နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာမို့စ် ဘာကြောင့် မွန်တာရေးမှာ ကျောနံပါတ် ၉၃ ကို ဝတ်ဆင်ကစားမှာလဲ | လာလီဂါ

စပိန်၀ါရင့်နောက်ခံလူဆာဂျီယိုရာမို့စ်ကတော့မက္ကဆီကိုကလပ်မွန်တာရေးနဲ့၁နှစ်စာချုပ်နဲ့ချုပ်ဆိုခဲ့ပြီးတော့ကျောနံပါတ်၉၃ကိုဝတ်ဆင်ကစားမှာလည်းဖြစ်ပါတယ်။လာလီဂါကလပ်ရီးရဲလ်မက်ဒရစ်နဲ့အတူကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့ရာမို့စ်အတွက်မက္ကဆီကိုကနယ်မြေသစ်လည်းဖြစ်လာမှာပါ။

လက်ရှိမှာရာမို့စ်ကအသက်၃၈နှစ်အရွယ်ရှိနေပြီဖြစ်ပြီးလာမယ့်မတ်လမှာတော့၃၉နှစ်ပြည့်မှာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းရာမို့စ်ကကစားသမားဘဝကနေအနားမယူသေးပဲဘောလုံးဆက်လက်ကစားဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။စပိန်သားကြီးကပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဇွန်လမှာလာလီဂါကလပ်ဆီဗီလာနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။သူ့ကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲမက္ကဆီကိုထိပ်သီးကလပ်မွန်တာရေးက၁နှစ်စာချုပ်ချုပ်ဆိုခဲ့ကာခေါ်ယူခဲ့ပြီးယူရို၅သန်းဝန်းကျင်ရရှိမှာဖြစ်သလိုစွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့လည်းအပိုဆုကြေးတွေထပ်မံရရှိဦးမှာဖြစ်ပါတယ်။

မွန်တာရေးကတော့ရာမို့စ်ကိုခေါ်ယူနိုင်ခဲ့ခြင်းအတွက်အခုလိုပဲကြေညာသွားခဲ့ပါတယ်။ “နံပါတ်၉၃ကအပြာရောင်နဲ့အဖြူရောင်ဂျာစီကိုကာကွယ်ပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။သူကကမ္ဘာ့ဘောလုံးလောကရဲ့သမိုင်းဝင်နောက်ခံလူတစ်ဦး၊ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီတို့နဲ့အတူချန်ပီယံဆုတွေအများကြီးရခဲ့သလိုစပိန်နဲ့လည်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။မွန်တာရေးကနေလှိုက်လှဲစွာကြိုဆိုပါတယ်။ခင်ဗျားရဲ့ခေါင်းဆောင်မှုနဲ့အောင်မြင်မှုစိတ်ဓာတ်ကအပြာရောင်နဲ့အဖြူရောင်အသင်းကိုကြီးကျယ်ခမ်းနားတဲ့အဆင့်အထိရောက်အောင်ခေါ်ဆောင်သွားနိုင်မှာပါ”ဆိုပြီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စပိန်သားကြီးကပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဇွန်လမှာလာလီဂါကလပ်ဆီဗီလာနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
မွန်တာရေးမှာ ကျောနံပါတ် ၉၃ ကို ဝတ်ဆင်ကစားမယ့် ရာမို့စ်

ဆာဂျီယိုရာမို့စ်ဟာအနေနဲ့ကျောနံပါတ်၉၃ကိုယူရခြင်းရည်ရွယ်ချက်လည်းရှိနေပါတယ်။၂၀၁၃-၂၀၁၄ဘောလုံးရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာမြို့ခံပြိုင်ဘက်အက်တလက်တီကိုမကဒရစ်ဘက်ကို၉၀+၃မိနစ်အရောက်မှအဖိုးတန်ချေပဂိုးသွင်းယူပေးနိုင်ခဲ့တာကိုအစွဲပြုပြီးရာမို့စ်ကကျောနံပါတ်၉၃ကိုအမှတ်တရအဖြစ်သတ်မှတ်ထားတာဖြစ်ပြီး၉၃ဆိုတဲ့နံပါတ်ကိုတက်တူးလည်းထိုးထားပါသေးတယ်။

ဆာဂျီယိုရာမို့စ်ဟာဆီဗီလာမှာနှစ်ကြိမ်ကစားခဲ့ဖူးပြီးရီးရဲလ်မက်ဒရစ်နဲ့ပီအက်စ်ဂျီတို့မှာလည်းကစားခဲ့ဖူးပါတယ်။သမိုင်းတစ်လျှောက်အကောင်းဆုံးဗဟိုခံစစ်မှူးတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ရာမို့စ်ကကစားသမားဘဝမှာအဓိကမေဂျာဆုဖလား၂၂လုံးရရှိခဲ့သူလည်းဖြစ်ပါတယ်။ရာမို့စ်ဟာရီးရဲလ်မက်ဒရစ်နဲ့အတူလာလီဂါဖလား၅ကြိမ်၊ချန်ပီယံလိဂ်၄ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား၄ကြိမ်၊ယူအီးအက်ဖ်အေစူပါဖလား၃ကြိမ်၊ကိုပါဒယ်ရေး၂ကြိမ်၊စပိန်စူပါဖလား၄ကြိမ်ရရှိခဲ့ပါတယ်။ပီအက်စ်ဂျီမှာတော့လီဂူးဝမ်း၂ကြိမ်နဲ့ပြင်သစ်ဖလား၁ကြိမ်ရရှိခဲ့ပြီးနိုင်ငံလက်ရွေးစင်အသင်းနဲ့တော့ကမ္ဘာ့ဖလား၁ကြိမ်၊ယူရို၂ကြိမ်ရရှိခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုများစွာရရှိထားတဲ့ရာမို့စ်အနေနဲ့သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်နောက်ဆုံးကလပ်တစ်ခုဖြစ်သွားနိုင်တဲ့မက္ကဆီကိုကလပ်မွန်တာရေးကိုရောအောင်မြင်မှုတွေရယူပေးနိုင်မလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။မွန်တာရေးကတော့လက်ရှိမက္ကဆီကိုပြည်တွင်းလိဂ် LIGA MX မှာ၂၀၂၀နောက်ပိုင်းချန်ပီယံပြန်ဖြစ်ဖို့ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်