နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပြနေတဲ့ ရာဖင်ညာကို ယူရို သန်း ၁၀၀ ရရင် ရောင်းမယ့် ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ အသင်း တောင်ပံကစားသမား ရာဖင်ညာကို ယူရိုသန်း ၁၀၀ ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အသင်း အတွက် ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးကို ဘာစီလိုနာ အနေနဲ့ ထိန်းသိမ်းထားရမယ့် အစား ထူးဆန်းစွာနဲ့ပဲ သူတို့ လိုချင်တဲ့ တန်ကြေး ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

လာလီဂါ ကတ်တာလန် အခြေစိုက် ကလပ် ဘာစီလိုနာဟာ ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ညာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ လိဒ်စ်ယူနိုက်တက် ကနေ ယူရို ၅၈ သန်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရာဖင်ညာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေ မှာလည်း ဘာစီလိုနာရဲ့ ရောင်းထုတ်မယ့် ကစားသမား စာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရာဖင်ညာသည် အခုရာသီ လာလီဂါမှာ ၁၀ ပွဲ ကစားပြီး ၅ ဂိုး သွင်းထားသလို ဂိုးဖန်တီးမှု ကလည်း ၅ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ပြိုင်ပွဲစုံ မှာတော့ ရာဖင်ညာက ၁၃ ပွဲ အထိ ကစားကာ ၉ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားက ပြီးခဲ့တဲ့ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဟက်ထရစ် သွင်းယူကာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အသင်းက ရာဖင်ညာကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်ဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။

ရာဖင်ညာသည် အခုရာသီ လာလီဂါမှာ ၁၀ ပွဲ ကစားပြီး ၅ ဂိုး သွင်းထားသလို ဂိုးဖန်တီးမှု ကလည်း ၅ ကြိမ် အထိ ပြုလုပ်ထားပါတယ်။
ဘာစီလိုနာ အတွက် တတိယမြောက် ရာသီကို ဖြတ်သန်းနေတဲ့ ရာဖင်ညာ

ဘာစီလိုနာဟာ လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အမြား လိုအပ်မှာ ဖြစ်ပြီးတော့ ရာဖင်ညာ အတွက် ကိုတော့ ယူရို သန်း ၁၀၀နဲ့ ကမ်းလှမ်းလာရင် လက်ခံသွားဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ဒီဂီမာရေ့စ် အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ရာဖင်ညာဟာ ၂၀၁၈/၁၉ ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းကို ရောက်ရှိခဲ့ပြီး ၂၀၁၉/၂၀၂၀ မှာတော့ ရန်းစ်မှာ ကစားခဲ့ပါတယ်။ အဲ့ဒီကနေမှ လိဒ်စ်ယူနိုက်တက်က ခေါ်ယူခဲ့ပြီး ရာဖင်ညာက ပရီးမီးယားလိဂ် မှာလည်း ဆက်လက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ ရာဖင်ညာကို ခေါ်ယူချင်တဲ့ အသင်းတွေ များပြားလာခဲ့ပြီးတော့ ဘရာဇီးလ်သားက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ညာက လာလီဂါ ကလပ် ဘာစီလိုနာမှာ တတိယမြောက်ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပြီးတော့ ပွဲဦးထွက် ရာသီမှာ ပွဲ ၅၀ ကစားပြီး ၁၀ ဂိုး၊ ဒုတိယမြောက် ရာသီမှဦလည်း ၃၇ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီရာသီမှာတော့ ရာဖင်ညာက ပြိုင်ပွဲစုံ ၁၃ ပွဲသာ ကစားထားရပေမယ့် ၉ ဂိုး အထိ သွင်းယူထားပြီး အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်