ပိုလန် ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ကတော့ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာမှာ ဆက်နေလိုကြောင်း အသင်း တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
လီဝမ်ဒေါစကီးဟာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၆ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ စာချုပ်ထဲ မှာတော့ တစ်နှစ် ထပ်ပြီး သက်တမ်းတိုးခွင့်လည်း ပါရှိကြောင်း သိရပါတယ်။ လက်ရှိမှာ လီဝမ်ဒေါစကီး အနေနဲ့ အသင်းမှာ ဆက်နေဖို့ အသင့် ရှိနေကြောင်း အသင်းတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိမှာ အသက် ၃၆ နှစ် ကျော်နေပြီ ဖြစ်ပေမယ့်လည်း လီဝမ်ဒေါစကီး ကတော့ နောက်ပိုင်း ရာသီတွေ မှာလည်း လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ဘာစီလိုနာရဲ့ အဓိက တိုက်စစ် ကစားသမား အဖြစ် ရှိပြီး ဒီရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။
ဒီလို ပုံစံကောင်းတွေ ပြသနေပေမယ့် လီဝမ်ဒေါစကီးက မကြာခင်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စွန့်လွှတ်သွားဖွယ် ရှိတဲ့ စကားမျိုး မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ လီဝမ်ဒေါစကီးက သူ့အနေနဲ့ ဘောလုံးသမားဘဝကို မကြာခင်မှာပဲ အဆုံးသတ်ရနိုင်ဖွယ် ရှိကြောင်း အံ့အားသင့်ဖွယ် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
လီဝမ်ဒေါစကီးက “လက်ရှိ ကျွန်တော်ရဲ့ အသက်အရွယ်အရ လာမယ့် ၂ နှစ်လား။ ၃ နှစ်လား ဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတာ သေချာမသိသေးပါဘူး။ သေချာတာတော့ သိပ်မကြာခင်မှာ သိရပါလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ အဆုံးသတ်ရမှာ အသေအချာပါပဲ။ အနားယူမယ့် ကိစ္စ ကိုလည်း အားလုံးကို မပြောချင်သေးပါဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်ပဲ အသိပေးချင်ပါတယ်။ တစ်နေ့မှာ အိပ်ရာ ကနေ ကျွန်တော် နိုးထလာတဲ့ အချိန် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားဖို စိတ်မပါတော့ဘူး ဆိုရင်တော့ အဲ့ဒီအခါကျရင် ကစားသမား ဘဝ ကနေ အနားယူဖို့ အတွက် ပထမဦးဆုံး အကြိမ် အဖြစ် စတင် စဉ်းစားလာမိနိုင်ပါတယ်။ အခုကတော့ မနက်တိုင်းလိုလို ကျွန်တော့်ရဲ့ ခံစားချက်တွေ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ နာကျင်မှုလည်း ဘာမှမခံစားရဘူး။”လို့ ပြောကြားထားခဲ့ပါတယ်။ ဆက်လက်ပြီး လီဝမ်ဒေါစကီးက“နောက်ပြီးတော့ ကလပ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားရောက်ဖို့ အတွက်လည်း ကျွန်တော် စိတ်အား ထက်သန်နေပါသေးတယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ချိန်ကတည်းက သူရဲ့ အကောင်းဆုံး ပုံစံကို ဆက်လက် ပြသနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုလန်သားကြီးက ဒီရာသီမှာလည်း ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.