ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ ချဲလ်ဆီး တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို အသင်း တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီနဲ့ ဒဲ့လဲလှယ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီ ကတော့ ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကနေ ပီအက်စ်ဂျီကို ယူရို ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သားက လီဂူးဝမ်း ထိပ်သီး ကလပ် မှာတော့ ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေရသလို ဒီရာသီ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် မူအာနီဟာ နည်းပြ လူးဝစ္စ အန်နရီကေး သဘောကျတဲ့ ကစားသမားမျိုး မဟုတ်တာကြောင့် အသင်း ဘက်ကနေ ရောင်းထုတ်ဖို့ စီစဉ်နေခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီက ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ သူတို့ရဲ့ ကစားသမားဟောင်း ခရစ္စတိုဖာ အန်ကွန်ကူ ကိုလည်း ပြန်လည် ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။ ဒီအခြေအနေမှာ ပီအက်စ်ဂျီက မူအာနီကို အန်ကွန်ကူနဲ့ တိုက်ရိုက် အလဲအလှယ် လုပ်ဖို့ စီစဉ်လာတာ ဖြစ်ပြီး အခုချိန်ထိတော့ ချဲလ်ဆီး ဘက်ကို ကမ်းလှမ်းမှု မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ အန်ကွန်ကူ ကတော့ လက်ရှိမှာ ချဲလ်ဆီး အတွက် ကန့်သတ်ချက်နဲ့သာ ပွဲထွက် ကစားနေရပေမယ့်လည်း အသင်း ကနေ ချက်ချင်း ထွက်ခွာသွားဖို့ စိတ်ကူး မရှိသေးကြောင်း သိရပါတယ်။
အန်ကွန်ကူက ဒီရာသီမှာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားထားပြီး သွင်းဂိုး ၁၁ ဂိုး ရရှိထားပါတယ်။ ဒါပေမယ့်လည်း အန်ကွန်ကူက ၈ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရပြီးတော့ အဓိက ကတော့ ပရီးမီးယားလိဂ် ပွဲတွေမှာ လူစားဝင် ကစားသမား အဖြစ်နဲ့သာ ကစားနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အန်ကွန်ကူရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီးတော့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ မန်ချက်စတာယူနိုက်တက် တို့က ခေါ်ယူသွားဖို့ပါ စိတ်ဝင်စားနေကြပါတယ်။
အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ရာသီကြိုကာလ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး ဩဂုတ်လ ကနေ ဒီဇင်ဘာလ လလယ် အထိ အနားယူခဲ့ရပါတယ်။ အန်ကွန်ကူဟာ သူရဲ့ ချဲလ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဒဏ်ရာ ပြဿနာတွေကြောင့် ရက်ပေါင်း ၂၀၀ ကျော်ကြာ အနားယူခဲ့ရပြီးတော့ ဒီရာသီမှသာ ဒဏ်ရာကင်းစင်ပြီး ကစားနိုင်တာပါ။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ အန်ကွန်ကူထက် နီကိုးလပ်စ် ဂျက်ဆင်၊ မာဒူအီခီ တို့ကိုသာ ပွဲထွက် ကစားခွင့်ပိုပေးနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.