နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ်နဲ့ စာချုပ်သစ်ချုပ်ထားပေမယ့် ဥရောပထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရဆဲ ဖြစ်တဲ့ ကူညာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကတော့ ဘရာဇီးလ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုခဲ့သည့် တိုင်အောင် ကူညာကို ဥရောပ ထိပ်တန်း ကလပ် များစွာက စာချုပ် လျော်ကြေးပေးကာ ခေါ်ယူလိုနေကြောင်း သတင်းတွေ ဖော်ပြပါတယ်။

အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးက ဝုဗ်နဲ့ သက်တမ်းတိုး စာချုပ်သစ်မှာ ပေါင် ၆၂ သန်းတန် လျော်ကြေး စာချုပ်ကို ထည့်သွင်းချုပ်ဆိုခဲ့ပြီး အဲဒီ စာချုပ်ဟာ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှ စတင် အသက်ဝင်မှာလည်း ဖြစ်သည်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး၊ အက်စတွန်ဗီလာ၊ ဖောရက်စ်တို့ အပြင် အက်တလက်တီကို ကလည်း ကူညာကို အဲဒီ လျော်ကြေး ပမာဏနဲ့ ခေါ်ယူဖို့ အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး၊ အက်စတွန်ဗီလာ၊ ဖောရက်စ်တို့ အပြင် အက်တလက်တီကို ကလည်း ကူညာကို အဲဒီ လျော်ကြေး ပမာဏနဲ့ ခေါ်ယူဖို့ အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်းယူထားတဲ့ ကူညာ

နော့တင်ဟမ်ဖောရက်စ် ဆိုရင် ကူညာကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက်ပေးကာ ခေါ်ယူမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အာဆင်နယ် ကလည်း ကူညာကို စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သေးပေမယ့် အပြောင်းအရွှေ့တော့ မဖြစ်ခဲ့ပါဘူး။ အစောပိုင်း ကတည်းက ကူညာဟာ ဝုဗ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အသင်းက ရလဒ်တွေ ဆိုးရွားနေချိန်မှာတော့ ကူညာရဲ့ အပြုအမူ တချို့က နည်းပြ ပါရဲရားကို မျက်စိ စပါးမွှေးဆူးစေခဲ့ပြီး ဆုံးဖြတ်ချက် ပြင်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ဝုဗ်က ကူညာကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီး အလွယ်တကူ လက်မလွှတ်ရရေး အတွက် စာချုပ်ဖျက်သိမ်းကြေးပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကူညာ ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ဝုဗ်ကို ကနဦး အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးမှ အပြီးသတ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ ကွန်ဟာကို အငှားစာချုပ် ပြည့်ချိန် မှာတော့ အက်တလက်တီကိုမက်ဒရစ် ကနေ ပေါင် ၄၄ သန်း (ယူရို သန်း ၅၀) နဲ့ အပြီးသတ် ခေါ်ယူခဲ့တာပါ။ ဒီကစားသမားဟာ ဝုပ်ကို ရောက်ရှိချိန်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ၂၀၂၃/၂၀၂၄ ဘောလုံးရာသီ မှာတော့ ဝုဗ် အတွက် ၁၄ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်ဟာက ပြီးခဲ့တဲ့ ရာသီက ဝုဗ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းကာ ဖန်တီးမှုလည်း ၈ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဝုဗ်ဟာ ကွန်ဟာကို အငှားစာချုပ် ပြည့်ချိန် မှာတော့ အက်တလက်တီကိုမက်ဒရစ် ကနေ ပေါင် ၄၄ သန်း (ယူရို သန်း ၅၀) နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကူညာဟာ လက်ရှိ ရာသီ မှာလည်း ဝုဗ် အတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်