နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၁၂/၈/၂၀၂၂)

ဆက်လက်ပြီး ဘာဆာ ကစားသမား ၂ ဦးကို တပြိုင်နက် ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး၊ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ချေရှိတဲ့ အသင်းတွေကို ခန့်မှန်းပေးခဲ့တဲ့ ဂျိုးကိုးလ် စတဲ့ သတင်းတွေ အပါအဝင် လာလီဂါ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီနှစ် ဘယ်လွန်ဒေါဆုဟာ ဘန်ဇီမာ အတွက်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

လာလီဂါ ကလပ် ရီးရဲယ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ကာရင်မ် ဘန်ဇီမာ အနေနဲ့ အခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင် ဖြစ်သင့်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ အရင်ကလည်း ဘန်ဇီမာကို ဘယ်လွန်ဒေါဆု ရသင့်သူ ဖြစ်ကြောင်း ပြောကြားထားဖူးတဲ့ အန်ဆယ်လော့တီက ယူအီးအက်ဖ်အေစူပါဖလား ဗိုလ်လုပွဲ အပြီးမှာ နောက်ထပ် တစ်ကြိမ် ချီးကျူး ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။

Movistarနဲ့ အင်တာဗျူးမှာ အန်ဆယ်လော့တီက “ဘန်ဇီမာက ခေါင်းဆောင် တစ်ယောက်ပါ။ “ ကျွန်တော်တို့ အခုလို နေရာကို ရောက်ရှိနေတာဟာ သူ့ကြောင့် သူ့ကြောင့် ဖြစ်ပါတယ်။ သူ ဂိုးတွေ အများကြီး သွင်းပေးခဲ့တယ်။ ဒီနှစ် ဘယ်လွန်ဒေါဆု အတွက် သူ့ကို လက်မခံတဲ့သူ ရှိမယ်ထင်လား။ ကျွန်တော် ကတော့ လက်မခံတဲ့သူ ရှိကို ရှိမယ် မထင်ပါဘူး။” လို့ အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် အီတလီ လူမျိုး နည်းပြကြီးက “သူက ကျွန်တော်တို့ အတွက် အရေးအကြီးဆုံး ကစားသမားပါ။ အခုအချိန်မှာ သူဟာ ကမ္ဘာပေါ်က အအောင်မြင်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့ အတွက် အရေးပါခဲ့တယ်။ ဗိုလ်လုပွဲမှာ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဂိုးကြောင့် ကျွန်တော်တို့ ဗိုလ်လုပွဲ ကစားခဲ့ရတာပါ။”

“မန်စီးတီး၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ ဘက်ကို သူဂိုးတွေ သွင်းနိုင်ခဲ့တယ်။ သူဟာ ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ်။ နောက်ပြီး သူဟာ အခုအချိန်မှာ အကောင်းဆုံး ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။” လို့လည်း အချက်ကျကျ ရှင်းပြပြီး ထောက်ခံခဲ့ပါသေးတယ်။


အော်ဘာနဲ့ ဒီယောင်ကို တပြိုင်နက် ခေါ်ချင်နေတဲ့ ချဲလ်ဆီး

ယူနိုက်တက်က လာလီဂါ ကွင်းလယ် ကြယ်ပွင့်ကို လက်မလျှော့သေးသည့်တိုင်အောင် ချဲလ်ဆီး ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း (ယူရို ၈၅ သန်း) အပြင် အပိုဆုကြေးတွေနဲ့ပါ အပြိုင်အဆိုင် ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတယ်လို့လည်း သိရပါတယ်။
အော်ဘာမီယန်းနဲ့ ဒီဂျောင်ကို ကမ်းလှမ်းဖို့ အသင့် ရှိနေတဲ့ ချဲလ်ဆီး

ဘာစီလိုနာ အသင်း ကသာ အော်ဘာမီယန်းနဲ့ ဖရန်ကီ ဒီယောင် တို့ကို ထွက်ခွာခွင့် ပြုမယ် ဆိုရင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက နှစ်ဦးစလုံးကို တပြိုင်နက် ခေါ်ယူသွားဖို့ ရှိနေကြောင်း Sky Sports မှာ ဖော်ပြလာတယ်။

ယူနိုက်တက်က လာလီဂါ ကွင်းလယ် ကြယ်ပွင့်ကို လက်မလျှော့သေးသည့်တိုင်အောင် ချဲလ်ဆီး ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း (ယူရို ၈၅ သန်း) အပြင် အပိုဆုကြေးတွေနဲ့ပါ အပြိုင်အဆိုင် ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတယ်လို့လည်း သိရပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင် ချဲလ်ဆီးက ဒီယောင်ကို ခေါ်ယူဖို့ တော်တော်လေးကို နီးစပ်နေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အသင်း ကနေ ထွက်ဖို့၊ မထွက်ဖို့ မဝေခွဲနိုင်သေးတာကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေတာ ဖြစ်ကြောင်း သိရပါတယ်။

ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်း ကိုတော့ ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ်က ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး အဖြစ် သတ်မှတ်ထားပြီး အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အရ ခေါ်ယူပေးဖို့ အသင်း ပိုင်ရှင် တော့ဒ်ဘိုလေ ကိုလည်း တွန်းအားပေးထားပါတယ်။ တူချယ်နဲ့ အော်ဘာမီယန်း တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ လက်တွဲခဲ့ဖူးပါတယ်။

တချို့ သတင်းတွေ မှာတော့ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှူးကို ဇာဗီက ရောင်းထုတ်လိုခြင်း မရှိသလို သူ့ရဲ့ သဘောထား ကိုလည်း အသင်း ဥက္ကဠ လာပေါ်တာဆီ အသိပေးထားတယ်လို့ သိရပါတယ်။


ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ချေရှိတဲ့ အသင်း ၄ သင်းကို ရွေးချယ်ပေးလိုက်တဲ့ ဂျိုးကိုးလ်

ဘန်ဒက် လီဂါ
‌ရှော်ကေး
မွန်ချန်ဂလာဘတ်ချ်
1X2 သရေ @ 3.55
ဂိုးအောက် 2.75 @ 2.21
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခုနှစ် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ အပါအဝင် အသင်း ၄ သင်း ဗိုလ်စွဲနိုင်တယ်လို့ ဂျိုးကိုးလ်က ကြိုတင် ဟောကိန်း ထုတ်လိုက်ပါတယ်။ ရီးရဲယ်မက်ဒရစ် ဗိုလ်စွဲသွားတဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ အပြီး BT Sport ရဲ့ ပွဲပြီး စကားဝိုင်းမှာ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျိုးကိုးလ်က အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဂျိုးကိုးလ်က ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ၊ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ်၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်တို့ အခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုးကိုးလ် ရွေးချယ်ခဲ့တဲ့ အသင်းတွေ ထဲမှာတော့ ကြယ် ၅ ပွင့် ခြေစွမ်းနဲ့ ဥရောပစူပါဖလား သိမ်းပိုက်သွားတဲ့ အန်ဆယ်လော့တီရဲ့ Los Blanco တို့တော့ မပါဝင်ခဲ့ပါဘူး။

အဓိက, ကတော့ ဒီ ၄ သင်းရဲ့ လက်ရှိ ကစားသမား စုဖွဲ့မှုက ရီးရဲယ်ထက် ပိုမို တောင့်တင်းနေတာကြောင့် လာလီဂါ ထိပ်သီးတို့ ချန်ပီယံလိဂ် သရဖူကို ကာကွယ်နိုင်လိမ့်မယ်လို့ မထင်ထားတာ ဖြစ်ကြောင်း ဂျိုးကိုးလ်က ရှင်းပြသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်