နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်တိုနီနဲ့ ဖရက်ဒ်ကို ချီးကျူးခဲ့တဲ့ အဲရစ်ခ် တန်ဟက်ဂ်၊ ကက်စ်မဲရိုးကို အထူးတလည် ချီးကျူးသွားခဲ့တဲ့ ပေါလ်စခိုး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အန်တိုနီနဲ့ ဖရက်ဒ်ကို ချီးကျူးခဲ့တဲ့ အဲရစ်ခ် တန်ဟက်ဂ်၊ ကက်စ်မဲရိုးကို အထူးတလည် ချီးကျူးသွားခဲ့တဲ့ ပေါလ်စခိုး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်တိုနီနဲ့ ဖရက်ဒ်ကို ချီးကျူးခဲ့တဲ့ အဲရစ်ခ် တန်ဟက်ဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူရိုပါလိဂ်မှာ ဘာစီလိုနာကို အနိုင်ရပြီးနောက် အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ အန်တိုနီနဲ့ ဖရက်ဒ်ကို ချီးကျူးသွားခဲ့ပါတယ်။ ဖရက်ဒ် ကတော့ ဒုတိယပိုင်း စစချင်းမှာပဲ အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ကာ အန်တိုနီ ကတော့ အဖိုးတန် အနိုင်ဂိုးကို ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ 

“ လာလီဂါရဲ့ ထိပ်တန်း အသင်း တသင်းနဲ့ ရင်ဆိုင်ရတဲ့ ကြီးကျယ် ခမ်းနားတဲ့ ညတညပါပဲ၊ ဒီလို ရလဒ်နဲ့ ကျနော့် အသင်းကို ယုံကြည်မှု တည်ဆောက်ချင်တာပါ၊ အန်တိုနီက ဒီလိုလုပ်နိုင်မယ် ဆိုတာကို ကျနော် သိတယ်၊ သူက ရဲရင့်ပြီး အကြောက်တရား မရှိဘူး၊ ဒုတိယပိုင်းမှာ သူ့ကို ထည့်သွင်းခဲ့တာက အဲဒါတွေ လိုအပ်လို့ပါ၊ သူ့ရဲ့ Dribbleနဲ့ သူ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ သူက အဲဒီ အတွက် ဝင်ရောက်လာခဲ့တာပါ”

“ ဖရက်ဒ်က အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုမှာ ရှိခဲ့ပါတယ်၊ သူက ဖရန်ကီ ဒီယောင်ကို ရပ်တန့်ဖို့ တာဝန်ယူခဲ့ရတာ ဖြစ်ပြီး ခြင်တကောင် လိုမျိုးကို သူ စွမ်းဆောင်နိုင်ခဲ့ပြီး ဒီယောင် ဘေးနားမှာ အမြဲတမ်း ရှိနေခဲ့ပါတယ်၊ ပထမအကျော့တုန်း ကလည်း သူ လုပ်ပြသွားတာက ကြီးကျယ် ခမ်းနားပြီး ဒီည မှာလည်း သူ သွင်းဂိုး တစ်ဂိုးပါ ရခဲ့ပါတယ်၊ အရမ်းကို ပြောင်မြောက်ပါတယ်” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
ဝူဗာဟမ်တမ်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 2.50 @ 2.26
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရန်ပွဲ ကိုတောင် ဘေးရှောင်နေခဲ့ပြီ ဖြစ်တဲ့ ကက်စ်မဲရိုး

