နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ကလက်ဆီကိုမှာ အဓိက ကစားသမားတွေ လွဲချော်ဖို့ ရှိနေတဲ့ ရီးရဲလ်နဲ့ ဘာဆာ | လာလီဂါ

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ် ကစားသမား ရိုဒရီဂိုနဲ့ ဂိုးသမား ကော့တွာစ် တို့ကတော့ ဘာစီလိုနာနဲ့ ကစားမယ့် အဲလ်ကလက်ဆီကို လာလီဂါ ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် စနေနေ့မှာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ လာလီဂါ ပွဲစဉ် ၁၀ အပြီးမှာ ဘာစီလိုနာက ၂၇ မှတ်၊ ရီးရဲလ်မက်ဒရစ်က ၂၄ မှတ် ရရှိထားပြီး အဆိုပါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အဲဒီ ပွဲစဉ် ကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုဒရီဂိုနဲ့ ကော့တွာစ်တို့ လွဲချော်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီကစားသမား နှစ်ယောက် ကတော့ ဒေါ့မန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ကိုယ်စီ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ အဲဒီပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီးတော့ ကော့တွာစ် ကတော့ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ဒီဒဏ်ရာကြောင့် ရက် ၂၀ ဝန်းကျင် အထိ အနားယူရဖွယ်လည်း ရှိနေကြောင်း သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ကစားတဲ့ အဲလ်ကလက်ဆီကို ပွဲစဉ် ကတော့ ကမ္ဘာပေါ်က လူစိတ်ဝင်စားမှု အများဆုံး ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။ ယခင်က ရော်နယ်ဒို၊ မက်ဆီ တို့ ခေါ်မှာ အဲလ်ကလက်ဆီကိုဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အားပေးမှုတွေနဲ့ အတူ ပြိုင်ဆိုင်မှု ကလည်း တော်တော်လေးကို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်က ဘာစီလိုနာရဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာရဲ့ MSN တိုက်စစ် အတွဲအဖက်နဲ့ ရီးရဲလ်မက်ဒရစ် ဘက်က ဘန်ဇီမာ၊ ဘေးလ်၊ စီရော်နယ်ဒိုရဲ့ BBC တိုက်စစ် အတွဲအဖက် အားပြိုင်မှုကို အားပေးခဲ့ကြရပြီး အခုတော့ ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်၊ အမ်ဘာပေး တစ်ဖက်မှာ လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ယာမယ် တို့ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

လာလီဂါ ပွဲစဉ် ၁၀ အပြီးမှာ ဘာစီလိုနာက ၂၇ မှတ်၊ ရီးရဲလ်မက်ဒရစ်က ၂၄ မှတ် ရရှိထားပြီး အဆိုပါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်မယ့် ရီးရဲလ်မက်ဒရစ်

ဒီပွဲမတိုင်ခင် ဘာစီလိုနာက လာလီဂါ အမှတ်ပေး ပွဲစဉ် ၁၀ ပွဲ ကစားရမှာ ၉ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ၇ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ရမှတ် ၂၄ မှတ်နဲ့ ဘာစီလိုနာကို ၃ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။

အခုပွဲကို ရီးရဲလ်မက်ဒရစ် ဘက်က ကော့တွာစ်၊ ကာဗာဟယ်၊ အလာဘာနဲ့ ရိုဒရီဂိုတို့ လွဲချော်ဖို့ ရှိပြီးတော့ ဘာစီလိုနာ ဘက်ကတော့ တာစတီဂျန်၊ ခရစ္စတန်ဆန်၊ ဂါစီယာ၊ အာရူဟို၊ ဘာနယ်၊ ဖာရန်း တောရက်စ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၅၃ ကြိမ် တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က အကြိမ် ၂၀ နိုင်၊ ဘာစီလိုနာက ၂၃ ကြိမ် နိုင်ပြီး ၁၀ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၃ ကြိမ် နိုင်ပြီး ဘာစီလိုနာ ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်