နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ဂုဏ်ပြုပွဲ အဖြစ် အယ်လ်နာဆာနဲ့ ကစားဖို့ စီစဉ်နေတဲ့ ရီးရဲလ်၊ ဂရီမီယို အတွက် ပထမဆုံး ပွဲမှာပဲ ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရော်နယ်ဒို ဂုဏ်ပြုပွဲ အဖြစ် အယ်လ်နာဆာနဲ့ ကစားဖို့ စီစဉ်နေတဲ့ ရီးရဲလ်၊ ဂရီမီယို အတွက် ပထမဆုံး ပွဲမှာပဲ ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒို ဂုဏ်ပြုပွဲ အဖြစ် အယ်လ်နာဆာနဲ့ ကစားဖို့ စီစဉ်နေတဲ့ ရီးရဲလ်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က အသင်းရဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို အတွက် ဂုဏ်ပြုပွဲ ဆိုပြီး ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်နေတယ်လို့ စပိန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၈ မှာ ရီးရဲလ် ကနေ ထွက်ခွာခဲ့ပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ကာ အဲဒီအချိန်တုန်းက သူ့အတွက် ဂုဏ်ပြုပွဲ ဆိုပြီး မလုပ်ခဲ့ပါဘူး။ 

အခုအခါမှာ ရီးရဲလ် ဥက္ကဌ ပီရက်ဇ်က အသင်းရဲ့ အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး ကွင်းကြီးကို ပြင်ဆင် တည်ဆောက်ပြီးနောက် ကွင်းဖွင့်ပွဲ အဖြစ် အယ်လ်နာဆာနဲ့ ကစားဖို့ လုပ်နေကာ ရော်နယ်ဒို ဂုဏ်ပြုပွဲလို့ နာမည် တပ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ပီရက်ဇ်က သက်သက် ငွေရှာချင်တာသာ ဖြစ်တယ်လို့ ပရိသတ်တချို့က ဝေဖန်နေကြပါတယ်။ 

ရော်နယ်ဒို ထွက်ခွာခဲ့ချိန်မှာ ဘယ်လို ဂုဏ်ပြုမှုမှ မလုပ်ပေးခဲ့ဘဲ အခုမှသာ ဂုဏ်ပြုပွဲ လုပ်ပေးမယ် ဆိုတာက အဓိပ္ပာယ်မရှိဘူးလို့ ဆိုနေကြတာပါ။ မနက်ဖြန်မှာ အယ်လ်နာဆာနဲ့ ပီအက်စ်ဂျီတို့ ဆော်ဒီမှာ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး အဆိုပါပွဲ အတွက် ပီအက်စ်ဂျီက ယူရို ၁၀ သန်း အထိ ရရှိမှာ ဖြစ်ပါတယ်။ ရီးရဲလ် အနေနဲ့ သူတို့ အိမ်ကွင်းမှာ ကစားမယ် ဆိုရင် ပွဲကစားကြေး အပြင် အိမ်ကွင်း လက်မှတ် ရောင်းချရမှုနဲ့ အခြားသော ဝင်ငွေတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 


ဂရီမီယို အတွက် ပထမဆုံး ပွဲမှာပဲ ခြေစွမ်းပြခဲ့တဲ့ ဘာဆာ တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်

ဥရုဂွေး တိုက်စစ်မှူးနဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း လူး၀စ္စ ဆွာရက်ဇ်စ်ဟာ ဘရာဇီးလ် ကလပ် ဂရီမီယို အတွက် ပွဲဦးထွက် အဖြစ် ပါဝင်ကစားတဲ့ ပွဲစဉ်မှာတင် ဟတ်ထရစ်ဂိုး သွင်းယူပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဂရီမီယိုက ဆာအိုလူးဝစ်ဇ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပြီး အသင်း အတွက် ပွဲချိန် ၅ မိနစ်၊ ၃၁ မိနစ်နဲ့ ၃၈ မိနစ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
တော့တင်ဟမ် ဟော့စပါး
1X2 သရေ (Draw) @ 5.20
ဂိုးပေါ် 3.00 @ 1.90
ဂိုးပေါင်း 2-3 @ 2.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆွာရက်ဇ်ဟာ အသင်းသစ်မှာ ဟတ်ထရစ် ရဖို့ ၃၇ မိနစ်သာ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီဟတ်ထရစ်ဂိုးဟာ ဆွာရက်ဇ်အတွက် ကစားသမားဘ၀ အကြိမ် ၃၀ မြောက်ဟတ်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ ၁၂ ကြိမ်၊ အေဂျတ်ဇ်မှာ ၉ ကြိမ်၊ လစ်ဗာပူးလ်မှာ ၆ ကြိမ်၊ ဥရုဂွေးမှာ ၂ ကြိမ်နဲ့ အခု ဂရီမီယိုမှာ ၁ ကြိမ် ဟက်ထရစ် ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကစားသမားဘဝ စတင်ခဲ့တဲ့ နေစီယွန်နယ်လ် အသင်း ဆီမှာ သွားကစားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ ဘရာဇီးလ် ကလပ်နဲ့ ပွဲဦးထွက် မှာလည်း အဖွင့်လှခဲ့တာပါ။ ဆွာရက်ဇ်ဟာ ဘယ်အသင်း ရောက်ရောက် သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေကို ပြသနေတာ ဖြစ်ပါတယ်။ ဂရီမီယိုအသင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ ကာဇီးယတ်စ် အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


၃ ပွဲ ဆက်တိုက် လွဲချော်ဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ၃ ဦး

စပိန် သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် ကစားသမား ၃ ဦး ဖြစ်တဲ့ ကွင်းလယ်လူ ချူဝါမန်နီ၊ နောက်ခံလူ ဒေးဗစ် အလာဘာနဲ့ လူးကပ်စ် ဗက်ကွက်ဇ် တို့ဟာ ဘီလ်ဘာအို၊ ဗီလာရီးရဲလ်၊ ရီးရဲလ်ဆိုဆီဒက် တို့နဲ့ ကစားရမယ့် လာလီဂါ ပွဲစဉ် ၃ပွဲ အထိကို လွဲချော်ဖွယ်ရာ ရှိနေတယ်လို့ သိရပါတယ်။ 

ရီးရဲလ်ဟာ ဗီလာရီးရဲလ်နဲ့ ကိုပါဒယ်ရေး ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ကျန်ပွဲတွေ ကတော့ လာလီဂါ ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားတွေဟာ ဆော်ဒီမှာ ကစားခဲ့တဲ့ စပိန်စူပါဖလား ပွဲမတိုင်ခင်မှာ ဒဏ်ရာရခဲ့ကြပြီး မက်ဒရစ်မှာ ကျန်နေရစ်ခဲ့ကြတယ်လို့ အသင်းဘက်က အတည်ပြုခဲ့တာပါ။ ဒါပေမယ့် သူတို့ ပြန်ကစားနိုင်မယ့် နေ့ရက် အတိအကျ ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ လက်ရှိ မှာတော့ ရီးရဲလ်ဟာ အဆိုပါ ကစားသမားတွေ မပါဝင်ဘဲ ကစားခဲ့ရာမှာ ဘာစီလိုနာကို ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား ၃ ဦးအထိ ဒဏ်ရာရရှိနေတာက နည်းပြ အန်ဆယ်လော့တီ အတွက် ပြသနာကြီး တစ်ခုလို ဖြစ်နေခဲ့ကာ လာမယ့်ပွဲတွေ မှာလည်း ရီးရဲလ်တို့ ရုန်းကန်သွားရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်