ဘရိုက်တန် – ချဲလ်ဆီး
ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ စနေနေ့ မနက်အစောပိုင်းမှာ တွေ့ဆုံ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ ပူပူနွေးနွေး ဘရိုက်တန်ကို ရှုံးထားတဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်မှာ လက်စားပြန်ချေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီနှစ်သင်းက တစ်ပတ် အတွင်းမှာပဲ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှာ ဖြစ်ပြီး အက်ဖ်အေဖလား မှာတော့ ဇင်ယော်တွေက ချဲလ်ဆီးကို ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရောက်ရှိနေတဲ့ ဘရိုက်တန်က ရလဒ်ပိုင်း မတည်ငြိမ် ဖြစ်နေပေမယ့် အသင်းကြီးတွေ ကိုတော့ ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အသင်း ဖြစ်လို့ ဒီပွဲကလည်း ချဲလ်ဆီး အတွက် လွယ်ကူဖို့တော့ မရှိပါဘူး။ ဘရိုက်တန်မှာ လျင်မြန်တဲ့ တောင်ပံတွေ ရှိနေပြီး တန်ပြန် တိုက်စစ်လည်း ကောင်းပါတယ်။
ချဲလ်ဆီး အစောပိုင်းမှာ ဟုတ်မလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ ခြေစွမ်း ကျဆင်းသွားပြီး နိုင်ပွဲထက် သရေပွဲနဲ့ ရှုံးပွဲတွေ များနေပါတယ်။ အဓိက ကတော့ နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ များပြားလှတဲ့ ကစားသမားတွေနဲ့ ဘယ်လို ပွဲထွက်ရမယ် ဆိုတာ ခေါင်းခြောက်နေပုံရပါတယ်။လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီးတော့ Top 4 ဝင်ခွင့် အတွက် မျှော်လင့်နေတာ ဖြစ်လို့ အမှားခံလို့ မရပါဘူး။ ချဲလ်ဆီးတို့ အက်ဖ်အေဖလား အရှုံးကို ပြန်လည် ချေဖျက်ပြဖို့ စိတ်အားထက်သန်နေမှာပါ။
နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီး မှာတော့ ဖိုဖာနာ၊ ဆလိုနီနာ၊ ဘာဒီယာရှီးလ်၊ ဖိုဖာနာ၊ လာဗီယာ၊ ဂီယူ၊ ဂျက်ဆန် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန်ဟက်ကီ၊ ဝက်ဘ်စတား၊ လမ့်ပ်တေး၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ မင်တာ့ရ်၊ ရတ်တာ၊ မီတိုမာ၊ ပီဒရို
ချဲလ်ဆီး – ဂျော်ဂျန်ဆန်၊ ဂျိမ်းစ်၊ အဒါရာဘိုင်အိုယို၊ ကိုးလ်ဝဲလ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ ဖာနန်ဒက်ဇ်၊ မာဒူခေး၊ ပါးလ်မား၊ ဆန်ချို၊ အန်ကွန်ကူ
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းကအကြိမ် ၂၀ တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၄ ကြိမ် နိုင်၊ ချဲလ်ဆီးက ၁၁ ကြိမ်နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးက ၃ ကြိမ်နိုင်ပြီး ဘရိုက်တန်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်း နောက်ဆုံး ၅ ကြိမ်မှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာဘရိုက်တန်နိုင်ရင်၂.၇၁ဆ၊ချဲလ်ဆီးနိုင်ရင်၂.၂၅ဆ၊သရေဆိုရင်တော့၃.၄၇ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့ ချဲလ်ဆီးက သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ချဲလ်ဆီး အတွက် ထပ်ပြီး ခက်ခဲဦးမယ့် ပွဲစဉ် ဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ များပြီး သရေကျသွားနိုင်တဲ့ ပွဲပါ။ ၃ ဆခွဲလောက် ရနိုင်မယ့် သရေရလဒ်နဲ့ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၂ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.