နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်နာစီယိုကို အပြိုင်ကြိုးပမ်းကြမယ့် လစ်ဗာပူးလ်နဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ ကတော့ စပို့တင်းလစ္စဘွန်း ဗဟိုနောက်ခံလူ အင်နာစီယိုကို အပြိုင်အဆိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် နှစ်ခုစလုံးဟာ သူတို့ အသင်းရဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ နွေဈေးကွက်မှာ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တစ်ဦးကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဗဟိုနောက်ခံလူ ဂွန်ဆာလို အင်နာစီယိုဟာ စပိုတင်းလစ္စဘွန်း အကယ်ဒမီထွက် အရည်အသွေးမြင့် ဗဟို နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။ ဒီကစားသမားဟာ ဒီနှစ် ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်း အတွက် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင် ကစားပေးပြီး ၄ ဂိုး သွင်းထားသူပါ။

နာမည်ကျော် သတင်းထောက် ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ဆိုရင် ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ဟာ အင်နာစီယိုကို ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ထက် စာရင် မန်ချက်စတာယူနိုက်တက်ဟာ ခံစစ်ပိုင်း အင်အားဖြည့်တင်းဖို့ ပိုမို လိုအပ်နေတာ ဖြစ်ပြီး လာမယ့် နွေရာသီဈေးကွက် အတွင်းမှာ ဗဟို ခံစစ်မှူး တစ်ဦးထက် ပိုမို ခေါ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ သူတိုရဲ့ အဓိက ဗဟိုနောက်ခံ လူတစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဗာရန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးမြင့် ဗဟိုနောက်ခံလူ တစ်ဦးကို လာမယ့် နွေရာသီမှာ မဖြစ်မနေ ခေါ်ယူဖို လိုအပ်နေပြီး လက်ရှိမှာ အသင်းရဲ့ ကင်းထောက်တွေက သူတို့ အသင်းနဲ့ ကိုက်ညီမယ့် နောက်ခံလူတွေကို လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက် နောက်တန်းမှာ အီဗန့်စ် ကလည်း အသက်အရွယ် ကြီးနေပြီ ဖြစ်သလို လင်ဒီလော့ဖ် ကလည်း အသင်း ကလည်း ထွက်ခွာဖွယ် ရှိနေတာပါ။ ဒါ့အပြင် လီဆန်ဒရို မာတီနက်ဇ် ကလည်း မကြာခဏ ဆိုသလို ဒဏ်ရာရနေတာကြောင့် ခံစစ် ပြသနာဟာ ယူနိုက်တက် အတွက် တော်တော်လေးကို ခေါင်းကိုက်နေရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကမ်ဘွယ်လားလို လူငယ် ခံစစ် ကြယ်ပွင့်မျိုး ရှိပေမယ့် ရေရှည် အတွက် စိတ်ချရတဲ့ အရည်အသွေးမြင့် ခံစစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လစ်ဗာပူးလ်ဟာ နည်းပြ အပြောင်းအလဲကြောင့် ခေတ်သစ် တခုကို စတင် ဖြတ်သန်းရတော့မှာ ဖြစ်ပြီး လစ်ဗာပူးလ်က ဗာဂျယ် ဗန်ဒိုက်နဲ့ ကိုနာတေး လို အရည်အသွေးမြင့် ဗဟို ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဝါရင့်နောက်ခံလူ မာတစ်ကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုထားရတာကြောင့် ဗဟို နောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အင်နာစီယို ကလည်း မြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူချင်တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ စပိုတင်းလစ္စဘွန်းကို စွန့်ခွာဖို စဉ်းစားထားပြီး အင်နာစီယိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၆၀ တန်ကြေး ရှိနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်