နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြိုင်ဘက် နည်းပြ အမော်ရင်ကို ချီးကျူးလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ဒီကနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အန်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ပြိုင်ဘက် အသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က ထူးခြားပြောင်မြောက်စွာ လုပ်ဆောင်ထားနိုင်တဲ့ နည်းပြ တစ်ဦး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အင်္ဂလန် ဘောလုံးလောကထဲ စတင် ဝင်ရောက်လာခဲ့တဲ့ နည်းပြ အမော်ရင်နဲ့ ပတ်သက်လို့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူရဲ့ ထင်မြင်ယူဆချက်တွေကို အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက “သူ ကစားချင်တဲ့ ပုံစံနဲ့ သူရဲ့ ထင်ရှားတဲ့ ဝိသေသကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ သူ ဘာလုပ်ချင်သလဲ ဆိုတာကို ချက်ချင်း သိတဲ့သူပါ။ သူ့မှာ ရှင်းရှင်းလင်းလင်း ရှိနေတယ်လို ကျွန်တော် ထင်တယ်။ သူက စပိုတင်းလစ္စဘွန်း မှာတုန်း ကလည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။ အထူးသဖြင့် သူရဲ့ လုပ်ပုံကိုင်ပုံနဲ့ သူ့ အသင်းရဲ့ ကစားပုံနဲ့ နှစ်ပေါင်း များစွာ အောင်မြင်ခဲ့တာက ထူးခြား ပြောင်မြောက်လှပါတယ်။ သူက ကလပ် အတွက် ကစားသမားတွေ အတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်သူ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ယူနိုက်တက်က အာဆင်နယ်နဲ့ ၆ မှတ် အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီးတော့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး အားစိုက်နေရတာ ဖြစ်ပါတယ်။
ထိပ်ဆုံး ၄ သင်း နေရာဝင်ရေး မျှော်လင့်ချက် ရှိနေတဲ့ ယူနိုက်တက်

ဆက်လက်ပြီး အာတေးတားက“စိတ်ကူးသစ်တွေ ပေးခဲ့တယ်။ ဒါက အမြဲတမ်း အပြု သဘောဆောင်တဲ့ အရာပါ။ ကျွန်တော်တို့ ကတော့ ကိုယ့်ကို ကိုယ်ပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော် တို့က လက်ရှိမှာ ကောင်းကောင်း လည်ပတ်နေပြီး အရှိန်လည်း ကောင်းနေပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲက ကြီးမားပြီး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။”လို့ ပြောဆိုသွားခဲ့ပါသေးတယ်။

လက်ရှိမှာ အာဆင်နယ်ရော၊ မန်ချက်စတာယူနိုက်တက်ပါ ရလဒ်တွေ ပြန်လည် ကောင်းမွန်နေပြီးတော့ ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၉ မှတ် ဖြတ်နေလို့ အမှီလိုက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်က အာဆင်နယ်နဲ့ ၆ မှတ် အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီးတော့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး အားစိုက်နေရတာ ဖြစ်ပါတယ်။ လက်တလော မှာတော့ ယူနိုက်တက်က နည်းပြသစ် အမော်ရင်နဲ့ အတူ ၃ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေ ရှုံးပွဲ မရှိသေးပဲ ပြီးခဲ့တဲ့ ပွဲမှာလည်း အဲဗာတန်ကို ၄ ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်နဲ့ ကစားရမယ့်ပွဲက ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ စွမ်းဆောင်ရည် အတွက် ကြီးမားတဲ့ စမ်းသပ်မှုလည်း ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်