ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာစီးတီးတိုက်စစ်မှူးအာလင်းဟာလန်းကတော့ပြီးခဲ့တဲ့ဇန်နဝါရီလကပဲအသင်းနဲ့၂၀၃၄ခုနှစ်အထိသက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။စာချုပ်အရဆိုရင်ဟာလန်းကမန်စီးတီးမှာနှစ်ပေါင်းများစွာဆက်ရှိနေဖို့များပေမယ့်ထွက်ပေါ်လာတဲ့စာချုပ်ပါအချက်အလက်တချို့အရတစ်ချိန်ချိန်မှာဟာလန်းအနေနဲ့မန်စီးတီးကိုစွန့်ခွာဖွယ်လည်းရှိနေပါတယ်။
အစောပိုင်းသတင်းတွေအရဆိုရင်ဟာလန်းကဥရောပထိပ်တန်းကလပ်၃သင်းကိုစိတ်တိုင်းကျပြောင်းရွှေ့ခွင့်ရှိထားတယ်လို့သိရပါတယ်။စာချုပ်ပါသဘောတူညီချက်မှာလာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာအပြင်လီဂူးဝမ်းကလပ်ပီအက်စ်ဂျီတို့ကကမ်းလှမ်းလာခဲ့ရင်ဟာလန်းအနေနဲ့အသင်းပြောင်းရွှေ့ဖို့စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင်အခုနောက်ဆုံးသိရတဲ့သတင်းတွေအရမန်စီးတီးအနေနဲ့ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ရင်လည်းဟာလန်းအနေနဲ့အသင်းကနေထွက်ခွာခွင့်ရရှိမယ့်အချက်လည်းပါဝင်နေတယ်လို့သိရသည်။
နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းကပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာပရီးမီးယားလိဂ်ထိပ်သီးမန်စီးတီးနဲ့၂၀၃၄ခုနှစ်အထိသက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒီစာချုပ်ကြောင့်ဟာလန်းကတစ်ပတ်လုပ်ခလစာပေါင်၅သိန်းအထိအထိတိုးမြှင့်ရရှိသွားမှာလည်းဖြစ်ပါတယ်။ဟာလန်းရဲ့စာချုပ်သစ်ကဘောလုံးသမိုင်းမှာသက်တမ်းအရှည်ကြာဆုံးစာချုပ်ဖြစ်သလိုအားကစားသမိုင်းမှာလည်းတန်ကြေးအမြင့်ဆုံးစာချုပ်တွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ထားပါတယ်။

အရင်ကဟာလန်းဟာတစ်ပတ်ကိုအခြေခံလုပ်ခလစာအဖြစ်ပေါင်၃၇၅၀၀၀ရရှိခဲ့ပြီးတခြားအပိုဆုကြေးတွေပါရင်တော့ပေါင်၈၅၀၀၀၀နဲ့အထက်ရရှိခဲ့တာပါ။စာချုပ်သစ်ချုပ်ဆိုအပြီးမှာတော့ဟာလန်းအနေနဲ့တစ်နှစ်လုပ်ခလစာအမေရိကန်ဒေါ်လာ၁၉ဒသမ၅သန်းရရှိမှာဖြစ်ပြီးကနဦး၅နှစ်အတွက်စာချုပ်တန်ဖိုးမှာအမေရိကန်ဒေါ်လာ၉၇ဒသမ၅သန်းရရှိနိုင်ပါတယ်။ဒါကြောင့်ဟာလန်းကစုစုပေါင်းတစ်နှစ်ကိုအမေရိကန်ဒေါ်လာ၂၅.၃သန်းရှိနိုင်ပြီးတော့စာချုပ်တန်ဖိုးကတော့စုစုပေါင်းအမေရိကန်ဒေါ်လာ၂၂၇.၇သန်းအထိရှိနိုင်ကြောင်းလည်းသိရပါတယ်။
မန်စီးတီးအနေနဲ့ဟာလန်းကိုနောက်ထပ်ဆယ်စုနှစ်တစ်ခုနီးပါးအကြာပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပေမယ့်လည်းအသင်းကချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ရင်တော့ဟာလန်းဆန္ဒရှိခဲ့ရင်အသင်းကနေလက်လွှတ်သွားရဖွယ်လည်းရှိနေတာဖြစ်ပါတယ်။မန်ချက်စတာစီးတီးကတော့ဒီရာသီမှာရုန်းကန်နေရပြီးတော့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်၂၄ပွဲကစားအပြီးမှာတော့မန်စီးတီးကရမှတ်၄၁မှတ်ရရှိထားကာအဆင့်၄နေရာကချဲလ်ဆီးနဲ့၂မှတ်ကွာဟနေပါတယ်။
Optaရဲ့စူပါကွန်ပျူတာခန့်မှန်းချက်အရတော့မန်စီးတီးကပရီးမီးယားလိဂ်ရာသီသိမ်းချိန်မှာအမှတ်ပေးဇယားအဆင့်၃နေရာမှာရပ်တည်နိုင်ဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.