နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ရုန်းကန်နေရတာက ကစားသမားဟောင်းတွေနဲ့ ဖာဂူဆန်ကြောင့်လို့ ပြောလိုက်တဲ့ အီဗရာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ရုန်းကန်နေရတာက ကစားသမားဟောင်းတွေနဲ့ ဂန္တဝင် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် တို့ကြောင့် ဖြစ်ကြောင်း နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ပြောကြားလာခဲ့ပါတယ်။ ပက်ထရစ် အီဗရာဟာ ယူနိုက်တက်ရဲ့ နာမည်ကျော် နောက်ခံလူဟောင်း တစ်ဦး ဖြစ်ပြီး ကစားသမားဘဝ ကနေ အနားယူသွားချိန် မှာတောင် သူ့ရဲ့ အသင်းဟောင်းကို အမြဲတမ်းလိုလို ထောက်ခံ အားပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပြင်သစ် နောက်ခံလူဟောင်း အီဗရာဟာ ယူနိုက်တက်မှာ ၂၀၀၆ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ ၈ နှစ် ကျော်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အီဗရာက ပရီးမီးယားလိဂ် ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် အပါအဝင် ဆုဖလား (၁၄) လုံး အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၂/၁၃ ဘောလုံး ရာသီအကုန်မှာ နည်းပြ ဘဝ ကနေ အနားယူခဲ့ပြီးတော့ အီဗရာ မှာလည်း ယူနိုက်တက်မှာ တစ်ရာသီသာ ဆက်လက် ကစားခဲ့ပြီး ၂၀၁၄ နွေရာသီ မှာတော့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဒါ့အပြင် အဲဒီ အချိန်က ဖာဂူဆန်ရဲ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရာထူးကို ဆက်ခံခဲ့တဲ့ ဒေးဗစ် မွိုက်စ် ကလည်း တစ်ရာသီ အကြာမှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ယူနိုက်တက်မှာ နည်းပြ အပြောင်းအလဲတွေ တောက်လျောက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနောက်ပိုင်းက စပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို စိန်ခေါ်နိုင်ခြင်း မရှိတော့ပဲ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလား ရပြီးကတည်းက ပြိုပျက်ခဲ့ရတာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်က လက်ရှိ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ဒီရာသီ အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက် အနေနဲ့ အခုလို ရုန်းကန်နေရခြင်းမှာ ကစားသမားဟောင်းတွေနဲ့ ဖာဂူဆန် တို့ အပေါ်မှာ တာဝန်ရှိကြောင်း အီဗရာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အီဗရာက “အခုအချိန်မှာ ယူနိုက်တက် အကြောင်း ပြောဖို့ ခက်ခဲပါတယ်။ အရင်တုန်းက ကျွန်တော်ဟာ ပရိသတ်တွေ အတွက်၊ တံဆိပ်တွေ အတွက်၊ သမိုင်းအတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်တယ်။ ဖာဂူဆန်ကို အပြစ်တင်မိတယ်။ ကျွန်တော်တို့ အသင်း ကနေ ထွက်ခွာခဲ့တာ စောလွန်းခဲ့ပါတယ်။ အတုယူရမယ့်သူ မရှိဘဲ ကစားရတာ ကစားသမားတွေ အတွက် မလွယ်ပါဘူး။ တန်ဟက်ဂ်က အကောင်းဆုံး လုပ်နေပေမဲ့ မလုံလောက်ပါဘူး။ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလား ရပြီးကတည်းက ပြိုပျက်ခဲ့ရတာပါ။” လို့ ပြောကြားခဲ့ပါတယ်။ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကိုတော့ ပြန်လည် အနိုင်ရပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ည မှာတော့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် ၃ အဖြစ် တူရကီ ထိပ်သီး ဖီနာဘာချီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်