လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ နည်းပြ ကာလို အန်ဆယ်လော့တီက ညီးတွားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ကစားရဖို့ ရှိနေပြီး အက်တီဟတ်မှာ ပထမအကျော့ အဖြစ် သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က မန်စီးတီးနဲ့ ပွဲမတိုင်ခင် လာလီဂါ ပွဲစဉ် အဖြစ် အက်တလက်တီကိုမက်ဒရစ်နဲ့ အရေးကြီးတဲ့ မက်ဒရစ်ဒါဘီ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ရစ်က အဓိက နောက်ခံ ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အလာဘာ တို့ ဒဏ်ရာကြောင့် ၃ ပတ် ခန့် အနားယူရဖို့ ရှိနေပြီး ဒီနောက်ခံလူ နှစ်ဦး စလုံးဟာ မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် နှစ်ကျော့စလုံးကို လွဲချော်ရဖို့ များနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ နည်းပြ ကာလို အန် ဆယ်လော့တီက “ကျွန်တော် တို့ဟာ အရေးပေါ် အခြေအနေမှာ ရှိနေပါတယ်။ ရူဒီဂါနဲ့ အလာဘာ တို့က ရက် ၂၀ ကြာ ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဗဟို ခံစစ်ပိုင်းမှာ ဆိုရင် ဂျာကိုဘို ရာမွန်၊ ရာအူးလ် အဆန်စီယိုနဲ့ ချူအာမန်နီ တို့ပဲ ရွေးချယ်စရာ ရှိပါတော့တယ်။” လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီးတော့ အီဒါ မီလီတာအိုနဲ့ ဒန်နီ ကာဗာဟယ် တို့လို ကစားသမားတွေ ကိုလည်း ကာလရှည်ကာ လက်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း ခံစစ်မှာ ဒဏ်ရာရ ကစားသမားတွေ တိုးလာတဲ့ အတွက် ရီးရဲလ်မက်ဒရစ်တို့ ဆက်လက် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ လူငယ်ကစားသမားတွေကို အက်တလက်တီကိုမက်ဒရစ်နဲ့ လာလီဂါ ပွဲစဉ် ပြီးတာနဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ဆက်တိုက် ကစားစေရမှာ ဖြစ်လို့ အန္တာရယ်များတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်သလို အအောင်မြင်ဆုံး အသင်း တစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပုံစံအသစ်နဲ့ ပြောင်းလဲ ကျင်းပနေတဲ့ ပြိုင်ပွဲ မှာတော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ရီးရဲလ်က အဆင့် ၁ ကနေ ၈ အတွင်း မဝင်နိုင်ခဲ့လို့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် မတက်ရောက်နိုင်ခဲ့ပဲ ပုံစံသစ် အရ ရှုံးထွက် ပလေးအောဖ့် ကစားရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပိုပြီး ကံဆိုးတာက ရီးရဲလ်မက်ဒရစ်က နောက်ပိုင်း နှစ်တွေ အတွင်း ချန်ပီယံလိဂ်မှာ မကြာခဏ တွေ့ဆုံရတတ်တဲ့ မန်စီးတီးနဲ့ ပလေးအော့ဖ်မှာ စောစောစီးစီး တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ မန်စီးတီးကို ကျော်ဖြတ်နိုင်မှသာ ၁၆ သင်း အဆင့်ကို တက်လှမ်းပြီး လက်ရှိ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်း ပြိုင်ပွဲ ဖြစ်တဲ့ လာလီဂါ မှာတော့ အမှတ်ပေးဇယား ထိပ်ကနေ ဦးဆောင်နေပေမယ့် မြို့ခံ ပြိုင်ဘက်ကို ၁ မှတ်သာ ဖြတ်ထားနိုင်လို့ ဘာဆိုဘာမှ မသေချာသေးပါဘူး။ ကိုပါဒယ်ရေး မှာတော့ အန်ဆယ်လော့တီရဲ့ အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.