နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်က သူ့ကို အသင်းမှာ ဆက်ရှိစေချင်ခဲ့ကြောင်း ပြောလာတဲ့ အမ်မရာဘတ် | ပရီးမီးယားလိဂ်

ဖီနာဘာချီရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီရန် အမ်မရာဘတ် ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အမ်မရာဘတ်က ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ သူ့ကို ယူနိုက်တက် မှာသာ ဆက်ရှိနေစေချင်ခဲ့ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီစကား ကိုတော့ အမ်မရာဘတ်က ဖီနာဘာချီနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် တိုရဲ့ ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင်မှာ ထုတ်ဖော် ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖီအိုရင်တီးနား ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ မော်ရိုကို ကွင်းလယ်လူဟာ ယူနိုက်တက်မှာ အစောပိုင်းက ရုန်းကန်ခဲ့ရပေမယ့်လည်း ရာသီကုန်ခါနီးလောက် မှာတော့ ပုံမှန် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့သလို အသင်းနဲ့ အတူ အက်ဖ်အေဖလားလည်း ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်လူ အမ်မရာဘတ်ဟာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ကစားခဲ့ရသလို အိုးထရက်ဖို့ဒ် မှာပဲ ကစားသမား ဘဝကို ဆက်လက် ဖြတ်သန်းချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က အပြီးသတ် ခေါ်ယူခွင့်အစား၊ အငှားနဲ့ ဆက်လက် ခေါ်ယူဖို့ အတွက်သာ ဖီအိုရင်တီးနား ဘက်ကို အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်မရာဘတ်က ယူနိုက်တက်နဲ့ အငှားသက်တမ်း ပြည့်ချိန် မှာတော့ ဖီအိုရင်တီးနား ဆီသာ ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဖီအိုရင်တီးနား ကတော့ အမ်မရာဘတ်ကို စပယ်ရှယ်ဝမ်းကြီး ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီ အသင်းထံ အငှားထပ်ချခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ အမ်မရာဘတ်က ယူနိုက်တက်နဲ့ ပွဲစဉ် မတိုင်ခင်မှာ “ကျွန်တော် အူးထရတ် (နယ်သာလန် ကလပ်) အသင်းမှာ ကစားခဲ့စဉ် အသက် ၂၀ အရွယ် ကတည်းက အဲရစ် တန်ဟက်ဂ်နဲ့ အထူး ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဒီနွေရာသီ အသင်းမှာပဲ ဆက်ရှိနေစေချင်ခဲ့တာပါ။ ဒါကြောင့် သူ့ကို အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပေမယ့် ဒီနေ့ အတွက်တော့ မဟုတ်ပါဘူး။ ဒီနေ့ ပွဲမှာတော့ သူ့ အသင်းကို ရှုံးနိမ့်စေချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်လူ အမ်မရာဘတ်ဟာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ကစားခဲ့ရသလို အိုးထရက်ဖို့ဒ် မှာပဲ ကစားသမား ဘဝကို ဆက်လက် ဖြတ်သန်းချင်ခဲ့တာပါ။
ဖီနာဘာချီမှာလည်း အငှားနဲ့ ကစားနေတဲ့ အမ်မရာဘတ်

တကယ်တမ်း ကစားချိန်မှာတော့ အမ်မရာဘတ်ရဲ့ ဖီနာဘာချီနဲ့ တန်ဟက်ဂ်ရဲ့ ယူနိုက်တက် တို့ဟာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အဲရစ်ခ်ဆင်က ယူနိုက်တက် အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း နောက်တန်းတွေရဲ့ ပေါ့လျော့မှုနဲ့ အတူ ယူနိုက်တက်က အန်နက်ဆီရီရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရကာ သရေ တစ်မှတ်စီ ခွဲယူသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ဒီနှစ် ယူရိုပါလိဂ်မှာ ၃ ပွဲ ကစားပြီးချိန် ရမှတ် ၃ မှတ်သာ ရရှိထားခြင်းနဲ့ အတူ အဆင့် ၂၁ နေရာမှာ ရှိနေခဲ့ပါတယ်။

အမ်မရာဘတ်နဲ့ တန်ဟက်ဂ်တို့ ကတော့ နယ်သာလန် ကလပ် အူးထရတ် မှာကတည်းက လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပြီး တန်ဟက်ဂ်က အမ်မရာဘတ်ကို ယူနိုက်တက် မှာသာ ဆက်ရှိစေချင်ပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူဖို့ထက် နောက်ထပ် အငှားနဲ့ ခေါ်ယူဖို့ပါ လက်လျှော့ပြီး ပီအက်စ်ဂျီ ကနေ ဥရုဂွေး ကွင်းလယ်လူ မန်ဝဲလ် အူဂါတီ ကိုသာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်