နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွါဒီယိုလာနဲ့ တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ နည်းပြ ပပ် ဂွါဒီယိုလာနဲ့ တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီမှု မှာတော့ တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်လည်း ပါရှိကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက် ပရိသတ်တွေ အနေနဲ့ မန်စီးတီးနှင့် ပပ် ဂွါဒီယိုလာတို့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အပေါ် သဘောမကျပဲ အင်္ဂလိပ် ဘောလုံးလောကကို မန်စီးတီးတို့ ဆက်လက် လွှမ်းမိုးမယ့် အပေါ်လည်း စိုးရိမ်နေကြတယ်လို့ သိရသည်။ 

သတင်းတွေအရ ဆိုရင်တော့ ပပ် ဂွါဒီယိုလာ အနေနဲ့ မန်စီးတီး မှာ ၂၀၂၇ ခုနှစ်၊ ဇွန်လကုန် အထိ ရှိနေမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပပ် ဂွါဒီယိုလာ လက်ထက် ၈ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ဆုံး ၄ ကြိမ်ဆက် အပါအဝင် ၆ ကြိမ် အထိ ရယူထားနိုင်ပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ ကြိမ် ဆက် ရယူနိုင်ဖို့ အတွက် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးရဲ့ ပြိုင်ဘက် ပရိသတ်တွေ အနေနဲ့ မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့မှုကို စိတ်ပူနေကြောင်း မှတ်ချက်ပေး ရေးသားနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ပပ် ဂွါဒီယိုလာကို ရုပ်တု ထုလုပ်ပြီး ဂုဏ်ပြုဖို့ စီစဉ်နေခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ မန်စီးတီးဟာ သူတို့ အသင်း အတွက် အမြင့်ဆုံး အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ဂွါဒီယိုလာကို ပရိသတ်တွေ အမြဲတမ်း အမှတ်ရနေစေဖို့ အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်ထု ထုလုပ်ပေးသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ၇ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုက ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၄ နှစ် ဆက်တိုက် စံချိန်တင် ချန်ပီယံ ဖြစ်စေခဲ့သူပါ။
မန်စီးတီး အတွက် အဓိက ဆုဖလား အောင်မြင်မှု အားလုံး ရယူနိုင်ခဲ့တဲ့ ဂွါဒီယိုလာ

ဂွာဒီယိုလာဟာ ၇ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုက ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၄ နှစ် ဆက်တိုက် စံချိန်တင် ချန်ပီယံ ဖြစ်စေခဲ့သူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ ကလည်း မန်စီးတီးကို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် တို့မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက် စံချိန်တင်ထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လိုက်မှီစေခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်