အက်ဖ်အေဖလား ကတော့ ပဥ္စမအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် မန်ချက်စတာစီးတီးက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ အပြီးမှာ ပရီးမီးယားလိဂ် ကလပ် ၁၁ သင်း အထိ ကျန်ရှိနေဆဲ ဖြစ်ပြီး အဲဒီ အထဲမှာ မန်ချက်စတာ မြို့ခံ နှစ်သင်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ချန်ပီယံ မန်ချက်စတာယူနိုက်တက် ကတော့ ဗိုလ်စွဲရန် ရေပန်းအစားဆုံး စတုတ္ထနေရာမှာသာ ရပ်တည်နေခဲ့ပါတယ်။
အက်ဖ်အေဖလား ပဥ္စမအဆင့် အတွက် ပွဲစဉ်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က မဲခွဲခဲ့ပြီး စတုတ္ထအဆင့်မှာ လစ်ဗာပူးလ်ကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ပလိုင်းမောက် ကတော့ မန်စီးတီးနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ ပဥ္စမအဆင့်မှာ ကလပ် စုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီးတော့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဥ္စမအဆင့်မှာ ပရီးမီးယားလိဂ် ကလပ် ၁၁ သင်း ကျန်ရှိနေပေမယ့် Big Six အသင်းတွေထဲ ကတော့ မန်စီးတီးနဲ့ ယူနိုက်တက် တို့သာ ကျန်ရှိနေတော့ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ အာဆင်နယ်က တတိယအဆင့်မှာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီး စောစောစီးစီး ထွက်ခွာသွားခဲ့ရသလို စတုတ္ထအဆင့် မှာတော့ လစ်ဗာပူးလ်က ပလိုင်းမောက်၊ ချဲလ်ဆီးက ဘရိုက်တန်နဲ့ စပါးက အက်စတွန်ဗီလာ တို့ကို ရှုံးနိမ့်ခဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ပဥ္စမအဆင့် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ၁၁ သင်းနဲ့ ချန်ပီယံရှစ်က ၅ သင်း တက်ရောက်ထားခဲ့တာ ဖြစ်ပြီး လာမယ့် မတ် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။ ဒီလို ပဥ္စ္စမအဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာပြီးနောက် မှာတော့ ပြီးခဲ့တဲ့ ရာသီက ဒုတိယရရခဲ့တဲ့ မန်ချက်စတာစီးတီးက ၂ လေး ၁ လေးနဲ့ ဗိုလ်စွဲဖို့ အပြတ်အသတ် ရေပန်းစားနေတာ ဖြစ်ပါတယ်။
အဲဒီနောက် ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ရောက်ထားတဲ့ နယူးကာဆယ် ကတော့ ၅ လေး ၁ လေးနဲ့ ဒုတိယ နေရာမှာ ရှိနေပြီး အက်စတွန်ဗီလာ က ၇ လေး ၁ လေး၊ ယူနိုက်တက်က ၈ လေး ၁ လေး၊ ဘုန်းမောက်က ၁ဝ လေး ၁ လေး၊ ဘရိုက်တန် က ၁၂ လေး ၁ လေး၊ ဖူလ်ဟမ် က ၁၄ လေး ၁ လေးနဲ့ အသီးသီး ရေပန်းစားနေကြပါတယ်။ မန်ချက်စတာ မြို့ခံ နှစ်သင်း ကတော့ ပြီးခဲ့တဲ့ ၂ နှစ် ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်ထားကြပြီးတော့ တစ်ကြိမ်စီ ချန်ပီယံ ဖြစ်ထားကြပါတယ်။
ပဥ္စမအဆင့် ပွဲစဉ်တွေ အဖြစ်တော့ ပရက်စတန်နဲ့ ဘန်လေ၊ အက်စတွန်ဗီလာနဲ့ ကာဒစ်ဖ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ မီဝေါလ်၊ ယူနိုက်တက်နဲ့ ဖူလ်ဟမ်၊ နယူးကာဆယ်နဲ့ ဘရိုက်တန်၊ ဘုန်းမောက်နဲ့ ဝုဗ်၊ မန်စီးတီးနဲ့ ပလိုင်းမောက်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အစ်ပ်ဆွစ်ချ် တို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပွဲစဉ် ရေးဆွဲမှု အရ ဆိုရင်တော့ ပရီးမီးယားလိဂ် အသင်းချင်း တွေ့ဆုံနေတဲ့ ယူနိုက်တက်နဲ့ ဖူလ်ဟမ်၊ နယူးကာဆယ်နဲ့ ဘရိုက်တန်၊ ဘုန်းမောက်နဲ့ ဝုဗ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အစ်ပ်ဆွစ်ချ် တို့ရဲ့ ပွဲစဉ်တွေ ကတော့ စိတ်ဝင်စားဖို့ ကောင်းပြီး အကြိတ်အနယ်လည်း ရှိလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.