မန်ချက်စတာယူနိုက်တက်-ဘာစီလိုနာ တို့ရဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်ရဲ့ ဒုတိယပိုင်း မှာတော့ နှစ်ဖက်အသင်းသားတွေ အကြားမှာ မကြာခဏ ဆိုသလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ပထမတကြိမ် ဒီဂျောင်လဲကျသွားချိန်မှာ ဘရူနို ဖာနန်ဒက်စ်က ဘောလုံးကို ပိတ်ကန်ရာမှာ ဒီယောင်ကို ထိမှန်ခဲ့လို့ ဘာစီလိုနာ အသင်းသားတွေက တမင်သက်သက် သက်ကန်တယ်လို့ ယူဆကာ ဖာနန်ဒက်စ်ကို ဝိုင်းဝန်း ရန်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ဒါကြောင့် ယူနိုက်တက်ကစားသမားတွေ ကလည်း ဖာနန်ဒက်စ်ကို ရန်မပြုနိုင်အောင် ကြားဝင် ဟန့်တားပေးခဲ့ရပါတယ်။ ဒီအချိန်မှာတော့ ထူးထူးခြားခြား ဆိုသလိုပါပဲ၊ ကွင်းလယ်လူကြမ်းကြီး တစ်ဦး ဖြစ်တဲ့ ကက်စ်မဲရိုး ကတော့ ရန်ပွဲက သူနဲ့ မဆိုင်သလိုဘဲ ဘေးနားမှာ ရှိနေခဲ့ကာ လုံး၀ ပါဝင် ပတ်သက်ခြင်း မရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပရိသတ်တွေ ကတော့ ကက်စ်မဲရိုးရဲ့ အဖြစ်အပျက်ကို ရယ်မောခဲ့ကြပြီး စနောက်နေကြပါတယ်။ ကက်စ်မဲရိုးဟာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ခဲ့စဉ်က အခုလိုပဲ နှစ်ဖက် အသင်းကြား ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာ ပွဲထဲ ဝင်ပါခဲ့ပြီး ပြိုင်ဘက် ကစားသမားကို လည်ပင်းညှစ်လို့ ဆိုကာ အနီကတ် ပြသခံခဲ့ရဖူးပြီး အခုမှသာ ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ 


ကက်စ်မဲရိုးကို အထူးတလည် ချီးကျူးသွားခဲ့တဲ့ ပေါလ်စခိုး

အသက် ၃၁ နှစ် အရွယ် ကက်စ်မဲရိုးဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ ကွင်းလယ် ခံစစ် နေရာမှာ ဘာစီလိုနာ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက် ဟန့်တားပြီး အသင်း ခံစစ်ပိုင်းကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ကက်စ်မဲရိုးကို အထူးတလည် ချီးကျူးသွားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုး

ဘာစီလိုနာကို မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိခဲ့တဲ့ ပွဲက ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ ခြေစွမ်းကို ဘောလုံး ဝေဖန်သုံးသပ်သူ ပေါလ်စခိုးက ချီးကျူးလိုက်ပါတယ်။ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းလည်း ဖြစ်တဲ့ ပေါလ်စခိုးက ကက်စ်မဲရိုးကို သူ့ရဲ့ အသင်းဖော်ဟောင်း ရွိုင်ကိန်းနဲ့ပါ ခိုင်းနှိုင်း ချီးကျူးသွားခဲ့တာပါ။ 

အသက် ၃၁ နှစ် အရွယ် ကက်စ်မဲရိုးဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ ကွင်းလယ် ခံစစ် နေရာမှာ ဘာစီလိုနာ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက် ဟန့်တားပြီး အသင်း ခံစစ်ပိုင်းကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ သူ ပါဝင် ကစားပေးတိုင်းမှာ ယူနိုက်တက် ကစားပုံက အားရစရာကောင်းသလို ခံစစ်ပိုင်း ကလည်း တော်ရုံတန်ရုံ အသင်းမျိုးနဲ့ဆို လှည့်ကြည်စရာ မလိုအောင် စိတ်ချနေခဲ့ရပါတယ်။ 

ပေါလ်စခိုးက “ သူက ဘောလုံးကွင်းထဲက နည်းပြ တစ်ဦး လိုပါပဲ။ သူ အသင်းကို ရောက်လာပြီး ကတည်းက ကွဲပြားခြားနားမှုတွေကို မြင်တွေ့ခဲ့ရပြီး သူ ဘာတွေလုပ်ပြနေလဲ ဆိုတာလည်း တွေ့မှာပါ၊ သူက အတွေ့အကြုံ ရင့်ကျက်ပြီး တကယ်ကို ဘောလုံးပေးပို့မှု ကောင်းတဲ့လူလည်း ဖြစ်ပါတယ်၊ သူက ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ကွင်းလယ်လူ ဖြစ်ပြီး သူ့ရဲ့ ခံစစ်ကစားပုံ၊ ပွဲကို ထိန်းချုပ်နိုင်ပုံတွေက ရွိုင်ကိန်းနဲ့ နီးစပ်ပါတယ်၊ အရမ်းကောင်းတဲ့ ကစားသမားပါ” လို့ ချီးကျူးခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်