဲ အဆင့်ထိ အကောင်းဆုံး ကစားခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ရိန်းဂျားစ်

ပွဲစကတည်းက ဖရန့်ဖတ်တို့ ကစားအားကောင်းကောင်း ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ရိန်းဂျားစ်ကို ဖိအာပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ် ချိတ်ဆက်မှု အားကောင်းခဲ့သလို ခံစစ် ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့ နေရာမှာ လျင်မြန် သပ်ရပ်ခဲ့လို့ ဖရန့်ဖတ်ရဲ့ ကစားပုံက ကြည့်ကောင်းခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ စောစောစီးစီး ဦးဆောင်ဂိုး ရမယ့် အခြေအနေတွေနဲ့ ဝေးခဲ့ရပါတယ်။ ပွဲချိန် ၁၀ မိနစ် လောက်မှာ ဖရန့်ဖတ် အသင်းခေါင်းဆောင် ရိုဒီရဲ့ ခေါင်းကို လင်းစတွမ်း ကန်မိလို့ ရိုဒီ ခေါင်းကွဲခဲ့ပေမယ့် လင်းစတွမ်း အနေနဲ့ အနီကတ် မပြောနဲ့ အဝါကတ်တောင် မထိခဲ့တာ ကတော့ ကံကောင်းတယ် လို့ပဲ ဆိုရမှာပါ။ အဲ့နောက် ပထမပိုင်း တစ်ပိုင်းလုံး ဖရန့်ဖတ် တို့ပဲ အဘက်ဘက်က အသာနဲ့ ကစားနိုင်ခဲ့ပြီး ကာမာဒါ၊ ကေနော့ဖ် တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား မက်ဂရီဂေါ ကာကွယ်နိုင်ခဲ့လို့ ရိန်းဂျားစ်တို့ သက်သာရာရခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းတည်းမှာတင်ပဲ ဖရန့်ဖတ်တို့ ရိန်းဂျားစ် ဂိုးပေါက်ကို ၁၁ ကြိမ် အထိ ကန်သွင်းနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ရိန်းဂျားစ်တို့ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ဂိုးမရခဲ့လို့ ၀-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း ဖရန့်ဖတ်ပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပြီး လင်းစတွမ်းရဲ့ ကန်ချက် ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပွဲကစားချိန် ၅၇ မိနစ် မှာတော့ ရိန်းဂျားစ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး မထင်မှတ်ပဲ ရရှိခဲ့တဲ့ အခွင့်အရးကို အာရီဘိုက အပိုင်အသုံးချပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၁ မိနစ် အကြာမှာတော့ ဖရန့်ဖတ်တို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပြီး ကော့စတစ်ရဲ့ ပေးပို့မှု ကတစ်ဆင့် တိုက်စစ်မှူး ဘော်ရီက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ရိန်းဂျားစ် နောက်တန်းက ဂိုလ်ဆင် အမှားမကင်းခဲ့ပဲ သူ့ရဲ့ ပေါ့ဆမှုကြောင့် အလှည့်အပြောင်း တစ်ခု ဖြစ်သွားခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အဲ့နောက် မှာတော့ နှစ်သင်းလုံး ဂိုးထပ်မရခဲ့လို့ အချိန်ပိုထိ ရောက်ခဲ့ပြီး နှစ်သင်းလုံး ကစားအား မချတဲ့ အပြင် ထပ်ပါ တင်လိုက်တာကြောင့် ပွဲက ပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးရဲ့ ဂိုးသမားတွေ လက်စွမ်းပြခဲ့သလို ဂိုးကံပါခေနေခဲ့တာကြောင့် ပင်နယ်တီ အထိ ဆက်ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ ဖရန့်ဖတ်တို့ ၅ လုံးစလုံး ဝင်အောင် ကန်နိုင်ခဲ့ပေမယ့် ရိန်းဂျားစ် ဘက် ကတော့ ရမ်ဆေး လွဲချော်ခဲ့တာကြောင့် ၅-၄ ရလဒ်နဲ့ ဖရန့်ဖတ်တို့ အနိုင်ရပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.75
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

ဖရန့်ဖတ်ဟာ ဒီရာသီရဲ့ ယူရိုပါလိဂ် ပွဲစဉ်အားလုံးကို ရှုံးပွဲ  လုံးဝမရှိအောင် ကစားနိုင်ခဲ့ပြီး ရှုံးပွဲ မရှိ ချန်ပီယံဖြစ်ခဲ့သလို ပွဲစဉ် အားလုံး မှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ် လိုပဲ ပြီးခဲ့တဲ့နှစ် ချန်ပီယံ ဗီလာရီးရဲယ်နဲ့ ၂၀၁၈-၂၀၁၉ ရာသီက ချန်ပီယံ ချယ်လ်ဆီး တို့ဟာလည်း ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံတွေ ဖြစ်ထားခဲ့ကြပါတယ်။

ယူအီးအက်ဖ်အေ ဖလား ကနေ ယူရိုပါလိဂ်ဖလားလို့ နာမည် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆုကို အင်္ဂလန်၊ စပိန်နဲ့ ပေါ်တူဂီ ကလပ်တွေသာ ရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှသာ ဂျာမနီ ကလပ် ဖရန့်ဖတ်က ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁နဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရပြီး ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ် အဖြစ် ဘောလုံးရာသီ နှစ်ရာသီ ဆက်တိုက် ချန်ပီယံဆု အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရခြင်းလည်း ဖြစ်ခဲ့ရပါတယ်။

ဒီရာသီ ဘွန်ဒစ်လီဂါမှာ အဆင့် ၁၁ နေရာသာ ရခဲ့တဲ့ ဖရန့်ဖတ် အနေနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်သွားခဲ့တဲ့ အတွက် ဘိုင်ယန်မြူးနစ် အပါအဝင် ဒေါ့မန်၊ လေဗာကူဆင်၊ လိုက်ပ်ဇစ် တို့နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။ ရိန်းဂျားစ် ကတော့ စကော့တလန် ပရီးမီးယားရှစ်မှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့တာကြောင့် ချန်ပီယံလိဂ် ခြေစစ်ပွဲ အဆင့်ကနေ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရိန်းဂျားစ် ကတော့ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အာရွန်ရမ်ဆေးရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲကို ၂ ကြိမ် တတ်လှမ်းနိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ဒုတိယဆု နဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်