နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားသစ် မခေါ်ယူနိုင်လို့ စိတ်ပျက်ရပေမယ့် အသင်းမှာ ရှိတဲ့ သူတွေကိုပဲ ပိုအသုံးဝင်လာအောင် လုပ်ရမယ် ဆိုတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုလို အခြေအနေ အပေါ် နည်းပြ မီခဲလ် အာတေးတားက စိတ်ပျက်မိကြောင်း ဝန်ခံသွားခဲ့ပြီး အသင်းမှာ ရှိနေတဲ့ ကစားသမားတွေ ကိုသာ ပိုပြီး အသုံးဝင်လာအောင် လုပ်ရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မီခဲလ် အာတေးတားက “ကျွန်တော် တို့မှာ ရှင်းလင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ အပြောင်းအရွှေ့ ရာသီက အခွင့်အလမ်းတွေကို ရှာဖွေဖို့ ဖွင့်လှစ်ပေးထားတဲ့ အချိန်ကာလပါ။ ကျွန်တော် တို့ရဲ့ အသင်း အတွက် ထိထိရောက်ရောက် ကစားပေးနိုင်မယ့် ကစားသမားတွေနဲ့ အသင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒီအတွက်လည်း ကျွန်တော့် အနေနဲ့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားမျိုး ကိုပဲ ရွေးချယ်ဖို့ သတိထားရပါမယ်။ ဒါက စွန့်စားမှု တစ် မဟုတ်ပါဘူး။ လက်တွေ့ ကိစ္စပါ။ ကျွန်တော်တို့ အဲ့ဒီမှာ ပိုပြီး တိုးတက်အောင် လုပ်ဆောင်ရပါမယ်။ အကယ်ဒမီထွက် ကစားသမားတွေကို ခေါ်ယူပြီးတော့ ဒီမှာ ရှိနေတဲ့ ကစားသမားတွေကို ပိုပြီး အသုံးဝင်လာအောင် လုပ်ရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် မှာတော့ ဇယား ထိပ်က ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို တစ်ပွဲပို ကစားပြီး ၆ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။
အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ပိုတိုးတက်လာစေဖို့ ကြိုးစားသွားရတော့မယ့် အာဆင်နယ်

အာဆင်နယ်ဟာ မကြာသေးခင် ကမှ ပိတ်သိမ်းသွားခဲ့တဲ ဆောင်းရာသီ ဈေးကွက် အတွင်းမှာ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့်လည်း ကစားသမားသစ်တွေတော့ ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အဓိက ကတော့ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ် ဂျေဇုစ် တို့ရဲ့ နေရာ အတွက် ပြန်လည် မဖြည့်တင်းနိုင်ခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကို အာဆင်နယ် ပရိသတ်တွေ ကလည်း စိတ်ပျက်နေခဲ့ရပါတယ်။ ဒါ့အပြင် နည်းပြ မီခဲလ် အာတေးတား ကိုယ်တိုင်က အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်ကြောင်းကို လူသိရှင်ကြား ဝန်ခံထားခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေ ကတော့ ဈေးကွက် အတွင်းမှာ သေသေချာချာ ပါဝင် ကြိုးပမ်းပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ်ဟာ အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့တော့ ကြိုးပမ်းခဲ့သေးပြီး အက်စတွန်ဗီလာက အိုလီဝက်ကင်န်ကို ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာ ဘက်ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဂျွန်ဒူရန်ကို အဲလ်နာဆာဆီ လက်လွှတ်ခဲ့ရသလို အသက် ၂၉ နှစ် အရွယ် အိုလီ ဝက်ကင်န် အတွက်လည်း ပေါင်သန်း ၈၀ အထိ အလိုရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။

ဒါကြောင့် အာဆင်နယ်က ဝေးကွာနေတဲ့ ချန်ပီယံဆုတွေ အတွက် တိုက်ပွဲဝင်ဖို့ လက်ကျန် ရာသီဝက်ကို ရှိတဲ့ လူစာရင်းနဲ့ပဲ ဖြတ်သန်းရတော့မှာ ဖြစ်ပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေ ဒဏ်ရာ ထပ်မရစေဖို့ပဲ ဆုတောင်းရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က အထောင် တိုက်စစ်မှူးကောင်းကောင်း မရှိပေမယ့် မီခဲလ် အာတေးတား အနေနဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေနဲ့ အတူ သွင်းဂိုးတွေ ရရှိဖို့ ကြိုးပမ်းရာမှာ အလုပ်ဖြစ်နေဆဲပါ။ ဒါနဲ့ ပတ်သတ်လို့ မန်ချက်စတာစီးတီးကို ၅-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။

အာဆင်နယ်က ဒီနေ့မှာတော့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမ အကျော့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ၂ ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့်တော့ အာဆင်နယ်တို့ ငှက်ကြားတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ကတော့ တော်တော်လေး ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် မှာတော့ ဇယား ထိပ်က ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို တစ်ပွဲပို ကစားပြီး ၆ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ အာဆင်နယ်က ၁၆ သင်း ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ထားနိုင်ပြီး ဖီယင်နော့ဒ်၊ အေစီမီလန်၊ ပီအက်စ်ဗွီ၊ ဂျူဗင်တပ်စ် တို့ထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်