နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ်မှာ ယူနိုက်တက်တို့ အာဆင်နယ်ရဲ့ အပေါ်မှာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဟာမန်း | ပရီးမီးယားလိဂ်

၂၀၂၄/၂၅ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကတော့ သိပ်မကြာခင်မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ ခြေစမ်းပွဲတွေတောင် စတင် ကစားနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရာသီသစ်မှာ ဘယ်အသင်းတွေ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်မယ်၊ ဘယ်အသင်းတွေ ကတော့ ဘယ်အဆင့်မှာ ရပ်တည်နိုင်မယ် ဆိုတဲ့ ကြိုတင် ခန့်မှန်းတွက်ဆမှုတွေ ကလည်း ထွက်ပေါ်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဂျာမနီနဲ့ လစ်ဗာပူးလ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဒီဒီ ဟာမန်း ကတော့ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်နဲ့ လီဗာပူးလ် တိုရဲ့ အထက် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို ကြိုတင် ဟောကိန်းထုတ် ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၈ မှတ် အထိ ကွာဟခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ဆိုရင်လည်း ရမှတ် စုစုပေါင်း ၃၁ မှတ် အထိ ကွာဟခဲ့တာပါ။ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ ယူနိုက်တက်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း ရာထူး ကနေ ထုတ်ပယ်ဖို့ အထိ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က တန်ဟက်ဂ်ကို စာချုပ်သစ်သာချုပ်ဆိုခဲ့ပြီး အသင်း အတွင်း ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ လီနီ ယိုနို တို့ နှစ်ဦးပေါင်း အတွက် ယူရို သန်း ၁၀၀ ကျော် သုံးစွဲထားသလို တခြားသော အပြောင်းအရွှေ့တွေကို ဆက်လက် လုပ်ဆောင်ဖို့လည်း ရှိနေတာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ ပူးတွဲ ပိုင်ရှင်သစ် INEOS လက်အောက်မှာ ယခင် နှစ်တွေကထက် ပိုပြီး စနစ်ကျတဲ့ ပုံစံ တစ်ခုနဲ့ မြင်တွေ့လာရတာကြောင့် ပရိသတ်တွေ ကလည်း ရာသီသစ်မှာ အောင်မြင်မှု ရမယ်လို့ မျှော်လင့်လာကြပါတယ်။ ဒီလို အခြေအနေတွေ ပေါ်မူတည်ပြီး ဟာမန်းက ဒီရာသီ ယူနိုက်တက်က ပရီးမီးယားလိဂ် မှာ အခြေအနေကောင်းတွေ ပိုင်ဆိုင်လိမ့်မယ်လို့ ယူဆခဲ့တာ ဖြစ်ပြီး အခုလိုပဲ သူ့ရဲ့ အမြင်ကို သုံးသပ်လာခဲ့ပါတယ်။

ဟာမန်းက “မန်စီးတီးက သူတို့ အမြဲတမ်း ရပ်တည်နေတဲ့ နေရာမှာ ဆက်ပြီး မမြင်တွေ့ရဖို ဆိုတာက ခက်ခဲလွန်းပါတယ်။ နောက်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော် ကတော့ မသေချာဘူး လို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သူတိုက သူတိုရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ပါ။ ဒါကြောင့် မန်စီးတီး ပြီးရင်တော့ အဆင့် ၂ နေရာမှာ ယူနိုက်တက် ရှိနေမယ်လို ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟာမန်းက “ယူနိုက်တက်က အခု သူတို့ ချိတ်ဆက်နေတဲ့ ကစားသမားတွေပါ ထပ်ခေါ်နိုင်မယ် ဆိုရင် အဆင့် ၂ နေရာမှာ ရှိဖို့ များပါတယ်။ ပြီးရင်တော့ အာဆင်နယ်က အဆင့် ၃ လစ်ဗာပူးလ် ကတော့ အဆင့် ၄ မှာ ရှိပါမယ်။ ယူနိုက်တက်က ဒီရာသီမှာ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ ကိုဘီ မိန်းနူးက ယူနိုက်တက် အတွက် ပိုပြီး အားထားရတဲ့ ကစားသမား ဖြစ်လာနိုင်သလို သူက ရာသီသစ်မှာလည်း အရေးအပါဆုံး ကစားသမားပါ ဖြစ်လာနိုင်ပါတယ်။” လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်