နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံရှစ်ရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီကို ပြန်လည် ချီတက်လာတဲ့ မြေခွေးပြာများ

ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို လာမယ့် ရာသီမှာ တန်းပြန် တက်ခွင့် ရရှိထားတဲ့ လက်စတာစီးတီး အသင်းဟာ မနေ့ညက ပရက်စတန် အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရလိုက်တာကြောင့် ချန်ပီယံရှစ် ချန်ပီယံပါ ဖြစ်သွားခဲ့ပါတယ်။

လက်စတာစီးတီး အသင်းဟာ ကနေ တန်းဆင်းခဲ့ရပြီး တစ်နှစ် အကြာမှာပဲ ချန်ပီယံရှစ်ရဲ့ အမှတ်ပေး ချန်ပီယံဆုနဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို နောက်ထပ် တစ်ဖန် ပြန်လည် တက်လှမ်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်စတာစီးတီး အသင်းဟာ အဆင့် ၁၀ နေရာက ပရက်စ်တန်ကို ခြေစွမ်း အပြတ်အသတ် အသာစီးနဲ့ ကစားခဲ့ပြီးတော့ ဂျေမီ ဗာဒီ၊ မက်အတီးယား တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ဖေဖော်ဝါရီလ ကနေ ဧပြီလ အလယ်လောက်ထိ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်တွေ ယိမ်းယိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဆီ ပြန်လာနိုင်ပါ့မလား ဆိုတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ဆုံး ၃ ပွဲမှာ ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်၊ ပရက်စ်တန် တို့ကို အကောင်းဆုံး အနိုင်ယူပြီး လက်ကျန် ၁ ပွဲ ကျန်ရှိချိန်မှာ ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီးဟာ ချန်ပီယံရှစ်မှာ ပွဲပေါင်း ၄၅ ပွဲ ကစားပြီး ရမှတ် ၉၇ မှတ်နဲ့ အဆင့် ၂ နေရာက လိဒ်စ်ယူနိုက်တက်ကို ၇ မှတ် ဖြတ်ကာ ချန်ပီယံ ဖြစ်ခဲ့တာပါ။

လက်စတာစီးတီးကို ပရီးမီးယားလိဂ် ဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ ကတော့ အန်ဇို မာရက်စ်ကာ ဖြစ်ပြီး သူ့ လက်ထက်မှာ လက်စတာက ၃၅ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၁၂ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ လက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ် ဆီ သွားရာ ခရီးလမ်းမှာ နောက်ထပ် ပါဝင်ပတ်သတ်ခဲ့သူ ကတော့ အားလုံး သိကြတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဂျေမီ ဗာဒီ ဖြစ်ပြီး သူက ၁၈ ဂိုး သွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒူးဘယ်ရီ ဟောလ်၊ ဗက်စတာဂတ်၊ အန်ဒီဒီ၊ ဝင့်ခ်၊ ပါရဲရား၊ ဖေးစ် တို့ဟာလည်း လက်စတာစီးတီး အတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ဒီကစားသမားတွေဟာ လက်စတာစီးတီး တန်းဆင်းခဲ့ရပေမယ့် ကမ်းလှမ်းမှုတွေ ရှိနေတဲ့ကြားက အသင်းကို မစွန့်ခွာပဲ ပရီးမီးယားလိဂ် ဆီ ထမ်းတင်ပေးခဲ့သူတွေလည်း ဖြစ်ပါတယ်။

မြေခွေးပြာတွေနဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တိုက်ရိုက် တန်းတက်ခွင့် ရရှိနိုင်မယ့် အဆင့် ၂ နေရာ အတွက် ကိုတော့ လိဒ်စ်ယူနိုက်တက်နဲ့ အစ်ဝစ်ချ် တို့က အပြိုင် ဖြစ်နေကြပြီး လိဒ်စ်က အစ်ဝစ်ချ်ထက် တစ်ပွဲပို ကစားထားပြီး အမှတ် (၉၀)ချင်း တူနေတာကြောင့် အစ်ဝစ်ချ် အသင်းက အခွင့်အရေး ပိုရှိနေပါတယ်။ လိဒ်စ်က လက်ကျန် ပွဲစဉ် အဖြစ် ဆောက်သမ်တန်နဲ့ ကစားရဖို့ ရှိပြီး အစ်ဝစ်ချ် ကတော့ ကိုဗင်ထရီ၊ ဟက်ဒါဖီးလ်တောင်း တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ အစ်ဝစ်ချ် အနေနဲ့ ကိုဗင်ထရီနဲ့ တစ်ပွဲပဲ စောင့်ကြည့်ရဖို့ ရှိပြီး လိဂ်ဝမ်းဆီ တန်းဆင်းရဖို့ သေချာသလောက် ရှိနေတဲ့ ဟက်ဒါဖီးလ်တောင်းနဲ့ ပွဲကတော့ သိပ်မခက်ခဲနိုင်ပါဘူး။

လက်ရှိမှာ ပရီးမီးယားလိဂ် ဆီ တန်းတက်ခွင့် ပလေးအော့ဖ် ကစားဖို့ အတွက်တော့ လိဒ်စ်၊ အစ်ဝစ်ချ်တို့ အပြင် ဆောက်သမ်တန်၊ နော့ဝှစ်ချ်စီးတီး၊ ဝက်စ်ဘရွန်းနဲ့ ဟူးလ်စီးတီး တို့လည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်စတာစီးတီးနဲ့ အတူ ဒီအသင်း ၆ သင်းထဲက ဘယ်အသင်းတွေက လာမယ့်ရာသီ ပရီးမီးယားလိဂ် ကစားခွင့်ရမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်