နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ်ဘီယာဆို အတွက် သဘောတူညီမှု ရဖို့ နီးစပ်နေပြီး ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ရှိနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ခေါ်ယူမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးက ဗဟိုခံစစ်နဲ့ အထောင် တိုက်စစ် နေရာ အတွက် ကစားသမား နှစ်ဦး ခေါ်ယူပြီး ဖြစ်သလို အခြားသော လိုအပ်နေတဲ့ နေရာတွေ အတွက်လည်း အင်အားဖြည့်တင်းသွားဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ မန်စီးတီးက အသင်း ကနေ ထွက်ခွာတော့မယ့် ကိုင်လ် ဝေါလ်ကာ နေရာ အတွက် အန်ဒရီယာ ကမ်ဘီယာ ဆိုကို ခေါ်ယူဖို ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် ဘယ်နောက်ခံလူ ကမ်ဘီယာဆို ကတော့ အသက် ၂၄ နှစ် အရွယ်သာ ရှိနေသေးပြီးတော့ ဘယ်နောက်ခံ နေရာမှာ သာမက ဘယ်တောင်ပံ၊ ညာနောက်ခံ၊ ညာတောင်ပံ၊ ကွင်းလယ် တောင်ပံ စတဲ့ နေရာ အစုံမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဂျီနိုအာ လူငယ် အကယ်ဒမီထွက် အီတလီသားက ၂၀၂၂ ခုနှစ် ကတည်းက ဂျူဗင်တပ်စ်ဆီ ရောက်ရှိခဲ့ပြီးတော့ ဘိုလော့ဂ်နာမှာ တစ်ရာသီ အငှားနဲ့ ကစားပြီးမှ ဂျူဗင်တပ်စ် စီနီယာ အသင်းကြီး အတွက် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံနဲ့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ မန်စီးတီဟာ လက်ရှိ ဘောလုံး ရာသီ မှာတော့ ရုန်းကန်နေရပါတယ်။
ကမ်ဘီယာဆိုနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားတဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီး ကတော့ ကမ်ဘီယာဆို အတွက် ယူရို သန်း ၆၅ ဝန်းကျင် အသုံးပြုသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က ကမ်ဘီယာဆိုရဲ့ အပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ရော အသင်း နဲ့ပါ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမားနဲ့ ဆွေးနွေးမှုတွေ အဆင်ပြေနေတာကြောင့် ဂျူဗင်တပ်စ်နဲ့ပဲ အဓိက ညှိနှိုင်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံနဲ့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ မန်စီးတီဟာ လက်ရှိ ဘောလုံး ရာသီ မှာတော့ ရုန်းကန်နေရပါတယ်။ ရိုဒရီ အပါအဝင် အသင်းရဲ့ အဓိက ကစားသမား တချို့ မကြာခဏ ဒဏ်ရာရရှိနေတာက အဓိက အားနည်းချက် ဖြစ်နေတာကြောင့် ဂွါဒီယိုလာက အသင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ နွေရာသီက ဆာဗင်ဟို တစ်ဦးတည်းကို ခေါ်ယူခဲ့မိလို့လည်း နောင်တရကြောင်း ပြောကြားထားပါသေးတယ်။

မန်စီးတီးက လက်ရှိ ဆောင်းရာသီ ဈေးကွက် စတင် ဖွင့်လှစ်ချိန် ကတည်းက ကစားသမား ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး ခံစစ်ပိုင်း အတွက် ဥဇဘက်ကစ္စတန် ကစားသမားလေး အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်နဲ့ ဘရာဇီးလ် ဗဟိုခံစစ် ကြယ်ပွင့် ဗစ်တာ ရီးစ် တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်း အတွက်လည်း ဖရန့်ဖတ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ် ကိုပါ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးက ကစားသမားသစ် ၃ ဦးကို ခေါ်ယူထားနိုင်ခဲ့ပြီး ညာနောက်ခံလူ နေရာ အတွက် ကမ်ဘီယာဆိုကို ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကိုင်လ် ဝေါလ်ကာ ကတော့ ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကို စွန့်ခွာဖို့ များနေသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်