နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မားရက်ဇ်၊ ဒီဘရိုင်းနား တို့ရဲ့ ဂိုးတွေနဲ့ အမှားအယွင်း မရှိ အနိုင်ရခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂ – ၀ ဘရန့်ဖို့ဒ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ မှာတော့ မန်ချက်စတာစီးတီးတို့ ဘရန့်ဖို့ဒ်ကို သက်တောင့်သက်သာ ကစားပြီး နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ ဒုတိယ နေရာက လစ်ဗာပူးလ်ကို ၁၂ မှတ် အထိ ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဆောင်းရာသီ အားလပ်ရက် မတိုင်ခင် ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ထားခဲ့ရတဲ့ မန်ချက်စတာစီးတီးတို့ ဒီနေ့ပွဲမှာတော့ လူစာရင်း အပြည့်အစုံနဲ့ ပြန်လည် ပွဲထွက်လာခဲ့ပြီး ၃ မှတ် အပြည့်ယူဖို့ အားစိုက်လာခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကလည်း ပထမအကျော့တုန်းကလို မန်ချက်စတာစီးတီးကို ဒုက္ခပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပြီး ခံစစ် အသားပေး ၃-၅-၂ ကစားကွက်နဲ့ ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှာ ပုံမှန် ပွဲထွက်နေကျ မာရက်ဇ် ပြန်လည် ပါဝင်လာခဲ့ပြီး စတာလင်၊ ဖိုဒန်၊ ကွင်းလယ် မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ခံစစ်နဲ့ ဂိုး မှာတော့ ကန်ဆယ်လို၊ လာပေါ့တ်၊ ဒီးရာ့ဇ်၊ စတုန်းစ်နဲ့ အီဒါဆင် တို့ပွဲထွက်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ဘက်မှာတော့ တိုက်စစ်က တိုနေး အပါအဝင် ဖိုဆု၊ ဂျော်ဂျန်ဆန်၊ ဂျန်လတ်တို့ လွဲချော်ခဲ့ပြီး ကေးနော့စ်၊ နော့ဂတ်၊ ဟင်နရီ၊ အယား၊ ဂျန်ဆန်တို့ ပါဝင်ခဲ့ပါတယ်။ အားလုံး မျှော်လင့်နေတဲ့ ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ အရန် လူစာရင်း မှာတောင် ပါဝင်လာခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်

ဘောလုံး ပိုင်ဆိုင်မှု အသားပေး ကစားတတ်တဲ့ မန်စီးတီး တို့ပဲ တစ်ပွဲလုံးကို လွှမ်းမိုး ကစားသွားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် ဂိုးပေါက်ကို ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာထဲက စတာလင်၊ လာပေါ့တ်၊ ကန်ဆယ်လိုရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့လို့ ဘရန့်ဖို့ဒ်တို့ ကံကောင်းနေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၈ မိနစ်လောက်မှာ စတာလင်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကို ဘရန့်ဖို့ဒ် နောက်ခံလူတွေ ဂိုးဧရိယာ ထဲမှာ ဥပဒေပြင်ပ တားဆီးမိခဲ့လို့ အိမ်ရှင်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ တိုက်စစ်မှူး မားရက်ဇ်က ဂိုးသမားရဲ့ ညာဘက် အပေါ်ထောင့်ထဲကို ကန်သွင်းသွားခဲ့လို့ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက် ကန်ချက် အသာနဲ့ ပြိုင်ဘက်ကို ဦးဆောင် ကစားနေခဲ့ပြီး ဘရန့်ဖို့ဒ် ကတော့ မန်စီးတီးရဲ့ တိုက်စစ် တွဲလုံးတွေကို တားဆီးနိုင်ဖို့ ကြိုးစားနေရတာ နဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၆၉ မိနစ် မှာ ဘရန့်ဖို့ဒ် ဂိုးသမား ရာယာရဲ့ အမှားကနေ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ လူပေးမှားမှု ကနေ စတာလင် ရရှိပြီး ကန်သွင်းတာကို ရာယာ ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို အသင့်စောင့်နေတဲ့ ဒီဘရိုင်းနား ကန်သွင်းရာ မှာတော့ ဘယ်လိုမှ မတတ်နိုင်တော့လို့ အိမ်ရှင် အသင်းပဲ နောက်ထပ် သွင်းဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်တဲ့ နောက်မှာတော့ ဂွာဒီယိုလာ အနေနဲ့ ဖိုဒန် အစား ဂွန်ဒိုအမ် ထည့်ပြီး ကွင်းလယ်ပိုင်းကို ထိန်းချုပ် ကစားသွားခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရ အထွေအထူး သုံးသပ်စရာ မရှိပါဘူး။ လက်ရှိ ချန်ပီယံ မန်စီးတီးတို့ အမှားအယွင်း မရှိ အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နောက်ထပ် ခြေတစ်လှမ်း တက်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ပထမအကျော့တုန်း ကလိုတောင် မန်စီးတီးကို ခံကစားနိုင်ခဲ့ခြင်း မရှိပဲ အဓိက ကစားသမားတချို့ ဒဏ်ရာ ရနေခြင်းက အသင်း အတွက် အားနည်းချက် ဖြစ်ခဲ့ရတယ် ထင်ပါတယ်။ မန်ချက်စတာစီးတီး အတွက် နောက်ဆုံး ၇ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ မားရက်ဇ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၇ ဂိုး အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးတို့ လက်ရှိမှာ အမှတ်ပေးဇယား ဒုတိယနေရာက လစ်ဗာပူးလ်ထက် ၂ ပွဲ ပိုကစားထားပေမယ့် ၁၂ မှတ် ဖြတ်ပြီး ပြန်လည် ဦးဆောင်ထားနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 လက်စတာ စီးတီး @ 2.79
ဝက်စ်ဟမ်း ယူနိုက်တက် ဗီလာ အာရှ ဟန်းဒီးကပ် -0.25 @ 2.11
ဂိုးပေါ် 2.75 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီး တို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နော့ဝှစ်ချ်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကို ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘရန့်ဖို့ဒ် ကတော့ ၁၂ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်