နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဟီလယ်က ထွက်ခွာဖို့ များနေတဲ့ နေမာကို ခေါ်ယူချင်နေတဲ့ ချီကာဂိုဖိုင်းယား | မေဂျာလိဂ်

အဲလ်ဟီလယ်နဲ့ လမ်းခွဲဖို့ ရှိနေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာ ဂျူနီယာ ကိုတော့ မေဂျာလိဂ် ကလပ် ၃ သင်းက ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိကြောင်း သိရပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာ ကိုတော့ ဆော်ဒီပရိုလိဂ် အင်အားကြီး ကလပ် အဲလ်ဟီလယ်က လက်ကျန် ရာသီဝက် အတွက် ကစားသမား မှတ်ပုံတင်ခြင်း မရှိခဲ့ကြောင်း နည်းပြကြီး ဂျော့ဂျ် ဂျီးဆပ်စ် ကိုယ်တိုင်က အတည်ပြု ပြောကြားထားပါတယ်။

အဲလ်ဟီလယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်း အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂ ပွဲသာ ကစားပေးနိုင်ခဲ့သလို အဲဒီ ၂ ပွဲ မှာလည်း နေမာက ပွဲချိန်ပြည့် ကစားခဲ့တာ မဟုတ်ပဲ စုစုပေါင်း ၄၂ မိနစ်သာ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာတွေ မကြာခဏ ရရှိနေပြီး အသင်း အတွက် အကျိုးမပြုနိုင်တဲ့ နေမာကို အဲလ်ဟီလယ်က စာချုပ် သက်တမ်းကုန်ဆုံးမယ့် ဒီရာသီအကုန်မှာပဲ လမ်းခွဲဖို့ ရှိနေတာပါ။ ဒါကြောင့် မေဂျာလိဂ် ကလပ်တွေက လာမယ့် နွေရာသီမှာ နေမာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

ဒါကြောင့် မေဂျာလိဂ် ကလပ်တွေက လာမယ့် နွေရာသီမှာ နေမာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
လာမယ့် နွေရာသီမှာ နေမာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ မေဂျာလိဂ် ကလပ်များ

သတင်းတွေ အရ ဆိုရင် နေမာနှင့် ဆွေးနွေးနေတဲ့ မေဂျာလိဂ် ကလပ်တွေထဲ မှာတော့ ချီကာဂိုဖိုင်းယား အသင်း ပါဝင်နေပေမယ့် အင်တာမိုင်ယာမီ ကတော့ ပါဝင်နေခြင်း မရှိကြောင်းလည်း သိရသည်။ မေဂျာလိဂ် ကလပ် ကတော့ နေမာရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်၊ ဆာဂျီယို ဘူးစကွက်စ်နဲ့ ယော်ဒီ အဲလ်ဘာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်သူက အခွင့်အရေး ရတာနဲ့ နေမာကို ခေါ်ယူပြီး တစ်ချိန်က MSN တိုက်စစ် အတွဲအဖက်ကို ပြန်လည် အသက်သွင်းဖို့ ရှိနေကြောင်း ဝန်ခံထားပါတယ်။ 

အဲလ်ဟီလာ ကတော့ နေမာကို ပီအက်စ်ဂျီ ကနေ ယူရို သန်း ၉၀ အထိ အသုံးပြုကာ ခေါ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ မျှော်လင့်ချက်ထားခဲ့တာပါ။ ဒါပေမယ့် နေမာက အဲလ်ဟီလယ် အတွက် လက်ရှိ အချိန်ထိ ၇ ပွဲသာ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ တစ်ရာသီလုံး မှာလည်း ၂ ပွဲသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ဟီလယ်မှာ နေမာ အပါအဝင် ဆော်ဒီအာရေဗျ နိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသား ကစားသမား ၁၀ ဦး အထိ ရှိနေပါတယ်။ အကယ်၍ အဲလ်ဟီလယ်က လက်ရှိ ဈေးကွက် အတွင်းမှာ ပြည်ပ ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူမယ် ဆိုရင်တော့ ဆော်ဒီပရိုလိဂ်ရဲ့ ကန့်သတ်ချက်နဲ့ ညိစွန်းမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသင်း အတွက် ကစားပေးဖို့ထက် အနားယူနေရတာ များတဲ့ နေမာကို အဲလ်ဟီလယ်က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း နေမာ အနေနဲ့ AFC ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ပါဝင် ကစားပေးနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းတွေအရ အဲလ်ဟီလယ်က နေမာ နေရာမှာ အစားထိုးဖို့ အတွက် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုဟာမက် ဆာလာကို ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်