နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မူဒရစ်ခ်ကို ရာသီကုန်အထိ အငှားချသွားမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ တောင်ပံ ကစားသမား မီခိုင်လို မူဒရစ်ခ်ကို ရာသီကုန်အထိ အငှားချသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်း ကိုတော့ Caught Offside ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီး ဘယ်အသင်းက ခေါ်ယူသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လ်တဲ့ မူဒရစ်ခ် ကတော့ ချဲလ်ဆီးမှာ ပုံမှန် ခြေစွမ်းပြသဖို့ ရုန်းကန်နေရသလို နည်းပြ အပြောင်းအလဲတွေ ကြားမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ယူကရိန်း လက်ရွေးစင် ကြယ်ပွင့် မူဒရစ်ခ် ကတော့ ယူကရိန်း နေမာလို့ တင်စား ခေါ်ဝေါ်ခြင်း ခံရပြီး အမှန်တကယ်လည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မူဒရစ်ခ်ဟာ ချဲလ်ဆီးကို မပြောင်းရွှေ့ခင်က အာဆင်နယ်ကို ရောက်ရှိဖို့လည်း အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးက လက်ဦးမှု ရယူပြီး ရှက်တာဒိုးနက်ကို ပေါင် ၈၉ သန်းနဲ့ အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မူဒရစ်ခ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ် တို့အပြင် ဘာစီလိုနာ ကလည်း အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဥရောပကလပ် များစွာရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ မူဒရစ်ခ်

ဒီရာသီမှာ ချဲလ်ဆီးက အားရစရာ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ထားပြီး နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့လည်း ကစားသမားတွေကို အလှည့်ကျ အသုံးပြုနေနိုင်တာ ဖြစ်ပါတယ်။ မူဒရစ်ခ် အနေနဲ့ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ပြည်တွင်း ရှုံးထွက်ပွဲစဉ်တွေမှာပဲ ပွဲထွက်နေရပြီး ပရီးမီးယားလိဂ် မှာတော့ အရန် အဖြစ်သာ ကစားနေရတာ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ ဘယ်တောင်ပံမှာ ဆန်ချိုက ခြေစွမ်းပိုင်း မဆိုးသလို မာရက်စ်ကာ အနေနဲ့ တစ်ခါတစ်ရံမှာ ညာတောင်ပံ ကစားသမား ပက်ဒရို နီတိုကို ဘယ်ခြမ်းမှာ အသုံးပြု နေတာကြောင့် မူဒရစ်ခ်က တတိယ ဦးစားပေး ဖြစ်နေခဲ့ရတာပါ။ ပိုဆိုးတာက မူဒရစ်ခ် အနေနဲ့ ယူရိုပါကွန့်ဖရင့်လိဂ်မှာသာ ခြေစွမ်းပြနိုင်တာ ဖြစ်လို့ လာမယ့် အပြောင်းအရွှေ့မှာ အငှားချခံရဖို့ များနေတာ ဖြစ်ပါတယ်။

တချို့သော သတင်းတွေ မှာတော့ ချဲလ်ဆီးက မူဒရစ်ခ်ကို အပြီးသတ် ရောင်းချချင်နေတယ်လို့ ဖော်ပြထားပြီး အစောပိုင်း မှာတော့ အရင် အငှားချသွားဖို့သာ ရှိနေတာ ဖြစ်ပါတယ်။ မူဒရစ်ခ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ် တို့အပြင် ဘာစီလိုနာ ကလည်း အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရှက်တာဒိုးနက်နဲ့ အတူ ကစားသမားဘဝကို စတင်ခဲ့တဲ့ မူဒရစ်ခ် ကတော့ ယူကရိန်း ကလပ်မှာ နှစ်ရာသီကျော်ကြာ ကစားပြီးတော့ ပွဲ ၄၀ မှာ ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁-၂၀၂၃ ဘောလုံးရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးတော့ ပွဲပေါင်း ၇၃ ပွဲ ကစားထားပေမယ့် ၁၀ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အကယ်၍ မူဒရစ်ခ် အနေနဲ့ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်ရဖို့ ဆက်လက် တိုက်ပွဲဝင်ချင်တယ် ဆိုရင်တော့ ကစားသမား ဘဝက ပိုပို မှေးမှိန်လာဖို့ များပြီး အသင်း ပြောင်းတာ ကသာ သူ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်