နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်နဲ့ ကာလရှည် စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ ဂေါ်ဒွန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ရဲ့ ပစ်မှတ် ကစားသမား အန်တိုနီ ဂေါ်ဒွန် ကတော့ နယူးကာဆယ်နဲ့ ကာလရှည် စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန် အနေနဲ့ နယူးကာဆယ်နဲ့ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ခြင်းအားဖြင့် အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေး ပေးမှုတွေကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ အစောပိုင်းမှာ စိန့်ဂျိမ်းစ်ပါ့ခ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေတာ ဖြစ်ပြီး အခြား အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂေါ်ဒွန်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လစ်ဗာပူးလ်က ထိပ်ဆုံးက ပါဝင်ခဲ့ပြီး ကစားသမား ကလည်း လစ်ဗာပူးလ်မှာ မွေးဖွားသူ ဖြစ်တာကြောင့် သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီ ဂေါ်ဒွန်က အက်ဒီဟောင်းဝ်ရဲ့ အသင်းမှာ အဓိကကျတဲ့ ကစားသမား ဖြစ်လာခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၇၄ ပွဲ ကစားရာမှာ ၁၅ ဂိုး သွင်းယူထားပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂေါ်ဒွန်က ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ်မှာ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန် အတွက် ပထမဦးဆုံး အကြိမ် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
လက်ရှိ မှာတော့ ဂေါ်ဒွန်က ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဂေါ်ဒွန်က “ဒီကလပ်က နေရာကောင်း တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ အခုမှပဲ သိရတာတွေ များလာပြီး ကျွန်တော်နဲ့ ကတိက၀တ်တွေက ပြီးပြည့်စုံတဲ့ ကစားဟန်နဲ့ လိုက်ဖက်ပါတယ်။ ကျွန်တော် ဒီမှာ ရှိနေရတာ သဘောကျပါတယ်။ ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်၊ ဒီမှာနေရတာ ကြိုက်ပါတယ်၊ အသင်းက ကျွန်တော့်နဲ့ အရမ်းကို လိုက်ဖက်ပါတယ်။ ဆုဖလား တစ်ခု ရယူဖို့ ကျွန်တော် ဒီကို ရောက်လာတာပါ။ ဇာတ်လမ်း အကျဉ်း ကတော့ ကျွန်တော်တို့ ဖလား တစ်လုံး ရဖို့ လိုအပ်တယ် ဆိုတာပါပဲ။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂေါ်ဒွန်က ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ်မှာ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
အဲဗာတန် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂေါ်ဒွန်

ဆက်လက်ပြီး ဂေါ်ဒွန်က “ဒီမှာ ဆုဖလားတွေ ဆွတ်ခူးဖို့ မယုံနိုင်စရာ ကောင်းလောက်အောင်ကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ နောက်ဆုံးမှာ ဒီအသင်းမှာ ပါဝင်ခွင့်ရတာက ကျွန်တော့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက် တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ “အန်တိုနီက ကလပ် အတွက် သူ့ရဲ့ အနာဂတ်ကို ကတိပေးခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ်။ သူက နယူးကာဆယ် ယူနိုက်တက်မှာ ရှိနေစဉ် အတွင်း ကစားသမား တစ်ယောက် အနေနဲ့ ကြီးပြင်းလာခဲ့ပြီးတော့ အကြီးကျယ်ဆုံး အဆင့်မှာ သူဘယ်လောက် အထိ ကောင်းတယ် ဆိုတာကို ဆက်လက် သက်သေပြနေပါတယ်။” လို့ မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်